15-5-2014
Author: ဇွဲဉာဏ်
အမြန်လမ်းမကြီးသည် အမြန်လမ်းအဆင့်အထိ မတည်ဆောက်ရသေးသောကြောင့် ယာဉ်မောင်းများအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ထားသော စည်းကမ်းချက်များကို လိုက်နာမောင်းနှင်မှသာ အန္တရာယ်ကိုလျှော့ချနိုင်မည် ဖြစ်ကြောင်း အမြန်လမ်းဆောက်လုပ်ရေးအင်ဂျ င်နီယာမှူးကြီးဦးကြည်ဇော်ြ မင့်ကပြောသည်။
‘‘ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးက အမြန်လမ်းအဆင့်ထိ မတည်ဆောက်ရသေးတာ ကြောင့် အပြည့်အ၀ထိန်းချုပ်လို့ မရသေးပါဘူး။ အမြန်မောင်းလို့ရအောင် ခြံစည်းရိုးကာတာတွေ၊ သတိပေး Flash Light လေးတွေ အဲဒါတွေ အကုန်လုံး ပြီးပြည့်စုံအောင်မတပ်ဆင်ရေ သးဘူး။ အကြံပြုချက်အတိုင်းသာ ကားကိုမောင်းပါ။ အက်ဆီးဒင့်ဖြစ်ဖို့ အခွင့်အရေးက အရမ်းနည်းပါတယ်’’ ဟု ၎င်းက နိုင်ငံပိုင်ရုပ်မြင်သံကြား နှင့် အင်တာဗျူးတွင်ဖြေကြားထားခြင်းဖြစ်သည်။
ထို့ကြောင့် USAID အဖွဲ့မှ လမ်းအန္တရာယ်ကင်းရှင်းရေး ဒီဇိုင်းလုပ်နည်းကို သင်ကြားပေးရန် ဆွေးနွေးလျက်ရှိပြီး အမြန်ဆုံးအကောင်အထည်aဖ်ာနို င်ရန် ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။
‘‘US AID က ကျွန်တော်တို့ဆီကို လာဆွေးနွေးပါတယ်။ ၁၀ ကီလိုမီတာကို လမ်းအန္တရာယ်ကင်းရှင်းရေးဒီဇိုင်း
သင်ပေးမယ်။ ကျွန်တော်တို့ မြန်မာအင်ဂျင်နီယာတွေ ဒီဇိုင်းထုတ်ပါ။ ပြီးရင်
ကိုယ်တိုင်သူတို့ပေးတဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ပါဆိုပြီး Training Project
လေးတစ်ခုကို လာကမ်းလှမ်းပါတယ်။ အဲဒီကိစ္စလည်း ဆွေးနွေးနေတယ်။
အမြန်ဆုံးအကောင်အထည်ဖော်ဖို့  ဆောက်ရွက်နေတယ်’’ ဟု ပြော သည်။
အမြန်လမ်းစဖွင့်ချိန်မှ ယနေ့အထိ သေဆုံးသူ ၃၆၀ကျော်ရှိနေ ပြီဖြစ်ပြီး လမ်းနှင့်ယာဉ်မောင်း များအပေါ် ပြစ်တင်ဝေဖန်မှုများ ရှိနေချိန်ဖြစ်သည်။
‘‘တကယ်လို့ မပြီးသေးဘူးဆိုရင်လည်း အကုန်ပြီးမှဖွင့်ပေါ့။ သူတို့ ညွှန်ကြားချက်တွေကို ယာဉ်မောင်းတွေသိအောင်သေချာရှင်းပြရဲ့လား။ ဒါဟာတစ်နည်းအားဖြင့် လမ်းကြောင့် ခုလို ဖြစ်တာလို့ ၀န်ခံလိုက်တာပါပဲ’’ဟု အဝေးပြေးယာဉ်မောင်းတစ်ဦးက ဝေဖန်ပြောဆိုသည်။
ရန်ကုန်-မန္တလေး အမြန် လမ်းကို ၂၀၀၉ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းပြီး ယခင် လမ်းဟောင်းထက် ခရီးမိုင် ခြောက်ဆယ်ကျော် ပို၍နီးခြင်း၊ သတ်မှတ်ယာဉ်များသာသွားလာခွင့်ပြုခြင်း ၊ မြို့ရှောင်လမ်းဖြစ်ခြင်း စသည့်အချက်များကြောင့် သွားလာသည့် ယာဉ်အစီးရေများလာကာ ယာဉ်မတော်တဆဖြစ်မှုများလာခဲ့ သလို ၂၀၁၄ခုနှစ်တွင် ယာဉ်မတော်တဆမှုများ ပို၍ မြင့်တက်လာကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။
ယာဉ်မတော်တဆမှုများနှင့် ပတ်သက်၍ အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးကြီးနေ၀င်းက ယာဉ်မတော်တဆမှုများ ပို၍မြင့်တက်လာခြင်း သည် လမ်းချို့ယွင်းမှုထက် ယာဉ်မောင်းများကြောင့် ပို၍ များလာခြင်းဖြစ်သည်ဟုဆိုသည် ။
ရန်ကုန်-မန္တလေး အမြန်လမ်းကို မူလစီမံကိန်းမှာ ရှစ်လမ်းသွားဖြစ်ပြီး နိုင်ငံတော်၏ ဘက်ဂျက် အခြေအနေကြောင့် လေးလမ်းသွားသာလက်ရှိအခြေအနေ တွင် ဖောက်လုပ်ထားခြင်း ဖြစ်သည်။
အဆိုပါလမ်းကို ရှစ်လမ်းသွား တိုးချဲ့နိုင်ရန် အမေရိကန်နိုင်ငံ ကူညီထောက်ပံ့ရေးအဖွဲ့(USAID ) မှ ဒေါ်လာ တစ်သန်းခွဲနည်းပညာအကူအညီများ ပေးနေကြောင်း ပြည်သူ့ဆောက်လုပ်ရေးဦးဆောင်ညွန်ကြားရေးမှူး ဦးကျော်လင်းက ပြီးခဲ့သည့် ၂၀၁၃အတွင်း ပြောကြားထားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းသည် ရန်ကုန်မှ ၈၃ မိုင်အကွာအထိ ဆည်များကိုရှောင်၍ ဖောက်လုပ်ထားရသဖြင့် အကွေ့ အကောက်များနေရခြင်း ဖြစ်ကြောင်း ဦးကျော်လင်းကပြောကြားခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းကို ခြောက်နှစ်နှင့်နှစ်လကြာ တည်ဆောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ယခင်အစိုးရလက်ထက်က လမ်းများဖောက်လုပ်ရာ၌ ရရှိထားသော ဘတ်ဂျက်ဖြင့် လမ်းပေါ်သွားလာနေသူများ ဘေးအန္တရာယ် လုံခြုံရေးထက် လမ်းရှည်ရေးနှင့်အချိန်မီပြီး စီးရေးကိုသာ ဦးတည်ဆောင်ရွက်ခဲ့ရကြောင်း ဦးကျော်လင်းကပြောကြားဖူးသည်။
Author: ဇွဲဉာဏ်
အမြန်လမ်းမကြီးသည် အမြန်လမ်းအဆင့်အထိ မတည်ဆောက်ရသေးသောကြောင့် ယာဉ်မောင်းများအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ထားသော စည်းကမ်းချက်များကို လိုက်နာမောင်းနှင်မှသာ အန္တရာယ်ကိုလျှော့ချနိုင်မည်
‘‘ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးက အမြန်လမ်းအဆင့်ထိ မတည်ဆောက်ရသေးတာ ကြောင့် အပြည့်အ၀ထိန်းချုပ်လို့ မရသေးပါဘူး။ အမြန်မောင်းလို့ရအောင် ခြံစည်းရိုးကာတာတွေ၊ သတိပေး Flash Light လေးတွေ အဲဒါတွေ အကုန်လုံး ပြီးပြည့်စုံအောင်မတပ်ဆင်ရေ
ထို့ကြောင့် USAID အဖွဲ့မှ လမ်းအန္တရာယ်ကင်းရှင်းရေး ဒီဇိုင်းလုပ်နည်းကို သင်ကြားပေးရန် ဆွေးနွေးလျက်ရှိပြီး အမြန်ဆုံးအကောင်အထည်aဖ်ာနို
‘‘US AID က ကျွန်တော်တို့ဆီကို လာဆွေးနွေးပါတယ်။ ၁၀ ကီလိုမီတာကို လမ်းအန္တရာယ်ကင်းရှင်းရေးဒီဇ
အမြန်လမ်းစဖွင့်ချိန်မှ ယနေ့အထိ သေဆုံးသူ ၃၆၀ကျော်ရှိနေ ပြီဖြစ်ပြီး လမ်းနှင့်ယာဉ်မောင်း များအပေါ် ပြစ်တင်ဝေဖန်မှုများ ရှိနေချိန်ဖြစ်သည်။
‘‘တကယ်လို့ မပြီးသေးဘူးဆိုရင်လည်း အကုန်ပြီးမှဖွင့်ပေါ့။ သူတို့ ညွှန်ကြားချက်တွေကို ယာဉ်မောင်းတွေသိအောင်သေချာရ
ရန်ကုန်-မန္တလေး အမြန် လမ်းကို ၂၀၀၉ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းပြီး ယခင် လမ်းဟောင်းထက် ခရီးမိုင် ခြောက်ဆယ်ကျော် ပို၍နီးခြင်း၊ သတ်မှတ်ယာဉ်များသာသွားလာခွင
ယာဉ်မတော်တဆမှုများနှင့် ပတ်သက်၍ အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးကြီးနေ၀င်းက ယာဉ်မတော်တဆမှုများ ပို၍မြင့်တက်လာခြင်း သည် လမ်းချို့ယွင်းမှုထက် ယာဉ်မောင်းများကြောင့် ပို၍ များလာခြင်းဖြစ်သည်ဟုဆိုသည်
ရန်ကုန်-မန္တလေး အမြန်လမ်းကို မူလစီမံကိန်းမှာ ရှစ်လမ်းသွားဖြစ်ပြီး နိုင်ငံတော်၏ ဘက်ဂျက် အခြေအနေကြောင့် လေးလမ်းသွားသာလက်ရှိအခြေအနေ
အဆိုပါလမ်းကို ရှစ်လမ်းသွား တိုးချဲ့နိုင်ရန် အမေရိကန်နိုင်ငံ ကူညီထောက်ပံ့ရေးအဖွဲ့(USAID
ရန်ကုန်-မန္တလေး အမြန်လမ်းသည် ရန်ကုန်မှ ၈၃ မိုင်အကွာအထိ ဆည်များကိုရှောင်၍ ဖောက်လုပ်ထားရသဖြင့် အကွေ့ အကောက်များနေရခြင်း ဖြစ်ကြောင်း ဦးကျော်လင်းကပြောကြားခဲ့သည
ရန်ကုန်-မန္တလေး အမြန်လမ်းကို ခြောက်နှစ်နှင့်နှစ်လကြာ တည်ဆောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ယခင်အစိုးရလက်ထက်က လမ်းများဖောက်လုပ်ရာ၌ ရရှိထားသော ဘတ်ဂျက်ဖြင့် လမ်းပေါ်သွားလာနေသူများ ဘေးအန္တရာယ် လုံခြုံရေးထက် လမ်းရှည်ရေးနှင့်အချိန်မီပြ
No comments:
Post a Comment