22-5-2014
နိုင်ဂျီးရီးယား နိုင်ငံအ လယ်ပိုင်း ဂျို့စ်မြို့တွင် ဗုံးပေါက် ကွဲမှုနှစ်ကြိမ် ဖြစ်ပွားရာမှ အနည်း ဆုံး အလောင်း ၁၁၈ လောင်း ရှာ ဖွေတွေ့ရှိထားသည်ဟု နိုင်ဂျီးရီး ယားအရေးပေါ်အခြေအနေစီမံ ခန့်ခွဲရေး အဖွဲ့က ပြောသည်။
ပထမအကြိမ် ဗုံးပေါက်ကွဲ မှုမှာ လူစည်ကားသော ဈေးတစ်ခု အတွင်း ဖြစ်ပွားခဲ့ပြီး ဒုတိယဗုံးမှာ ဆေးရုံတစ်ခုအနီး အပြင်ဘက် တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ယင်းဗုံးခွဲတိုက်ခိုက်မှုမှာ မည် သည့်အဖွဲ့၏ လက်ချက်ဖြစ် ကြောင်း မသိရသော်လည်း ဘိုကို ဟာရမ်အဖွဲ့မှ စစ်သွေးကြွများက မကြာမီကာလအတွင်း ဗုံးခွဲ တိုက် ခိုက်မှု အများအပြား ပြုလုပ်ခဲ့ သည်။

ဂျို့စ်မြို့တွင် မကြာမီနှစ်များ အတွင်း ခရစ်ယာန်နှင့် မွတ်စလင် များကြား
ဆိုးရွားသော ပဋိပက္ခ များ ဖြစ်ပွားခဲ့သည်။ ဗုံးခွဲတိုက် ခိုက်မှု
နှစ်ခုအတွင်း ထိခိုက်သေ ဆုံးသူ အများစုမှာ အမျိုးသမီး များဖြစ်သည်ဟု
ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ပြောရေးဆို ခွင့်ရှိသူက အေအက်ဖ် ပီသတင်း
ဌာနအား ပြောသည်။ ဗုံးပေါက်ကွဲ မှုများ ဖြစ်ပွားရာ ဈေးနှင့် ဘတ်စ်
ကားဂိတ်တို့မှာ ဂျို့စ်မြို့၏ စီးပွား ရေးအချက်အချာကျရာ ဖြစ် ကြောင်း
သိရသည်။
ပထမဗုံး ပေါက်ကွဲပြီး နောက် နာရီဝက်ခန့်အကြာတွင် ဒုတိယဗုံး ပေါက်ကွဲခြင်းဖြစ်ပြီး ကယ်ဆယ် ရေးလုပ်သားအချို့ သေဆုံးခဲ့ သည်။
ယင်းဒေသအတွင်း လူ ငယ်များက လမ်းများကို ပိတ်ဆို့ ထားပြီး တင်းမာမှုမြင့်တက်နေ သည်ဟု ဘီဘီစီသတင်းထောက် အီဗရာဟင်က ပြောသည်။ တည် ငြိမ်အေးချမ်းစေရန် ဘာသာရေး ခေါင်းဆောင်များက တိုက်တွန်း ထားကြောင်း သိရသည်။
ယင်းဗုံးခွဲတိုက်ခိုက်မှု ဖြစ် ပွားရာနေရာများမှ အလောင်း ၁၁၈ လောင်း တွေ့ရှိထားပြီး မရှာ ဖွေရသေးသော နေရာများ ရှိနေ သေးသောကြောင့် သေဆုံးသူ အရေအတွက် ပိုများလာဖွယ်ရှိ သည်ဟု အရေးအပေါ်အခြေအ နေ စီမံခန့်ခွဲရေးအဖွဲ့ ညွှန်ကြား ရေးမှူး မိုဟာမက် အဗ္ဗဒူ လာဆ လမ်းက ပြောကြားပြီး ဒဏ်ရာရ သူ ၅၆ ဦးရှိကြောင်းသိရသည်။
—Ref: BBC

No comments:
Post a Comment