Thursday, April 03, 2014
ပြင်ဦးလွင်မြို့နယ် ကံကြီးကုန်းကျေးရွာရှိ မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးစက်ရုံမှ ၀န်ထမ်းများ ဆန္ဒပြ တောင်းဆိုနေမှု ပြေလည်စေရန် ၀န်ထမ်းများဘက်မှ လိုက်ပါဆောင်ရွက်နေသော ကမ္ဘာ့အလုပ်သမား များအဖွဲ့ချုပ်နှင့် ဆက်သွယ်ဆောင်ရွက်သူများကွန်ရက်၊ အထက်မြန်မာပြည် (FNI-Facilitators Network with ILO Upper Myanmar) ကိုအတုအယောင်အဖွဲ့အစည်းဟု စက်ရုံတာဝန်ရှိသူများက မတ်လ ၃၀ ရက်တွင် စွပ်စွဲပြောဆိုခြင်းအပေါ် တရားဝင် မတောင်းပန်ပါက စက်ရုံတာဝန်ရှိသူများအား တရားစွဲဆိုသွား မည်ဟု FNI Upper Myanmar မှ ရှမ်းပြည်မြောက်ပိုင်း တာဝန်ခံ ဒေါက်တာအောင်ဌေးက မဇ္ဈိမကို ပြော သည်။
“ကျွန်တော်တို့ကို အတုလို့ ဘာအထောက်အထားနဲ့ ပြောတယ်ဆိုတာ မသိဘူး။ ကျွန်တော်တို့ကို ကြိုက် တဲ့ အဖွဲ့အစည်းက လာစစ်လို့ရတယ်။ စက်ရုံအနေနဲ့ အခုလိုပြောတာ လက်မခံဘူး။ ကျွန်တော်တို့က ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပါ။ အလုပ်သမားတွေနဲ့လည်း ပြေလည်အောင် မညှိဘူး။ ကြားဝင် ပြေလည်အောင် ညှိနှိုင်းပေးနေတဲ့အဖွဲ့ကိုလည်း အတုလို့ ပြောတယ်။
“ဒါဟာ အလုပ်သမားအရေး၊ တောင်သူလယ်သမားအရေးတွေ တစ်နိုင်ငံလုံးမှာ ဆောင်ရွက်နေတဲ့ ကျွန် တော်တို့ ILO အဖွဲ့အစည်းကို စော်ကားတာပါ။ ဒီလိုပြောဆို စော်ကားမှုကို တရားဝင်လာရောက်တောင်း ပန်ပါ။ မတောင်းပန်ရင် တရားစွဲသွားမှာပါ” ဟု ဒေါက်တာအောင်ဌေးက ပြောသည်။ ပြင်ဦးလွင်မြို့နယ် ကံကြီးကုန်းကျေးရွာရှိ မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးစက်ရုံမှ ၀န်ထမ်းများ ဆန္ဒပြ တောင်းဆိုနေမှု ပြေလည်စေရန် ၀န်ထမ်းများဘက်မှ လိုက်ပါဆောင်ရွက်နေသော ကမ္ဘာ့အလုပ်သမား များအဖွဲ့ချုပ်နှင့် ဆက်သွယ်ဆောင်ရွက်သူများကွန်ရက်၊ အထက်မြန်မာပြည် (FNI-Facilitators Network with ILO Upper Myanmar) ကိုအတုအယောင်အဖွဲ့အစည်းဟု စက်ရုံတာဝန်ရှိသူများက မတ်လ ၃၀ ရက်တွင် စွပ်စွဲပြောဆိုခြင်းအပေါ် တရားဝင် မတောင်းပန်ပါက စက်ရုံတာဝန်ရှိသူများအား တရားစွဲဆိုသွား မည်ဟု FNI Upper Myanmar မှ ရှမ်းပြည်မြောက်ပိုင်း တာဝန်ခံ ဒေါက်တာအောင်ဌေးက မဇ္ဈိမကို ပြော သည်။
“ကျွန်တော်တို့ကို အတုလို့ ဘာအထောက်အထားနဲ့ ပြောတယ်ဆိုတာ မသိဘူး။ ကျွန်တော်တို့ကို ကြိုက် တဲ့ အဖွဲ့အစည်းက လာစစ်လို့ရတယ်။ စက်ရုံအနေနဲ့ အခုလိုပြောတာ လက်မခံဘူး။ ကျွန်တော်တို့က ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပါ။ အလုပ်သမားတွေနဲ့လည်း ပြေလည်အောင် မညှိဘူး။ ကြားဝင် ပြေလည်အောင် ညှိနှိုင်းပေးနေတဲ့အဖွဲ့ကိုလည်း အတုလို့ ပြောတယ်။
စက်ရုံဝန်ထမ်းများသည် အချက် ၁၄ ချက်တောင်းဆိုထားရာ လိုက်လျောမှု မရှိသေး၍ FNI ကို ချိတ်ဆက် အကူအညီ တောင်းခံသောကြောင့် သွားရောက်ဖြေရှင်းပေးခြင်းဖြစ်ပြီး ၎င်းအဖွဲ့က သက်ဆိုင်ရာ အလုပ် သမားအဖွဲ့အစည်းများကို တင်ပြ အကူအညီတောင်းကြောင်း သိရသည်။
“ဒီစက်ရုံမှာ ရက်ရှည်ဆန္ဒပြနေတာကို ပြင်ဦးလွင်အာဏာပိုင်တွေက မသိဘူး။ ဌာနဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းတွေကလည်း လာရောက်မဖြေရှင်းကြဘူး။ ကျွန်တော်တို့ ဒီစက်ရုံရောက်ပြီး အကြောင်းကြား မှသိတာတဲ့။ ဒါနဲ့ခင်ဗျားတို့ ပြေလည်အောင် ဖြေရှင်းပေးပါ။ ကလေးတွေ အတော်နစ်နာနေပြီလို့ ပြောရ တယ်။ စက်ရုံဘက်က ရိုးသားမှုမရှိတာ သေချာတယ်။ တကယ်ဆို တရားဝင်ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ရမယ်။ ဒါမျိုးတွေ မလုပ်တော့ အခုလိုဆန္ဒပြမှုတွေဖြစ်တာ” ဟု ၎င်းက ပြောသည်။
FNI ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကလည်း “သူတို့ တောင်းပန်မှုကို စောင့်ကြည့် မယ်။ အတုလို့ ပြောတာနဲ့ပတ်သက်ပြီး ကျေနပ်တဲ့အထိ တောင်းပန်ဖို့လိုတယ်။ ဘာမှလုပ်မပေးဘူးဆိုရင် တော့ တရားစွဲသွားမယ်။ အခုချိန်ထိတော့ ဘာမှ အကြောင်းမပြန်သေးဘူး” ဟု ပြောသည်။
စက်ရုံဆန္ဒပြမှုများသည် မတ်လ ၁၇ ရက်မှ စတင်ဖြစ်ပွားရာ တောင်းဆိုချက်များကို လိုက်လျောမှု မရှိသေး ပေ။ ယခုအခါ ဆန္ဒပြ၀န်ထမ်းများကို အင်န်အယ်လ်ဒီနှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ကလည်း ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
Mizzima
No comments:
Post a Comment