Friday, April 04, 2014

တပ်မတော်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ( ၂၀၀၈ )

Friday, April 04, 2014

၂၀၁၅ ရောက်ရန် နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံမှာ အခြေခံဥပေဒကို ပြင်ချင်သူများနှင့် မပြင်ချင်သူများ လွန်ဆွဲပွဲများက များလာသလို၊ ကြမ်းလဲကြမ်းလာပါပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ( ၂၀၀၈ ) ကို ဘယ်သူတွေကပြင်ချင်ပြီး ဘာကြောင့်ပြင်ချင်တာလဲ၊ ဘယ်သူတွေက မပြင်ချင်ပဲ ဘာကြောင့် မပြင်ချင်ကြတာလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ( ၂၀၀၈ ) မှာပါတဲ့ ပုဒ်မတွေကို  ပြင်ချင်တဲ့သူတွေကတော့ အဓိကအားဖြင့်  ပုဒ်မ ၅၉ (စ) နဲ့ အခြေခံဥပဒေရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ ပုဒ်မ ၄၃၆ တို့ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ  မပြင်ချင်တဲ့ သူတွေကလဲ  ဒီပုဒ်မတွေကိုပဲဖြစ်တယ်။

ပုဒ်မ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) မှာပါတဲ့ ၅၉(စ) မှာဆိုရင် တော့ နိုင်ငံတော် အကြီးကဲဟာ ဖြစ်မဲ့သူဟာ နိုင်င့တော်မှာ အခြေချနေထိုင်တဲ့ နိုင်ငံသားတစ်ယောက် ဖြစ်ရမည့်အပြင် ၎င်းနဲ့ပတ်သတ်တဲ့ ဇနီး၊ ခင်ပွန်း၊ သား၊ သမီးများပါ တိုင်းတစ်ပါး၏ လက်အောက်ခံ၊ ကျေးဇူးခံ မဖြစ်စေရဆိုသည့်အချက်ကြောင့် ဒီပုပ်မကို ပြင်ဆင်ချင်သည့် အဖွဲ့မှာ တိုင်းတစ်ပါးနဲ့ ပတ်သတ်နေတဲ့ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပင်ဖြစ်သည်။ အဲ့တော့ ထို ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှာ ဒေါ်စု ဦးစီးသော NLD ပါတီနဲ့ သူမကို ကျောထောက်နောက်ခံပေးနေသော အဖွဲ့များပင်ဖြစ်သည်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသာများသည် နိုင်ငံခြားသားများ အဟုတ်ကြတဲ့အတွက် နိုင်ငံတော်အကြီးကဲ ဖြစ်ပိုင်ခွင့်ရှိသည်။ ဒါကြောင့် တိုင်းရင်းသားများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ( ၂၀၀၈ ) အခန်း(၃) မှာပါတဲ့ ၅၉(စ)  ပြင်ဆင်ရန် ဆန္ဒမရှိကြသေးပေ။
ထို့အပြင် အဓိက အသက်သွေးကြောဖြစ်တဲ့ ပုဒ်မ ၄၃၆ ကိုလဲ ပြင်ဆင်လိုကြသည်။ ဘာလို့လဲဆိုတော့ အခန်း (၁၂) ပုဒ်မ  ( ၄၃၆) မှာ ပုဒ်မခွဲ(က) ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁) ပုဒ်မ ၁ မှ ၄၈၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀။ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁။ အခန်း(၅)ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆။ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀။ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံ ပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ဆန္ဒမဲနဲ့ ပြင်ဆင်ရမယ်လို့ ဖော်ပြထား လို့ပါ။

တကယ်လို့ ဒီပုဒ်မတွေကို ပြင်ဆင်ပေးလိုက်မဲ့ဆိုရင် ရလဒ်က အကောင်းဖြစ်နိုင်မလား၊ အဆိုးဖြစ်နိုင်မလား။ သေချာတာကတော့ အဆိုးဘက်ကို ဦးတည်နေသည်။ ဒီပုဒ်မကို ပြင်ဆင်ပေးလို့ ဒေါ်စု နိုင်ငံတော်အကြီးအကဲ ဖြစ်မယ်ဆိုရင် သူမရဲ့လုပ်နိုင်စွမ်းသည် (၅) နှစ်ထက်မပို။ ဘာကြောင့်လဲ ဆိုတော့ သူမ၏အသက်အရွယ်အရ သူမသည် နောက်ထပ် မလုပ်နိုင်တော့ပေ။ အဲ့တော့ သူမပြီးလို့ နောက်တက်လာမည့် နိုင်ငံတော်အကြီးအကဲသည် နိုင်ငံသား မဟုတ်တဲ့ ဘင်္ဂလီလည်း ဖြစ်နိုင်သလို အမေရိကန်လဲ ဖြစ်နိုင်သည်။ ဒါအပြင့် တခြားသော နိုင်ငံသားမဟုတ်တဲ့ သူများလည်း ဖြစ်လာနိုင်သည်။ အဲ့တော့ ကျွန်တော်တို့ နိုင်ငံတော်ကြီးဟာ ဘယ်လိုမျိုး နိုင်ငံဖြစ်သွားနိုင်မလဲ။ သေချာတာကတော့ ထိုင်းနိုင်ငံထက်ဆိုးရွားသော အခြေအနေမျိုးတွေ ဖြစ်လာနိုင်ပြီး နိုင်ငံ၏အချုပ်အခြာအာဏာသည် နိုင်ငံသားတိုင်းမှာ ရှိမှာ မဟုတ်တော့ပေ။

၆၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် သွားပါမယ်လို့ မိန့်ခွန်းထဲ ထည့်ပြောတာကိုလဲ တွေ့ရပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ချီတက်နေတဲ့ နိုင်ငံတစ်ခုမှာ လက်နက်ကိုင်တပ်မတော်ဟာ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ မြန်မာ့တပ်မတော်ကို စစ်မှုထမ်းအဖြစ် စတင် ၀င်ရောက်ပြီဆိုတာနဲ့ နိုင်ငံတော်အလံကို လက်နဲ့ ထိပြီး ကတိသစ္စာပြုကြရပါတယ်။ ကတိသစ္စာပြုရမယ့် စာသားကို ၁၉၅၉ တပ်မတော် အက်ဥပဒေ ပုဒ်မ (၁၆) မှာ အခုလို ရေးထားတာ တွေ့ရပါတယ်။

"ကျွန်ုပ်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မိမိ၏ အသက်စွန့်၍ပင် ထိန်းသိမ်းစောင့်ရှောက်ပါမည် ဟူ၍ လည်းကောင်း တပ်မတော်တွင် ဝင်ရောက်အမှုထမ်း၍ ကုန်းကြောင်းခရီးဖြင့် ဖြစ်စေ ရေကြောင်းခရီးဖြင့် ဖြစ်စေ လေကြောင်း ခရီးဖြင့်ဖြစ်စေ မည်သည့်နေရာ အရပ်သို့မဆို အမိန့်ပေးသည့်အတိုင်း မိမိ၏အသက်စွန့်၍ပင် သွားမည်ဟူ၍ လည်းကောင်း မိမိကို အုပ်ချုပ်သော အထက်အရာရှိ တစ်ဦးဦး၏ အမိန့်အားလုံးကို မိမိ၏ အသက်စွန့်၍ပင် နာခံပါမည် ဟူ၍ လည်းကောင်း ကတိသစ္စာ ပြုပါသည်။"

 ဒါ့အပြင်လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(စ) မှာလည်း တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်လို့ ပြဌာန်းထားပါတယ်။ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ အခြေခံဥပဒေကို လုံးဝ(လုံးဝ) မပြင်ဆင်စေရလို့ အဓိပ္ပာယ် ဖွင့်ဆိုပြီး တပ်မတော်က အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်မှုအပေါ်  မြင်တွေ့နေရပါတယ်။ တကယ်တော့ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း အာဏာသက်ရောက်စေဖို့နဲ့ အခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်ခြင်း မပြုနိုင်ကြစေဖို့ ထိန်းသိမ်းဆောင်ရွက်တဲ့ သဘောသာဖြစ်ပြီး အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုရင်လည်း အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့  အခန်း (၁၂) ပါ ပြဋ္ဌာန်းထားမှုများနဲ့အညီ ဆောင်ရွက်နိုင်ဖို့ သဘောတူခွင့်ပြုထားပြီးသား ဖြစ်ပါတယ်။

ဒါအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လူဦးရေ ၅၇ ဒဿမ ၃ သန်းတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂၇ ဒဿမ ၂၈ သန်း အနက် ၂၄ ဒဿမ ၇၆ သန်း က ထောက်ခံဆန္ဒမဲ ပေးခဲ့ သည့်အတွက် ၉၂ ရာခိုင်နှုန်း ထောက်ခံအတည်ပြု ပေးထားသည် ဟု မိန့်ခွန်းတွင် ပြောကြားထားသည်။  ဒါဆို မထောက်ခံ သည့် ဆန္ဒမဲ  ၂ ဒဿမ ၅၂ သန်း သာရှိသည်အတွက်      နိုင်ငံရေးကို တကယ်ထဲထဲဝင်ဝင် လုပ်နေကြတဲ့ နိုင်ငံရေး ပါတီများ အနေနဲ့ကတော့ မိမိပါတီ တစ်ခုတည်းအတွက် အခြေခံဥပဒေကို ပြင်ချင်တဲ့ဆန္ဒရှိသူဦးရေ အများအပြားရှိတယ်၊ တပ်မတော်က အခြေခံဥပဒေကို ချုပ်ကိုင်ထားတယ်ဆိုပြီး  ပြည်သူကို ချောက်မချသင့်ပါဘူး။ ပြည်သူသာအမိ၊ ပြည်သူသာ အဖ ဆိုတဲ့အတိုင် တပ်မတော်ရဲ့ မိဘသဖွယ်ဖြစ်တဲ့ ပြည်သူလူထုကို နိုင်ငံရေးအသိအမြင် နားမျက်စိတွေ ဖွင့်ပေးဖို့ အများကြီး တာဝန်ရှိပါတယ်။ ပြည်သူလူထုဆိုတာ နလပိန်းတုံးပါပဲဆိုတဲ့ သဘောနဲ့ မိမိပါတီအကျိုးအတွက် အသုံးချဖို့ မဟုတ်ဘဲ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေး အတွက်ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးအတွက်ပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ နားမျက်စိကို တတ်နိုင်သလောက် ဖွင့်ပေးဖို့ လိုအပ်ပါတယ်။

မောင်ဇော်
credit to : zaw aung

No comments: