Thursday, April 03, 2014

သင်္ကြန်မဏ္ဍပ်အချို့ နားနေခန်းပါ ထည့်သွင်းဆောက်လုပ်လာ

Thursday, April 03, 2014

ယခုနှစ်သင်္ကြန်မဏ္ဍပ်များတွင် အထူးစင်များဖန်တီးပြီးနားနေခန်းပါ ထည့်သွင်းပြုလုပ်ရန်စီစဉ်လျက်ရှိကြောင်း မဏ္ဍပ်ဆောက်လုပ်ရန် စီစဉ်နေသူအချို့ထံမှသိရသည်။

ထို့အပြင်မဏ္ဍပ်လက်မှတ် များကိုလည်း တစ်မျိုးတစ်စားတည်း ရောင်း
ချခြင်း ထက် ရိုးရိုးတန်းနှင့် အထူးတန်း(VIP)ဟူ၍ ခွဲခြားရောင်းချမှုများ ရှိ လာကြောင်း သိရသည်။

မဏ္ဍပ်ဆောက်ရန်အစီအစဉ်ရှိ သော်လည်းတရားဝင်ပါမစ်ရရှိမှု မရှိသေးသဖြင့် ပါမစ်ဝယ်ရန်စုံစမ်းနေသူတစ်ဦးကမူ ''တရားဝင် မဟုတ်တောင်ကိုယ့်အတွက် ကျန်တယ်။
ဒီနှစ်မဏ္ဍပ်တွေက(VIP)ဆိုပြီး ထည့်လာကြတယ်။ သုံးထပ်ဆော က်ကြမှာများတယ်''ဟု ပြောသည်။ မဏ္ဍပ်ဆောက်လုပ်ခွင့် လိုင်စင် ရရှိပြီးသူများလည်း ရေကစားခွင့်လက်မှတ် များစတင်ရောင်းချမှုများ
ရှိနေပြီး ပျမ်းမျှဈေးမှာ အကြတ်၊ အတက်ရက်များအတွက်

တစ်ရက်နှစ်သောင်းနှင့် အကြို၊ အကျရက်များအတွက် တစ်ရက်တစ်သောင်းခွဲ ဈေးပေါက်ပြီး အထူးတန်းမှာ တစ်သိန်းကျော်ခန့်ဈေးရှိနေသည်။ '(VIP) တန်းဆို Celebrity တွေနဲ့တွေ့ရမယ်။ အရက်ပါမယ်။

အရက်အမျိုးအစားအရ ဈေးကွာသွားတာမျိုးတွေရှိမယ်။ မူးရင်အိပ်နေ
လို့ရမယ့် အခန်းတစ်ခန်းပါမယ်''ဟုမဏ္ဍပ် ဆောက် လုပ်ရန်စီစဉ်နေ
သည့် အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သင်္ကြန်မဏ္ဍပ်များအနီးတွင် အရက်သေစာရောင်းချမှုမရှိရန်စည်းကမ်းသတ်မှတ်ထားကာ ရောင်း
ချမှုများတွေ့ရှိပါက ပစ္စည်းသိမ်း အရေးယူမည်ဟု သတင်းထုတ်ပြန် ထားသည်။ သို့သော်နှစ်စဉ် မဏ္ဍပ်များဘေးတွင် အရက်သေစာများ လွယ်လင့်တကူဝယ်ယူ နိုင်ခဲ့သည်။

မဏ္ဍပ်ဆောက်လုပ်ခွင့်နှင့် ပတ်သက်၍လည်း ဈေးကွက်ဖြစ်ပေါ်နေရာ လက်ဆင့်ပြောင်းရောင်းချသော သင်္ကြန်မဏ္ဍပ်ပါမစ်တစ်ခုလျှင် ကျပ်သိန်း၂ဝဝ အထိဈေးပေါက်နေသည်။ ယခု ၂ဝ၁၄ ခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရက သင်္ကြန်မဏ္ဍပ်အကြီးနှင့် အလတ်စုစုပေါင်း ၉၃ ခုချ ထားပေး သော်လည်း လျှောက်ထားသူများမှာ ၂ဝဝ ကျော်ရှိခဲ့၍ မဲစနစ်ဖြင့်လုပ်ကိုင်ခွင့် ပေးခဲ့သည်။

Popular Myanmar News Journal

No comments: