Monday, May 26, 2014
ရှမ်းပြည်နယ်၊ တောင်ကြီး မြို့၊ နောင်လေကျေးရွာအုပ်စုရှိ ရွာပေါင်း ၄ ရွာမှ မြေဧက၄၆၇. ၁၆ ဧကကိုတောင်ကြီးကွန်ပျူတာ တက္ကသိုလ်မှအသုံးပြုနေပြီးအဆိုပါ မြေဧကထဲမှ ၂၅၂.၁၆ဧက ကို မေလ ၁၀ ရက်နေ့ကပြန်လည် ပေးအပ်ရန်မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင် အတွင်းရေးမှူးတာဝန်ရှိသူတို့မှ ဘုရားကိုးဆူကျောင်းတိုက်တွင် ကျေးရွာသူ/သားများနှင့်လာ ရောက်တွေ့ဆုံပြောကြားသွား ကြောင်း သိရသည်။
မြေပြန်ပေးမည်ဟုပြောဆို သော မြေဧကထဲတွင် တောင်သူ ၇၁ဦးမှာယခင်စိုက်ပျိုးလုပ်ကိုင် သည့်မြေဧကအတိုင်းပြန်လည်ရရှိ မည်ဖြစ်သော်လည်းကွန်ပျူတာတက္က သိုလ်ကျောင်း၏အနောက်ခြမ်း တစ်ဝက်ခွဲပေးခြင်းကြောင့် တချို့ ဧက ယခင်အတိုင်းရရှိရန်မလွယ် ကြောင်း ရွာသားများမှပြော သည်။
မြေပြန်ပေးမည်ဟုပြောဆို သော မြေဧကထဲတွင် တောင်သူ ၇၁ဦးမှာယခင်စိုက်ပျိုးလုပ်ကိုင် သည့်မြေဧကအတိုင်းပြန်လည်ရရှိ မည်ဖြစ်သော်လည်းကွန်ပျူတာတက္က သိုလ်ကျောင်း၏အနောက်ခြမ်း တစ်ဝက်ခွဲပေးခြင်းကြောင့် တချို့ ဧက ယခင်အတိုင်းရရှိရန်မလွယ် ကြောင်း ရွာသားများမှပြော သည်။
တောင်ကြီးကွန်ပျူတာ တက္ကသိုလ်မြေမှာ ၁၉၉၁-၉၂ တွင် တပ်တည်ဆောက်ရန် ရည် ရွယ်ပြီးထီဦး၊ ထီတဖြေ၊ မွူးရောင်း၊ မဲတောင်း၊ ရွာသားများစိုက်ပျိုးနေ သောမြေဧက ၄၆၇.၁၆ ဧကကို သိမ်းယူခဲ့ပြီးနောက်ပိုင်းအသုံး မပြုဘဲသိပ်္ပံနှင့် နည်းပညာဝန်ကြီး ဌာနသို့ ၂၀၀၀ပြည့်နှစ်မှာသိမ်းယူ သည့်မြေဧကအတိုင်းလွှဲပြောင်း ပေးခဲ့ပြီး ကွန်ပျူတာတက်္ကသိုလ် တည်ဆောက်ခဲ့ကြောင်း၊ ပင်မ အဆောက်အဦးလည်း ပြီးစီး ယခင်တပ်တည်ဆောက်ခဲ့စဉ်က ဆောက်လုပ်ထားသောအဆောက် အဦးတိုးချဲ့အဆောက်အဦးစုပေါင်း အသုံးပြုဧကမှာ ခန့်မှန်းဧက ၄၀ လောက်ရှိနေပြီး ယခုပြန်ပေးပြီး လက်ကျန်မြေဧကမှာ ၂၅၀ ဖြစ် နေခြင်းကြောင့် အဆိုပါဧကထဲ တွင် တောင်သူအမြောက်အမြား ကျန်ရှိနေသေးကြောင်းတောင်သူ များမှပြောသည်။ သိပ်္ပံနှင့်နည်း ပညာဝန်ကြီးဌာနမှ ဒီလောက်ဘဲ ပြန်ပေးပါဟုဆိုသောကြောင့် ပြန်ပေးရတာဖြစ်ကြောင်းကိုလည်း တာဝန်ရှိသူများမှပြောသည်။
““ကျွန်တော်တို့ကကျောင်းသုံး မြေခြံရံပြီးပြန်ပေးဖို့တောင်းဆို လိုက်တာ။ စိုက်ပျိုးနေတဲ့ ရွာသား ၁၀၀ ဦး လက်မှတ်ရေးထိုးတင် ပြခဲ့တယ်။ ပြန်ပေးတာ ၇၁ဦး၊ မြေဧက ၂၅၀ကျော်ရတယ်။ ဒါပေမဲ့တစ်ကြိမ်တစ်ခါမှတင်ပြ ခြင်းမရှိ ၁၄ဦး ရရှိတယ်။ အဲဒီ ထဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုယ်တိုင် ပါဝင်ပြီး ကျွန်တော်တို့ တင်ပြစဉ်က ဒီကောင်တွေအဖမ်း ခံရလိမ့်မယ်။ သူတို့ကိုဖမ်းဖို့ တရားစွဲဖို့ တာဝန်ရှိတဲ့လူတွေ လုပ်နေပြီး သူတို့ကို ကူညီပေးတဲ့ လူတွေလာရောက်တွေ့ဆုံမေးမြန်း တဲ့ မီဒီယာတွေလည်း ဖမ်းမှာဟု ပြောဆိုခဲ့သော သူတို့ယခုအခါ ပြန်လည်ရရှိနေပါကြောင်း အဆို ပါ ၁၄ဦးကိုလည်း နိုင်ငံတော်မှ ပြန်ပေးတဲ့အခါတင်ပြသူအားလုံး ရရှိနေမည်ထင်မှတ်နေမှာစိုးလို့ တာဝန်ရှိတဲ့ သူတွေဆီစာတင် ထားတယ်။ ကျွန်တော်တို့ ၁၀၀ ဦး တင်ပြတဲ့ အထဲက၃၀ဦးကျန် နေ သေးတယ်။ ယနေ့တိုင်လည်း စိုက်ပျိုးနေတယ်။ ၃၀ဦး မြေ ဧကဟာလည်းကျောင်းနဲ့ အဝေး ကြီးမှာ ကျန်နေသေးတယ်။ ဘာကြောင့် ကျန်နေခဲ့သလဲမသိ ဘူး။ တာဝန်ရှိတဲ့လူတွေကို ထပ်မံ တင်ပြတောင်းဆိုသွားမယ်”ဟု ပြောသည်။
မြေပြန်လည်ရရှိသူ ယခင် က ဧကအတိုင်းမရရှိသူ ၂ဦး လောက်ကပါဝင်နေပြီး အဆိုပါ ဧကများ ပြည့်ဝအောင်ရရှိရန်ကို လည်းဆောင်ရွက်ပေးဖို့လိုကြောင်း၊ ပေးတာတော့ပေးတယ်တစ်ဝက် ဖြတ်ပေးတော့ဖြတ်တဲ့တစ်ဝက်မှာ ကျွန်တော်ကပါနေတယ်။ အဲဒါ ဘယ်လိုလုပ်မလဲ။ ဧကဘယ် လောက်မှလည်းမရှိဘူး။ စဉ်းစား ပေးပါဦး”ဟု ပြောသည်။
အဆိုပါမြေယာကိစ်္စကို ကူညီဆောင်ရွက်ပေးနေသော ပါတီတစ်ခုမှ ကျန်မြေဧကများ ရရှိရန်အတွက် ဆက်လက်တင်ပြ သွားမည်ဟုပြောဆိုပြီး အဆိုပါ ကျန်မြေဧကတွင်လည်းသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသုံးပြု ရန်ရှိသောနည်းပညာပစ္စည်းထုတ် လုပ်မည့်အဆောက်အဦးဆောက် လုပ်ရန်ရှိသည်ဟုပြောဆိုနေသလို ၀န်ကြီးအပန်းဖြေစခန်းဗွီအိုင်ပီ ရပ်ကွက်ဝန်ထမ်းအိမ်ယာတို့ ဆောက်လုပ်မယ်ဟုသတင်းများ ထွက်ပေါ်နေပြီးမြေပြန်လည်ပေး သောနေ့ကရှင်းပြသောမြေပုံတွင် လည်း ကျန်မြေ ၂၅၀ဧကထဲတွင် စီမံချက်များ ပုံစံများရေးဆွဲထား ကြောင်း၊ သို့သော်လည်း ယခင် တပ်ဆောက်လုပ်ထားသည့်အဆောက် အဦးနှင့် ပင်မအဆောက်အဦး၊ တိုးချဲ့အဆောက်အဦးမှလွဲရင် ဘာမှမရှိသေးဘဲဖြစ်နေပါသည်။ တိကျသောအဖြေမရရှိသေး ကြောင်း၊ အဆိုပါတောင်ကြီး ကွန်ပျူတာတက္ကသိုလ်မြေဧကမှာ ကမ္ဘာမှာမြန်မာပြည်ကတောင်ကြီး ကွန်ပျူတာတက်္ကသိုလ်ရဲ့ ၂၅၀ ဧက ရှိလိမ့်မည်တက္ကသိုလ်ရှိမယ် မထင်ပါ”ဟု မှတ်ချက်ပြုပြောဆို သွားပါသည်။
Hot News Journal

No comments:
Post a Comment