Thursday, April 03, 2014
သင်္ကြန်နှစ်သစ်ကူး ပိတ်ရက်အတွင်း နိုင်ငံတကာ ကတ်များနှင့် MPU (Myanmar Payment Union) ကတ်များဖြင့် ငွေထုတ်ယူနိုင်သော ATM (အလိုအလျောက် ငွေထုတ်စက်) များ ရာနှုန်းပြည့် လည်ပတ်ရန် မရှိကြောင်း ပုဂ္ဂလိက ဘဏ်အချို့ထံမှ စုံစမ်းသိရှိရသည်။
သမဝါယမဘဏ်က သင်္ကြန်ကာလအတွင်း ATM စက်အချို့ကို ပိတ်မည် ဖြစ်ပြီး လည်ပတ်မည့် စက်များကို သင်္ကြန်ပိတ်ရက် မတိုင်မီ ကြေညာမည်ဖြစ်ကာ ဖွင့်လှစ်ထားသော စက်များကိုမူ ဝန်ဆောင်မှု အပြည့်ပေးမည် ဖြစ်ကြောင်း အဆိုပါ ဘဏ်အိုင်တီဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးဇေယျာအောင်က ပြောကြားသည်။
ကမ္ဘောဇဘဏ်မှာမူ ဈေးဝယ် စင်တာများတွင် တပ်ဆင်ထားသော ATM စက်များမှအပ ကျန်စက်များ အားလုံး ပုံမှန်လည်ပတ်မည် ဖြစ်ပြီး သင်္ကြန်အကြိုနေ့နှင့် နှစ်ဆန်း တစ်ရက်နေ့တွင်သာ ငွေသားဖြည့်တင်းမှု ပြုလုပ်မည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းထွဋ်က ပြောဆိုသည်။သမဝါယမဘဏ်က သင်္ကြန်ကာလအတွင်း ATM စက်အချို့ကို ပိတ်မည် ဖြစ်ပြီး လည်ပတ်မည့် စက်များကို သင်္ကြန်ပိတ်ရက် မတိုင်မီ ကြေညာမည်ဖြစ်ကာ ဖွင့်လှစ်ထားသော စက်များကိုမူ ဝန်ဆောင်မှု အပြည့်ပေးမည် ဖြစ်ကြောင်း အဆိုပါ ဘဏ်အိုင်တီဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးဇေယျာအောင်က ပြောကြားသည်။
“သင်္ကြန်မှာ ဈေးဝယ်စင်တာတွေ ပိတ်တော့ အဲဒီမှာ တပ်ထားတဲ့ စက်တွေက လျှပ်စစ်မီး မရတော့ မလည်နိုင်ဘူး။ ကျန်တဲ့ စက်တွေကိုတော့ အကြိုနေ့မှာ ငွေဖြည့်ပေးထားမယ်။ ကြားထဲမှာ ထပ်မဖြည့်တော့ဘူး” ဟု ၎င်းကရှင်းပြသည်။
ATM စက်များ အားလုံးမလည် ပတ်နိုင်ခြင်းကြောင့် သင်္ကြန်လည်ပတ်ရင်း ငွေထုတ်ယူရန် အဆင်မပြေနိုင်ကြောင်း MPU ကတ် သုံးစွဲသူများက ဆိုသည်။
ATM စက်များတွင် သင်္ကြန်အကြိုနေ့တွင် ငွေသား ကျပ်သိန်းနှစ်ရာကျော် ဖြည့်သွင်းထားမည် ဖြစ်ပြီး သင်္ကြန်ကာလအတွင်း စက်များတွင် ငွေကုန်သွားပါက ထုတ်ယူနိုင်မည် မဟုတ်ကြောင်းနှင့် ကတ်ပြဿနာ အချို့ကို သင်္ကြန်ပိတ်ရက် ပြီးမှသာ ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း ဦးဇော်လင်းထွဋ်က ထပ်လောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းဘဏ်များက တပ်ဆင်ထားသော ATM စက်အလုံးပေါင်း ခြောက်ရာကျော် ရှိကြောင်း MPU အဖွဲ့ထံမှ သိရသည်။
The Voice Weekly

No comments:
Post a Comment