Thursday, May 22, 2014

အဝါရောင်အဆင့်ရှိ မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းသို့ ၂၄နာရီအတွင်း ဦးတည်နိုင် ငါးဖမ်း သင်္ဘောများ မုန်တိုင်းအန္တရာယ်သတိပြုရန် ထုတ်ပြန်ထား

မဇ္ဈိမသတင်းဌာန
ရန်ကုန်၊ မဇ္ဈိမ။ ။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အဝါရောင် အဆင့်ရှိ
မုန်တိုင်းငယ်သည် ၂၄ နာရီအတွင်း မြန်မာနိုင်ငံရှိ ရခိုင်ကမ်းရိုးတန်းသို့
ဦးတည်ရွှေ့လျားလာနိုင်သည်ဟု မေ ၂၂ တွင် မိုးဇလက သတိပေးချက်
ထုတ်ပြန်လိုက်သည်။
နံနက် ၁၁နာရီ ၃၀မိနစ် တိုင်းထွာချက်အရ မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ
ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သေ င်္ဘာများကိုလည်း မုန်းတိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရန် သတိပေးထားသည်။
လက်ရှိအခြေအနေတွင် မုန်တိုင်းငယ်သည် ဂွမြို့၏ အနောက်တောင်ဘက်မိုင်(၁၆၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက်(၁၅၅)မိုင်ခန့်၊စစ်တွေမြို့၏
တောင်-အနောက်တောင် ဘက်၂၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု မိုးဇလက ဆက်လက်ထုတ်ပြန်ထားသည်။

No comments: