Thursday, May 15, 2014

ဆိုက်ကားစီးနေသူအမျိုးသမီး၏ ရွှေဆွဲကြိုးအား ဆိုင်ကယ်ဖြင့်လုယူမှုဖြစ်ပွား

 15-5-2014
ဆိုက်ကားစီးနေသော အမျိုးသမီးဝတ်ဆင်ထားသည့် ကျပ် ၁ဝ သိန်းတန်ရွှေဆွဲကြိုးအားဆိုင်ကယ်ဖြင့်လုယူထွက်ပြေးသွားမှု မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
မ ၆ ရက် ည ၇ နာရီခွဲတွင် အသက် ၄၅ နှစ်အရွယ်အမျိုးသမီးမှာ ပန်းချီကားဝယ်ယူပြီးအစ်မဖြစ်သူနှင့်အတူဆိုက်ကားစီးပြီး နေအိမ်သို့ပြန်လာ စဉ်ယင်းမှာဆိုက်ကားနောက်မှထိုင်စီးလိုက်လာရာဆိုင်ကယ်အနက်ရောင်တစ်စီးမှ ကပ်လိုက်လာပြီး ဆိုင်ကယ်နောက်တွင် ထိုင်စီးလာသော အင်္ကျီလိမ္မော်ရောင်အ ကွက်ဝတ်ဆင်ထားသူ အသက် ၂ဝ ဝန်းကျင်အမျိုးသားတစ်ဦးမှယင်းဝတ်ဆင်ထားသော လော့ကတ်သီးပါရွှေဆွဲကြိုးအား ဖြုတ်ယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
ဆွဲကြိုးလုယူခံရသူအမျိုးသမီးမှာ မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက် ဥဇ္ဇနာ ၃ လမ်းတွင်နေထိုင်သူဖြစ်ပြီး ဆွဲကြိုးမှာအလေးချိန် တစ်ကျပ်ခွဲသားခန့်ရှိပြီး တန်ဖိုး ၁ဝ သိန်းခန့်ရှိကြောင်း သိရသည်။
ဆိုင်ကယ်ဖြင့် ဆွဲကြိုးလုယူသွားသူနှစ်ဦးအား မြောက်ဥက္ကလာပ မြို့မ ရဲစခန်းမှ (ပ)၃၇၄/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈၂/၁၁၄ ဖြင့် မေ ၇ ရက်တွင် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Flower News Journal ၊

No comments: