Tuesday, May 20, 2014

တပ်ရင်းတပ်ဖွဲ့များမှ ရယူထားသော လယ်ယာမြေများ အရာတော်၌ လွှဲပြောင်းပေးအပ်

20-5-2014
တပ်မတော် (လစရ - ၆) မှ သိမ်းယူထားသော လယ်ယာမြေများ ပြန်လည်ပေးအပ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ရသစ်ကျေးရွာရှိ လယ်ယာမြေ (၂၀၆.၂၁၃) ဧကအား တောင်သူ (၃၈) ဦး၊ ဦးပိုင် (၄၃) တောင်သူများနှင့် ငှက်ပျောခြံကျေးရွာရှိ လယ်ယာမြေ (၆၀.၁၇) ဧက၊ တောင်သူ (၁၉) ဦး၊ ဦးပိုင် (၂၃) တောင်သူများကို ကျေးရွာများသို့ ကွင်းဆင်းပေးအပ်ခြင်းကို မေလ (၂၀) ရက်နေ့၊ ညနေ (၂) နာရီက ရသစ်ကျေးရွာအုပ်စု၊ သပြေသာကျေးရွာ မူလတန်းကျောင်းဝင်း၌ ကျင်းပသည်။

မူလတောင်သူများထံသို့ လယ်ယာမြေများ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးငြိမ်းမောင်မေင်က အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်မြေစာရင်းဦးစီးမှူး ဦးဋ္ဌေးဝင်းက လယ်ယာမြေနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာများကို ရှင်းလင်းပြောကြားကာ ရသစ်ကျေးရွာရှိ တောင်သူ (၃၉) ဦး ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်အား မြို့နယ် အုပ်ချုပ်ရေးမှူးမှ လည်းကောင်း၊ ငှက်ပျောခြံကျေးရွာရှိ တောင်သူ (၁၉) ဦးကိုယ်စား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဇော်အား မြို့နယ်မြေစာရင်းဦးစီးမှူး ဦးဋ္ဌေးဝင်းတို့မှ လယ်ယာမြေနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ ပေးအပ်ကြသည်။

MOI Webportal Myanmar

No comments: