Monday, May 12, 2014

အာဆီယံထိပ်သီးအစည်းအဝေးမှ အချက် ၂၈ ချက်ပါဝင်သော နေပြည်တော်ကြေညာစာတမ်းထုတ်ပြန်

Monday, May 12, 2014

တောင်တရုတ် ပင်လယ်အရေး လွှမ်းမိုးခဲ့သော အာဆီယံထိပ်သီးအစည်းအဝေး တွင် ဒေသတွင်း နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ ကိစ္စရပ်များအတွက် ခေါင်းဆောင်များ၏ ရှေ့ဆက် အကောင်အထည်ဖော်သွားမည့် အဓိက ဆုံးဖြတ်ချက်များပါဝင်သော အချက် (၂၈) ချက်ပါ နေပြည်တော် ကြေညာစာတမ်းကို ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးကဏ္ဍတွင် အနာ ဂတ်အာဆီယံဒေသတွင်း ဒီမိုကရေစီစနစ် အားကောင်းရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင် မည်ဖြစ်ပြီး လူ့အခွင့်အရေးနှင့် အခြေခံကျသည့် လွတ်လပ်မှုတို့ ကို ကာကွယ်မြှင့်တင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် တရုတ်နှင့် အာဆီယံနိုင်ငံအချို့ကြား တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက် အငြင်းပွားမှု၊ ထိပ်တိုက်တိုးမှု ပြဿနာများမှာ အစည်းအဝေးကို လွှမ်းမိုးခဲ့သော အကြောင်းအရာများ ဖြစ်ခဲ့သည်။

 ထိပ်သီး ဆွေးနွေးပွဲတွင် ဖိလစ်ပိုင် သမ္မတအကွီနိုကလည်း အာဆီယံသည် တရုတ်နှင့်အငြင်းပွားမှုများတွင် ပိုမိုပါဝင်နိုင်ရန်အတွက် အဖွဲ့၏ မစွက်ဖက်ရေးကိုပြန်လည် သုံးသပ်သင့်ကြောင်း ဆိုသည်။

‘‘လက်ရှိ မစွက်ဖက်ရေးမူကို ပြန်သုံးသပ်ဖို့ ကျွန်တော်တို့ တိုက် တွန်းပါတယ်။ အာဆီယံအတွက် ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးရေးနဲ့ အ ခြားအကျိုးစီးပွားရှိတဲ့ နိုင်ငံတွေနဲ့ စေ့စပ်ညှိနှိုင်းပြီး ပူးပေါင်းဆောင် ရွက်မှုတွေလုပ်ဖို့ နည်းလမ်းတွေ ချဲ့ထွင်သင့်ပါတယ်။ အာဆီယံ ဟာ စည်းလုံးမှုနဲ့ တစ်စုတစ်စည်း တည်း တိုးတက်မှုကို ရဖို့အတွက် ကမ္ဘာ့နိုင်ငံတွေနဲ့ပိုပြီး ထိတွေ့ရမှာ သဘာဝဖြစ်ပါတယ်။ အခုအချိန် ဟာဆိုရင် တခြားသူတွေကို တစ် နိုင်ငံချင်းအစား ဒေသဆိုင်ရာအ ဖွဲ့အစည်းအနေနဲ့ ထိတွေ့ဆက် ဆံရမယ့် အချိန်ရောက်ကောင်း ရောက်နေမှာ ဖြစ်ပါတယ်’’ ဟု ပြောသည်။

ကြေညာစာတမ်း၏ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ကဏ္ဍတွင် အာဆီယံ ကြေညာစာတမ်း (Asean Charter)၊ အာဆီယံ ချစ် ကြည်ရေးနှင့် ပေါင်းစည်းရေး ပဋိ ညာဉ်(TAC)၊ အာဆီယံနှင့် အရှေ့အာရှနိုင်ငံများကြား နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ ပေါင်းစည်းဆက်ဆံ ရေးကြေညာစာတမ်းနှင့် တောင် တရုတ်ပင်လယ်အတွင်း တည် ငြိမ်လုံခြုံရေးအတွက် တောင် တရုတ် ပင်လယ်ပိုင်နက်တွင်း နိုင်ငံများ၏ ကျင့်ဝတ်များကြေညာ စာတမ်း(DOC)ပါ စံသတ်မှတ် ချက်နှင့် စည်းမျဉ်းစည်းကမ်းများ ကို မျှဝေကျင့်သုံးမြှင့်တင်မည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

တောင်တရုတ်ပင်လယ်အ ရေးကိစ္စတွင် ကုလက ထုတ်ပြန် ထားသည့် ၁၉၈၂ ပင်လယ်ပြင် ဥပဒေနှင့် နိုင်ငံတကာဥပဒေများ ကို လက်ခံရန်၊ အင်အားသုံးဖြေ ရှင်းခြင်းမပြုရန်နှင့် အင်ဒိုနီးရှား ဥက္ကဋ္ဌတာဝန်ယူစဉ်က သဘောတူထားသည့် တောင်တရုတ်ပင် လယ်ဆိုင်ရာအချက်ခြောက်ချက် ပေါ်မူတည်၍ ပိုင်နက်အငြင်းပွား နိုင်ငံများ လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများ(Code Of Conduct) ကို အပြီးသတ် ရေးဆွဲနိုင်ရေးတို့ကို ဦးတည်ဆွေး နွေးခဲ့ကြကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

‘‘ထုတ်ပြန်ချက်မှာ ထူးခြား တာ နှစ်ချက်တွေ့ရတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ် သက်ပြီး အားလုံးလက်ခံတဲ့ နိုင်ငံ တကာဥပဒေတွေနဲ့ ဖြေရှင်းဖို့၊ အာဆီယံနိုင်ငံတွင်း ဖြစ်တဲ့ပြဿ နာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ဆိုတဲ့ အချက်တွေကတော့ ထူး ခြားတယ်’’ ဟု Bloomberg သတင်းထောက် ကိုကျော်သူက သုံးသပ်သည်။

အရှေ့တောင်အာရှနျူလက် နက်ကင်းမဲ့ဇုန်စာချုပ်ပါ အချက် များကို အကောင်အထည်ဖော် ရန် အဖွဲ့ဝင်နိုင်ငံများ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မည် ဖြစ် သည်။

စီးပွားရေးကဏ္ဍတွင် ၂၀၁၅ အလွန် အာဆီယံစီးပွားရေး အ သိုက်အ၀န်း ပေါ်ပေါက်ရေးအ တွက် အဓိကကျသည့် အာဆီယံ တစ်ခုတည်းသော ဈေးကွက် (Asean Single Market)၊ ထုတ် ကုန်များ၊ အာဆီယံကိုယ်ပိုင် အ ရည်အသွေးသတ်မှတ်ချက်စနစ် များ(Asean Self-certification System)၊ အာဆီယံတစ်ခုတည်း သော ၀င်ပေါက်(Asean Single window)၊ အာဆီယံအကောက် ခွန်စနစ်တို့ကို ရည်ရွယ်ချက်ရှိရှိ အကောင်အထည်ဖော် ဆောင် ရွက်မည်ဖြစ်ကြောင်း ဖော်ပြထား သည်။

လူမှုရေးကဏ္ဍတွင် သဘာဝ ဘေးအန္တရာယ်များပေါ်ပေါက် လာပါက အဖွဲ့ဝင်နိုင်ငံများကြား အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အတွက် စွမ်းဆောင်ရည်များကို မြှင့်တင်ထားရန်လိုအပ်ပြီး ထိ ရောက်စွာတုံ့ပြန်စွမ်းနည်းပါးနေ သည့် အာဆီယံလူသားချင်း စာ နာထောက်ထားမှုဆိုင်ရာအကူအ ညီပေးရေးဌာန(AHA)ကို အရည် အသွေးမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။

အမျိုးသမီးများနှင့် ကလေး ငယ်များ၊ လူငယ်များ၊ မသန်စွမ်း သူများနှင့် အခြားသောအဖွဲ့အ စည်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီးအာဆီယံလူမှုအ သိုက်အ၀န်းတည်ဆောက်ရေးမှ ရရှိလာမည့် အကျိုးအမြတ်များကို ရရှိခံစားစေရန် လုပ်ဆောင်သွား မည်ဟု ထုတ်ပြန်သည်။

(၂၈) ချက်ပါနေပြည်တော် ကြေညာစာတမ်းတွင် သမ္မတ ဦးသိန်းစိန်က အာဆီယံခေါင်း ဆောင်များထံ အဆိုပြုတိုက်တွန်း ခဲ့သည့် အချက်အများစုကို ခေါင်း ဆောင်များကပါ သဘောတူပြီး ဆက်လက်လုပ်ဆောင်ရန် သဘောတူလက်ခံခဲ့သည်ကို တွေ့ရသည်။

7Day News Journal

No comments: