Monday, April 28, 2014
ကချင်ပြည်နယ် ဆဒုံးမြို့နယ်ခွဲရှိ ကျေးရွာများတွင် အေပြီလ တတိယပတ်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အဖွဲ့မှ ဒေသခံတိုင်းရင်းသားများအား တောင်ယာမခုတ်ရန်နှင့် ညအချိန်အပြင်မထွက်ရန် ခြိမ်းခြောက် တားမြစ်မှုများပြုလုပ်ထားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
“ တောင်ယာထဲ မသွားရတာ တစ်ပတ်ကျော်ပါပြီ၊ တောင်ယာလုပ်မှ မိသားစုစားဝတ်နေရေး အဆင်ပြေတာပါ၊ ဒါပေမယ့် ဘယ်အချိန်ထိ သွားခွင့်မပြုမှာလဲ မသိတော့ တောင်ယာလုပ်စားတဲ့ မိသားစုအားလုံး ဒုက္ခရောက် နေကြတာပေါ့ ” ဟု ဆမားဟော ရွာသားတစ်ဦးက ပြောသည်။
“ တောင်ယာထဲ မသွားရတာ တစ်ပတ်ကျော်ပါပြီ၊ တောင်ယာလုပ်မှ မိသားစုစားဝတ်နေရေး အဆင်ပြေတာပါ၊ ဒါပေမယ့် ဘယ်အချိန်ထိ သွားခွင့်မပြုမှာလဲ မသိတော့ တောင်ယာလုပ်စားတဲ့ မိသားစုအားလုံး ဒုက္ခရောက် နေကြတာပေါ့ ” ဟု ဆမားဟော ရွာသားတစ်ဦးက ပြောသည်။
KIA မှ ဒေသခံတိုင်းရင်းသားများအား အေပြီလ တတိယပတ်မှစ၍ တောင်ယာခုတ်ခြင်း မပြုရန် တားမြစ်ထား ခဲ့ရာ ရပ်ရွာလူကြီးအချို့မှ ဘယ်နေ့ပြန်ပြီး ခုတ်ခွင့်ပြုမည်အကြောင်း သွားရောက်မေးမြန်းရာ လတ်တလော အခြေအနေများအရ အချိန်ကန့်သတ်ချက်မရှိ ပိတ်ပင်တားမြစ်ထားမည်ဟု KIA အဖွဲ့မှ ပြန်လည်ပြောကြားခဲ့မှု ကြောင့် တောင်ယာလုပ်ဒေသခံများ စိတ်ညစ်နေရကြောင်း သိရသည်။
“ သူတို့ စခန်းတွေနားကို မလာနဲ့လို့ ပြောတယ်၊ တောင်ယာတွေကိုလည်း မခုတ်ရဘူးဆိုတော့ သေချာအောင် သွားမေးကြည့်တယ်၊ မိုင်းတွေ ထောင်ထားပြီးပြီဖြစ်လို့ ဖြစ်လာရင် တာဝန်မယူနိုင်ဘူးလို့ ပြောတယ်၊ ဒါဆိုရင် ဒီရွာသူရွာသားတွေ ဘာလုပ်စားကြရမလဲ ” ဟု ကိုတူးနော်ဂျာ က ပြောသည်။
ရွာသူရွာသားများအား တောင်ယာခုတ်ရန် တားမြစ်မှုပြုလုပ်ပြီးနောက်ပိုင်း ညမထွက်ရအမိန့်ကိုလည်း KIA အဖွဲ့ က ထပ်မံထုတ်ပြန်ထားသဖြင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။
“ ညမထွက်ရဆိုပြီး အမိန့်ထုတ်ထားပါတယ်၊ ညအချိန်မတော် သွားလာလို့ KIA အဖွဲ့က ပစ်မိရင် တာဝန်မယူဘူးလို့ ပြောတယ်၊ အချို့က ကျွဲ၊ နွားတွေကို ညမှလိုက်သွင်းရတာ၊ ငှက်ပစ်တဲ့သူလည်း ရှိတယ်၊ ဖားရှာငါးရှာတဲ့သူလည်း ရှိတယ်၊ ရွာသားတွေကတော့ KIA ရဲ့ အနိုင်ကျင့်မှုအောက်မှာ ဒီလိုပဲ ခံနေရတာပါပဲ၊ ဒီနယ်မြေဒေသမှာ မြန်မြန်ငြိမ်းချမ်းစေချင်ပါပြီ၊ ဒေသခံတွေရဲ့ ဘ၀ဟာ သနားစရာပါ ” ဟု ဆဒုံးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသွားသည်။
KIA အဖွဲ့သည် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ၂၀၁၃ ခုနှစ်အတွင်းက ပဏာမငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလဆန်းပိုင်း တွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာ ခဲ့ခြင်း ကြောင့် ဒေသခံတိုင်းရင်းသားများ နေရပ်များကို စွန့်ခွာထွက်ပြေးနေမှုများ ရှိနေကြောင်း သိရှိရပါသည်။
credit to : ဇော်မိုင်

No comments:
Post a Comment