Wednesday,May 7, 2014
ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တပ်မတော်သား တစ်ဦးက သေနတ်ဖြင့် ပစ်မှုတစ်ရပ် အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းအနီးရှိ ရွှေစကား စားသောက် ဆိုင်တွင် မေ ၅ ရက် မွန်းလွဲ၂နာရီခွဲအ ချိန်က ဖြစ်ပွားခဲ့သည်ဟု ကသာခရိုင်ရဲ တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။
သေဆုံးသူမှာ နဘားလျှပ်စစ်ဓာတ် အားခွဲရုံတွင် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသည့် ကိုယ်ပိုင်အမှတ် လ/ ၁၅၃၃၂၄ ရဲတပ်ကြပ်ကြီး ကီခွီးရှိန် ဆိုသူဖြစ်သည်ဟု ကသာခရိုင် ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ ရဲတပ်ကြပ်ကြီး ကီခွီးရှိန် သည် ထမင်းစားပြီး ဒေသခံ ကိုမြင့်ငွေ၊ ကိုမြင့်လှိုင်၊ ကိုမောင်အေး ဆိုသူတို့နှင့် ၀ိုင်းဖွဲ့စကားပြောနေစဉ် နဘားကြီး ကျေးရွာအခြေစိုက်ခလရ (၉၈)(ဖျာပုံ)တပ်မှ ကိုယ်ပိုင် အမှတ် -တ/၇၇၉၁၆ ဒု-တပ်ကြပ်စန်းနိုင်ဆိုသူမှ MA- 3 သေနတ်တစ်လက်ကိုင်ဆောင်၍ အဆိုပါ စား သောက်ဆိုင်အတွင်း ရောက်ရှိ လာသည်ဟု ရဲတပ်ဖွဲ့က ကနဦးစစ်ဆေး ရရှိထားသည်။

“သေဆုံးသူ ရဲတပ်ကြပ်ကြီးရဲ့လက် ၀ဲဘက်ရင်အုံအောက်နေရာမှာ သေနတ်ထိမှန်ပြီး နေရာမှာတင်သေ ဆုံးသွားခဲ့ ခြင်းဖြစ်ပါတယ်”ဟု အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲမြင့် နှင့်အဖွဲ့က မဇ္ဈိမကို ပြောသည်။
အခင်းဖြစ်ရာသို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးရဲမြင့်အဖွဲ့က သွားရောက်ခဲ့ပြီး ခလရ(၉၈)တပ်မှ ဗိုလ် ကြီး ကျော်လင်းအောင်၊ ဗိုလ်နန်္ဒာထိုက်တို့ နှင့်အတူ သေနတ်ပစ်ခတ်မှုဖြစ်စဉ်ကို စစ်ဆေးဆောင်ရွက် လျက်ရှိသည်။
“စစ်ဆေးပေါ်ပေါက်ချက်များအရ သေနတ်ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာမှာ ကျည်ဆန်ခွံတစ်ခု တွေ့ရပါတယ်။ ရှာဖွေ ပုံစံရေးသွင်းပြီး သိမ်းဆည်းထားပါတယ်”ဟု နဘားရဲကင်းစခန်းမှူးဒု-ရဲ အုပ်အောင်နိုင်မြင့်နှင့် အဖွဲ့က ပြောသည်။
အဆိုပါဖြစ်စဉ်အား အရေးယူ ဆောင်ရွက်နိုင်ရန် နဘားရဲကင်းစခန်း မှူး ဒု-ရဲအုပ်အောင်နိုင်မြင့်က တရား လို ပြုလုပ်တိုင်တန်းခဲ့ရာ အင်းတော်မြို့မ ရဲစခန်း က(ပ)၄၈/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂အရ အမှုကို လက်ခံ ခဲ့သည်။
Mizzima
No comments:
Post a Comment