Monday, May 12, 2014

တပ်မတော်(ရေ)၏ ပထမဆုံး မြန်နှုန်းမြင့် တိုက်ရေယာဉ် ရေချ

Monday, May 12, 2014
တပ်မတော်(ရေ)၏ ပထမဆုံး Torpedo Boat  ဖြစ်သော  မြန်နှုန်းမြင့် အပေါ့စား တိုက်ရေယာဉ်တစ်စီးကို မေလ ၉ ရက်က ရေတပ်သင်္ဘောကျင်း ဌာနချုပ်တွင် ရေချခဲ့ကြောင်း သတင်းရရှိသည်။

အခြားနိုင်ငံမှ ရေငုပ် သင်္ဘောများ မြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်လာပါက တိုက်ဖျက်နိုင်ရန်အတွက် တပ်မတော် ရေ အင်ဂျင်နီယာများကိုယ်တိုင် တည်ဆောက်ခဲ့သည်ဟုဆိုပြီး သင်္ဘောကိုယ်ထည်ကို အလူမီနီယံဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ အမည်မဖော်လိုသည့် တပ်မတော်အရာရှိတစ်ဦးက ပြောသည်။

‘‘အရင်က ရေတပ်မှာ Torpedo Boat ကို သုံးခဲ့ဖူးပေမယ့် အခု စစ်ရေယာဉ်လောက် မြန်နှုန်းမမြင့်ဘူး။ နောက်ပြီး ဒုတိယကမ္ဘာစစ်လက်ကျန်တွေဖြစ်လို့ တပ်တော်ဝင်စာရင်းက ဖျက်လိုက်ပါပြီ။ ဒီစစ်ရေယာဉ်ကလည်း မြန်မာ့ရေတပ်အတွက် ကနဦးစမ်းသပ်ထုတ်လုပ်တာဖြစ်တဲ့အတွက် တိုက်ပွဲဝင်အနေအထားဖြစ်ဖို့ စမ်းသပ်မှုတွေ အဆင့်ဆင့်လုပ်ဖို့ လိုပါသေးတယ်’’ ဟု ၎င်းက ပြောသည်။

(Torpedo Boat) အမှတ် ၂၀၁ သည် အလျားပေ ၇၀ ရှည် ပြီး တစ်နာရီလျှင် ရေမိုင် ၃၅ မိုင် အထက် မောင်းနှင်နိုင်ကာ မြန်မာ့ ရေပိုင်နက်အတွင်း ကင်းလှည့်နေသည့် စစ်ရေယာဉ်အားလုံးထက် မြန်သည်ဟုဆိုသည်။

‘‘အလူမီနီယံကိုယ်ထည်ကိုသုံးပြီး ရေယာဉ်ကို ထောင့်ချိုးပုံစံ အများဆုံးသုံးထားတော့ ညရေဒါ နဲ့ ဖမ်းယူနိုင်မှု အားနည်းတယ်။ ကိုယ်ပျောက်ရေယာဉ် အသေးစားလေးပေါ့’’ ဟု ၎င်းက ပြောသည်။

တပ်မတော်(ရေ)သည် မကြာသေးမီက ပြည်တွင်းထုတ် သုံးစီးမြောက် ဖရီးဂိတ် စစ်ရေယာဉ်တစ်စီးကိုလည်း ရေချခဲ့သည်။

7Day News Journal

No comments: