Tuesday, May 20, 2014

ကေအိုင်အေမှ ဖမ်းထားသူများကို မိဘများထံ ဆက်လက်အပ်နှံ

20-5-2014
ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဖမ်းဆီးထားသည့် ဒေသခံ တိုင်းရင်းသား ၁၂ ဦးကို မေ လ ၁၈ ရက်က တန်ဖရဲမြစ်ဆုံတွင် ၎င်းတို့၏ မိဘများထံ အခမ်းအနားဖြင့် အပ်နှံလိုက်သည်။
ကေအိုင်အေ တပ်မဟာ(၁)၊ တပ်ရင်း (၄)က မြစ်ဆုံအနီး နေထိုင်သူ အရပ်သား ၃၂ ဦးကို မေလ ၇ ရက် ည ၁၂ နာရီတွင် လည်းကောင်း၊ တိုင်းရင်းသားအချို့ကို မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာအနီး နေ့လယ်တွင်လည်းကောင်း ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“သူတို့(ကေအိုင်အေ) ပြောတာက တော့စုဆောင်းထားတဲ့သူတွေ ကုန်သွား ပြီလို့ပြောတယ်”ဟု ကချင်ပြည် နယ်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးက ပြောသည်။
မေလ ၁၂ ရက်မှစတင်ကာ စုစုပေါင်း ၅၂ ဦး ပြန်လည်ပေးအပ်ခဲ့သည်။ ကေအိုင်အေ တပ်မဟာ(၁)တွင် မူးယစ်ဆေးဝါးသုံးသူများ၊ ရောင်းဝယ်သူများအား ဖမ်းဆီးရာတချို့ ရောင်းဝယ်သူများသည် အာလမ်အုပ်စုရှိ ရွာငယ်များတွင် ထွက်ပြေးနေသည့်အတွက် ထိုသူများကို ဖမ်းဆီးရာမှ အစိုးရ၀န်ထမ်းနှစ်ဦးကို ဖမ်းမိခဲ့ကြောင်းလည်း ကေအိုင်အေ ဒု-ဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။
mizzima

No comments: