Thursday, May 15, 2014
ယူနက်စကိုအဖွဲ့နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ပူးပေါင်းရေးဆွဲမည့် သင်ရိုးညွှန်းတမ်းဖြင့် စီးပွားရေးဆိုင်ရာဘာသာရပ် အခမဲ့သင်တန်းများကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ဇွန်လတွင် စတင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန် စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုဌာန ပါမောက္ခဒေါက်တာ မိုးမိုးခိုင်က မေလ ၁၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
“လူငယ်တိုင်းဟာ စီးပွားရေးဆိုင်ရာ ဘာသာရပ်ကို အခြေခံဆင့်လောက်တော့ တတ်ထားသင့်ပါတယ်။ လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်ဖို့အတွက် သင်ရိုးညွှန်းတမ်းကို ယူနက်စကိုနဲ့ပူးပေါင်းပြီး ရေးဆွဲသွားမှာဖြစ်ပါတယ်။ ဒီသင်တန်းတွေမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဆရာမတွေ သင်ကြားပေးမှာပါ”ဟု ပြောသည်။
အဆိုပါ အခမဲ့သင်တန်းတွင် စီးပွားရေးဆိုင်ရာဘာသာရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်များ၊ လူသားရင်းမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်များကို သုံးလကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးဌာနတွင် မေလ ၁၆ ရက်တွင် လျှောက်လွှာများ စတင်လျှောက်ထားရမည်ဖြစ်ပြီး မေလ ၂၀ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ သင်တန်းများကို ဇွန်လ ပထမပတ်အတွင်း စတင် သင်ကြားပေးသွားမည်ဖြစ်သည်။
pls read more>>http://www.searchmyanmar.com/ link/comment/cid/ 36484#content-36484
သတင်း>>http://www.searchmyanmar.com/ click/search/category/ news?lang=mm
ယူနက်စကိုအဖွဲ့နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ပူးပေါင်းရေးဆွဲမည့် သင်ရိုးညွှန်းတမ်းဖြင့် စီးပွားရေးဆိုင်ရာဘာသာရပ် အခမဲ့သင်တန်းများကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ဇွန်လတွင် စတင်သင်ကြားပေးသွားမည်ဖြစ်ကြောင
“လူငယ်တိုင်းဟာ စီးပွားရေးဆိုင်ရာ ဘာသာရပ်ကို အခြေခံဆင့်လောက်တော့ တတ်ထားသင့်ပါတယ်။ လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်ဖို့အတွက် သင်ရိုးညွှန်းတမ်းကို ယူနက်စကိုနဲ့ပူးပေါင်းပြီး ရေးဆွဲသွားမှာဖြစ်ပါတယ်။ ဒီသင်တန်းတွေမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဆရာမတွေ သင်ကြားပေးမှာပါ”ဟု ပြောသည်။
အဆိုပါ အခမဲ့သင်တန်းတွင် စီးပွားရေးဆိုင်ရာဘာသာရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်များ၊ လူသားရင်းမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်များကို သုံးလကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးဌာနတွင် မေလ ၁၆ ရက်တွင် လျှောက်လွှာများ စတင်လျှောက်ထားရမည်ဖြစ်ပြီး မေလ ၂၀ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ သင်တန်းများကို ဇွန်လ ပထမပတ်အတွင်း စတင် သင်ကြားပေးသွားမည်ဖြစ်သည်။
pls read more>>http://www.searchmyanmar.com/
သတင်း>>http://www.searchmyanmar.com/
No comments:
Post a Comment