Friday, May 02, 2014
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်ကဦးစီးပြီးတော့ မြစ်ဆုံစိမံကိန်းလမ်းလျှောက်ဆန္ဒ ဖေါ် ထုတ် မယ်ဆိုပြီးတော့ ပထမ လူ(၁၀၀) လောက် စုပြီးတော့ မတ်လ (၂၃) မှာရန်ကုန်ကနေ စတင် လာခဲ့ပါတယ်။ ပထမတော့ ပါဝင်တဲ့လူတွေဟာ မိုင်ပေါင်း ၁၆၀၀ လောက်ဝေးတဲ့နေရာကို လမ်းလျှောက် ပြီးဆန္ဒပြမယ်ဆိုတော့သူတို့ရဲ့မျိုးချစ်စိတ်ဓါတ်တွေပြင်းထန်တာကိုကြည့်ပြီး တော့အံ့သြမင်သက်ခဲ့မိပါတယ်။ သေသေချာချာ လေ့လာကြည့်မိတော့မှပဲ အကြောင်းစုံ ကိုသိရတော့တယ်။
တကယ်တော့ သူတို့လျှောက်မယ်ဆိုလည်း လျှောက်ချင်စရာပဲလေ..အဲဒီလို အစီအစဉ် တွေစပြီဆိုတာနဲ့ရန်ကုန်မြို့နိုင်/ကျဉ်းအဖွဲ့ဝင်လုပ်ငန်းရှင်တစ်ဦးကအရင်ဆုံး လမ်းမှာသုံးစွဲ ဖို့အတွက်ငွေကျပ် သိန်း(၂၂၀) ကိုမတည်ပေးခဲ့ကြောင်း ၊ဆေးဝါး၊ အသုံးအဆောင်ပစ္စည်းတွေကိုလည်း လှူဒါန်း ခဲ့ သေး ကြောင်း အဖွဲ့ဝင်တစ်ဦးရဲ့ပြောပြချက်အရ သိရှိရပါတယ်။ ဒါတင်မကပဲ ရန်ကုန်ကစထွက်ပြီ ဆိုကတည်းက လက်ဖက်ရည်ဆိုင်တွေ့ ရင် ၀င်သောက်တယ၊် ထမင်းဆိုင်တွေ့ ရင် ၀င်စားတယ်၊ ဘုန်းကြီးကျောင်းတွေ့ရင်ဝင်အိပ်တယ် အလှူငွေ လိုက်တောင်းတယ် ၊ဒီလိုနဲ့ လုပ်လာလိုက် တာမကြာပါဘူး ထောင်ထွက်တွေဆိုတော့လည်း သိတဲ့အတိုင်း၊ ပိုက်ဆံလေး နည်းနည်း မြင် လာရင် နေလို့မရတော့ အချင်းချင်းစားခွက်လုရင်း ဝေစုမတည့်တော့ သီဟ ကတစ်ဖွဲ့၊ ရဲထွဋ်ခေါင်က တစ်ဖွဲ့နဲ့ တစ်ကွဲစီ ဖြစ်တော့တာပဲ။

ဒါပေမယ့် သူတို့အလုပ်ကပျော်စရာတော့ကောင်းတယ်ဗျ လမ်းလျှောက် ဆန္ဒဖော်ထုတ်တာနဲ့မတူပဲ အပျော်ခရီး ထွက်လာသလိုပဲ ၊ မန္တလေးရောက်တော့ ဈေးချိုမှာ ရှိတဲ့  Five Oceans Shopping Mall ကိုတောင် Shooping ထွက်လိုက်သေးတယ် ၊ရှူ့ခင်းလှတဲ့နေရာလေးတွေ တွေ့ရင် ဓါတ်ပုံတောင်ရိုက်လိုက်သေးတယ၊် ဒါပေမယ့် လမ်းတစ်လျှောက်မှာတွေ့တဲ့သူရဲကောင်းရုပ်ထုတွေ တွေ့ရင်တော့ ကားပေါ်က ခဏဆင်းပြီး အလေးပြု သယောင် လုပ်ပြရသေးတယ် ဒါမှလည်းလာကြည့်တဲ့ ပြည်သူလူထုက ယုံကြည်ပြီး ပေးကြကမ်းကျ အုံးမှာကိုးဗျ။ အဲဒီမှာ ရဲထွဋ်ခေါင် လူလည်ကျပြီးပါလာတဲ့ပိုက်ဆံတွေ လမ်းမှာ လှူထားတဲ့ငွေတွေနဲ့  ရန်ကုန်ကနေ စီးလာ တဲ့ ကား(၁)စီးနဲ့ဆိုင်ကယ် (၁)စီးကိုလည်း မသွားရော ကျန်ခဲ့တဲ့ သီဟ ခဗျာ တော့ လမ်းတစ်လျှောက်မှာ တွေ့တဲ့ ပြည်သူလူထုစီကနေပြီးတော့ စားစရာမရှိလို့ဆိုပြီး အလှူခံနေ ကြောင်း ကိုလည်း တွေ့ ရပါသေးတယ်။
လမ်းတစ်လျှောက် မှာ ကားပေါ်စီးရင်း လိုက်ပါလာပုံတွေကလည်း အင်တာနက်မှာ ပလူပျံအောင် တွေ့နေရပါတယ်။
သတင်းထောက်တွေနဲ့ ပြည်သူလူထု ကွယ်ရာရောက်တဲ့အချိန်၊ မြို့တစ်မြို့နဲ့ တစ်မြို့ကြား လူပြတ်တဲ့ အချိန်တွေမှာ အသင့်ပါလာတဲ့ ကားတွေ ဆိုင်ကယ်တွေနဲ့အသီးသီးလိုက်ပါသွားကြတာတွေကိုလည်း မြင်နေတွေ့နေပါတယ်။ စစချင်းကတော့ ကြားလိုက်ပါသေးတယ် မိုင် ၁၆၀၀ ကို တစ်နေ့ မိုင်(၃၀) နှုန်းနဲ့ လျှောက်မယ် ဆိုပေမယ့်လည်း မိန်းမတွေလည်း ပါတဲ့အတွက်ကြောင့် (၄)လ လောက်တော့ အချိန်ယူရမယ်လို့ ပြောဆို ထားတာတွေ ကိုလည်း တွေ့  မြင် နေရပါတယ်။ သူတို့ပြောသလို တကယ်တမ်း စဉ်းစားကြည့်မယ် မယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး လူတစ်ယောက်ဟာ တစ်နေ့ကို မိုင်(၃၀) လမ်းလျှောက်မယ်ဆို ဘယ်နှစ်ရက် လျှောက်နိုင်မှာလဲ၊ စဉ်းစားကြည့်လို့ရပါတယ်။
ကမ္ဘာ့အကြမ်းခံနိုင်ဆုံး ဆိုတဲ့ အမေရိကန်နိုင်ငံက အထူး တပ်သားတွေ တောင်မှ တစ်ရက်ကို မိုင်(၃၀) နှုန်းနဲ့ တစ်လဆက်တိုက် မလျှောက်နိုင်ပါဘူး။ အဲတော့ လူတွေရုတ်ရုတ်သည်းသည်းနဲ့ ဖြစ်နေချိန်မှာ ကွမ်းယာထွက်ဝယ်မိလို့ ဖမ်းခံရပြီး ထောင်ကျခဲ့ရာ ကနေ ပြန်လွတ်လာတော့ နိုင်ငံရေး အကျဉ်းသားဟောင်းကြီး တွေလို့ခံယူထားတဲ့ ထောင်ထွက် သူရဲကောင်းကြီးတွေရဲ့ကမ္ဘာ့စံချိန်တင်မယ့် မိုင်ပေါင်း ၁၆၀၀ လမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲ အကြောင်းကို ပြုစုရေးသားလိုက်ရပါတယ်..။
နေမင်းသံလွင်
No comments:
Post a Comment