Thursday, April 03, 2014

နာရေးကူညီမှုဥက္ကဋ္ဌ ဦးကျော်သူ ပန်းချီမင်းကျော်ခိုင်ပြပွဲတွင် ကဗျာရွတ်မည်

Thursday, April 03, 2014

နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင် ရေးသားထားသည့် “ကျွန်တော် ချစ်သောပြည်သူ့ဘက် တော်သား” အမည်ရှိကဗျာကို မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ပန်းချီမင်းကျော်ခိုင်၏ ပန်းချီပြပွဲတွင် ၎င်း ခေါင်းစဉ်နှင့်အညီ ရွတ်ဖတ်မည် ဖြစ်သည်။

အဆိုပါပြပွဲတွင် ပန်းချီမင်းကျော်ခိုင်က ဦးကျော်သူ ရေးသားထားသည့် “ကျွန်တော် ချစ်သောပြည်သူ့ဘက် တော်သား” ကဗျာခေါင်းစဉ်ဖြင့် ထင်ရှားကျော်ကြားသည့်ပုဂ္ဂိုလ်များ၏ Sertches (ပုံတူမင်)ပုံများကို ပြသ သည့်ပြပွဲတွင် ရွတ်ဖတ်မည် ဖြစ်သည်။ ယင်း ပြပွဲကို ဧပြီ ၅ ရက်မှ ၈ ရက်အထိ ပန်းဆိုးတန်းလမ်းရှိ လော ကနတ်ပန်းချီပြခန်းတွင် ပြသမည်ဖြစ်သည်ဟု ပြပွဲစီစဉ်သူ မဖြူ အိသိန်းက မဇ္ဈိမသို့ ပြောသည်။
“ဒီပွဲမှာ ဆရာ့ကိုယ်စား ဦးကျော်သူက မိန့်ခွန်းပြောကြား ပေးသွားမှာပါ။ နောက် တစ်ခုက ပြပွဲပြပြီး ပန်းချီ ရောင်းချတာထက် ပြပွဲပြုလုပ်ပြီး အလှူအတန်းလေး ပြုလုပ်သွားမှာပါ။ ဆရာကြီး ဦးဝင်းဖေကိုလည်း ဖိတ် ထားပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါပန်းချီပြပွဲတွင် ပြသမည့်ပန်းချီကားပေါင်း ၇၀ ကျော် ပါဝင်ပြသမည်ဖြစ်ပြီး ယင်းပန်းချီကားများသည် စာရွက်ပေါ်တွင် မင်ဖြင့်ရေးဆွဲထားခြင်းဖြစ်ကာ နိုင်ငံရေး၊ လူမှုရေး၊ အနုပညာရှင်များ၏ ပုံတူပန်းချီကားများ လည်း ပါဝင်မည် ဖြစ်သည်။

ယင်းပန်းချီကားများသည် ဗိုလ်ချုပ်အောင်ဆန်း၊ အောင်ဆန်းစုကြည်၊ ခင်မောင်တိုး၊ ဒဂုန်တာရာ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကျော်သူ စသည့်ပုဂ္ဂိုလ်များလည်း ပါဝင်မည်ဖြစ်ပြီး ရရှိလာသည့် အကျိုးအမြတ်များကို ပန်းချီမင်း ကျော်ခိုင်၏မိဘများက နိုင်ငံရေး၊ လူမှုရေး ပရဟိတများသို့ လှူဒါန်းသွားမည် ဖြစ်သည်။

Mizzima 

No comments: