Thursday, April 03, 2014

ကျန်စစ်သား တိုက်ရေယဉ် တာဝန်စတင်

Thursday, April 03, 2014
ရေဒါနဲ့ ဖမ်းယူလို့ခက်ခဲတဲ့နည်းပညာတွေ တပ်ဆင်ထား တဲ့ မြန်မာ့ရေတပ်မတော်ရဲ့ ပထမဆုံး အဆင့်မြင့် တိုက်သင်္ဘော တစင်းကို မတ်လ ၃၁ ရက်နေ့က တာဝန် အပ်နှင်းခဲ့ကြောင်း ဂျိန်းကာကွယ်ရေး အပတ်စဉ်ဂျာနယ် က ဖေါ်ပြလိုက်ပါတယ်။

မနေ့က ရက်စွဲနဲ့ရရှိတဲ့ သတင်းမှာ ပဲ့ထိမ်းဒုံးကျည်တပ် အဲဒီတိုက်သင်္ဘောကို ကျန်စစ်သားလို့ အမည်ပေး ထားကြောင်း၊ သံလျှင်ရေတပ်စခန်းမှာ ကျင်းပတဲ့ တာဝန်အပ်နှင်းပွဲ အခမ်းအနားကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဗိုလ်ချုပ်ကြီး သူရသက်ဆွေတို့ တက်ရောက် ခဲ့ကြောင်း၊ အဲဒီအရင် ၂ ရက်ကလည်း ဆင်ဖြူ့ရှင်လို့ အမည် ပေးထားတဲ့ တိုက်သင်္ဘောတစင်းကိုရေချ ခဲ့ကြောင်း၊ ထူးခြားချက်ကတော့ အခုတိုက်သင်္ဘော ဟာ မြန်မာ့ရေတပ်မှာ အရင်ကရှိပြီးဖြစ်တဲ့ တရုပ်နိုင်ငံ လုပ် တိုက်သင်္ဘော ၂ စင်းအပါအဝင် တခြားတိုက် သင်္ဘောတွေနဲ့ မတူပဲ ရေဒါဖမ်းယူလို့ခက်ခဲတဲ့ အီလက်ထရွှန်းနစ် နည်းပညာတပ်ဆင်ထားခြင်းဖြစ်ကြောင်းနဲ့ အခုလို အဆင့်မြင့် တိုက်သင်္ဘော တည်ဆောက်နိုင်တာဟာ မြန်မာ့တပ်မတော်ရဲ့ တိုးတက်မှုဖြစ်ကြောင်း ရေးသားထားပါတယ်။
RFA က ရတဲ့တခြားသတင်းတွေမှာတော့ ကျန်စစ်သား သင်္ဘောကို ၂ဝ၁၂ ခုနှစ်မှာ တဝက်တပျက်ပြီးစီးပြီးရေချ ခဲ့ကြောင်း၊ အဲဒီနောက် ဆက်သွယ်ရေးနဲ့ ကာကွယ်ရေးစံနစ်တွေတပ်ဆင်ခဲ့တာဖြစ်ကြောင်း၊ အခု တပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးဟာ မြန်မာပြည်လုပ် တခြားတိုက်သင်္ဘောတစင်းဖြစ်တဲ့ အောင်ဇေယျ တိုက်သင်္ဘောနည်းတူ ကီလိုမီတာ ၁၂ဝ အကွာအဝေး အထိ ပစ်ခတ်နိုင်တဲ့ ရုရှားနိင်ငံလုပ် ဒုံးကျည်ဖြစ်ကြောင်း၊ ဒ့ါအပြင် မြန်မာ့ရေတပ်အနေနဲ့ ပထမဆုံး ရေ ငုတ်သင်္ဘောကိုလာမယ့် ၂ဝ၁၅ ခုနှစ်မှာ ပိုင်ဆိုင်ဖွယ်ရှိကြောင်းနဲ့ အဲဒီ ရေငုတ်သင်္ဘောကိုဝယ်ယူဖို့အတွက် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ရဲ့ မနှစ်က ရုရှားနိုင်ငံ ခရီးစဉ်အတွင်း ပြောဆိုဆွေးနွေးခဲ့ကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။

RFA Burmese

No comments: