Wednesday, April 30, 2014
ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးနေကြသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း သည်ဆိုသော သတင်းမှာ လုံးဝ မမှန်ကန်ကြောင်း သတင်းရရှိသည်။
‘‘NCCT ကတော့ အဲဒီ သဘောမရှိပါဘူး။ ပထမသတ် မှတ်ထားတာကတော့ မေလဒုတိ ယအပတ်မှာ တွေ့ဖို့ပဲ။ အခုတော့ မေလ ၂၀ နောက်ပိုင်းရွှေ့လိုက် တယ်’’ဟု NCCT အဖွဲ့မှ ဒုတိယ ခေါင်းဆောင် ဖဒိုစောကွယ်ထူး ဝင်းက ပြောသည်။
‘‘အဲဒီသတင်းက လုံးဝမှား တယ်။ NCCT အစည်းအဝေး နှစ် ရက်လုပ်တယ်။ အဲဒီကိစ္စလုံးဝ မဆွေးနွေးဘူး’’ဟု NCCT အဖွဲ့မှ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောသည်။
နှစ်ရက်တာ ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်းကော်မတီနှင့် NCCT အဖွဲ့တို့သည် မေလ ၂၁ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံရန် သဘောတူညီခဲ့ပြီး ထိုသဘောတူ ညီချက်အတိုင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော်မတီသို့ ပေးပို့သွားမည် ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းတွင် အစိုးရနှင့် သဘောထားကွဲလွဲနေသော အ ချက်များအား သက်ဆိုင်ရာ တိုင်း ရင်းသားခေါင်းဆောင်များထံသို့ ပေးပို့၍ သဘောထားမှတ်ချက် များ တောင်းခံသွားမည်ဖြစ် ကြောင်း ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ NCCT အဖွဲ့ဝင် များသည် ဧပြီ ၂၈၊ ၂၉ ရက်များ တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။
7Day News Journal

No comments:
Post a Comment