Thursday, April 03, 2014

မြောက်ကိုရီးယားတို့ဘက်မှလာသော မောင်းသူမဲ့လေယာဉ် နယ်စပ်ကျွန်းပေါ်ပျက်ကျခဲ့ပြီးနောက် တောင်ကိုရီးယားက စစ်ဆေးလျက်ရှိ

Thursday, April 03, 2014
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် အမြောက်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် နယ်စပ်ကျွန်းပေါ်သို့ ပျက်ကျခဲ့သော ဒရုန်းလေယာဉ်တစ်စင်းသည် မြောက်ကိုရီးယားတို့၏ မောင်းသူမဲ့လေယာဉ်
ဖြစ်လိမ့်မည်ဟု ယုံကြည်ထားကြောင်း တောင်ကိုရီးယားကပြောသည်။

အဆိုပါ မောင်းသူမဲ့လေယာဉ်သည် မတ် ၃၁ ရက် မွန်းလွဲပိုင်းက ဘင်နီယွန်းကျွန်းပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကပြောသည်။ကိုရီးယားနှစ်နိုင်ငံသည် ရေပိုင်နက်ကိုကျော်၍ အပြန်အလှန် ပစ်ခတ်ပြီးနောက် အဆိုပါ မောင်းသူမဲ့လေယာဉ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကနဦးစုံစမ်းစစ်ဆေးမှုအရအဆိုပါ မောင်းသူမဲ့လေယာဉ်သည် မြောက်ကိုရီးယားဘက်မှလာခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအာဏာပိုင်များက
ပြောသည်။

အလားတူ မောင်းသူမဲ့လေယာဉ် တစ်စင်းကို ကိုရီးယားနှစ်နိုင်ငံအား ပိုင်းခြားထားသည့် စစ်မဲ့ဇုန် တောင်ပိုင်းပါဂျူး၌ တွေ့ရကြောင်း ယွန်ဟတ်သတင်းအေဂျင်စီက ဖော်ပြသည်။ ၄င်းတွင် အဆင့်မြင့် ကင်မရာတစ်လုံး တပ်ဆင်ထားပြီး စစ်စခန်းများကို ဓာတ်ပုံရိုက်ထားသည်။ ထို့အပြင် ၄င်းလေယာဉ်က သမ္မတ၏ ခြံဝင်းအတွင်းကိုလည်း ဓာတ်ပုံရိုက်ထားသည်ဟု ဆိုသည်။

ကိုရီးယား နှစ်နိုင်ငံသည် ၁၉၅ဝ-၁၉၅၃ ကိုရီးယားစစ်ပွဲအပြီး နှစ်ပိုင်း ကွဲသွားခဲ့သည်။

ဘီဘီစီ

No comments: