Sunday, May 18, 2014

အသားများ ကို မချက်ပြုတ် မီ ဘီယာရည် ၌ စိမ်ခြင်း သည် ကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ် ပေးနိုင် ဟု သိပ္ပံ ပညာရှင် များ ပြောကြား

မေလ ၁၈ ရက် ၂၀၁၄ ခုနှစ်

ဘီယာကို ဆီ၊ ဟင်းခတ် အမွှေး အကြိုင် များနှင့် ရောနှော ၍ သား၊ ငါးများ မချက်ပြုတ် မီ စိမ်ရည် အဖြစ် အသုံး ပြုပါက ယင်း အရည် သည် အသားကင် များတွင် ကင်ဆာ ဖြစ်ပွား စေသော အန္တရာယ် ရှိသည့် ပစ္စည်း များ ဖွဲ့စည်း ဖြစ်ပေါ် လာမှုကို လျော့ကျ စေနိုင် သည်ဟု သိပ္ပံ ပညာရှင် များက ပြောကြား သည်။ ယခင် လေ့လာ တွေ့ရှိချက် များ အတွင်း အသား ကင်များ စားသုံး ခြင်းနှင့် ကင်ဆာ ရောဂါ ဖြစ်ပွားမှု တို့ ကြားတွင် ဆက်နွှယ် မှု တစ်ခု ရှိနေကြောင်း ကို လေ့လာ သူများ က ဖော်ပြ ခဲ့ကြ သည်။ Polycyclic aromatic hydrocarbons (PAHs) သည် အသား များ ကို အပူချိန် ပြင်းပြင်း ၌ ချက်ပြုတ် ရာ တွင် ဖွဲ့စည်း ဖြစ်ပေါ် နိုင်သည့် ဓာတု ပစ္စည်းများ ဖြစ်သည်။
PAHs သည် စီးကရက် အခိုး အငွေ့နှင့် ကား အင်ဂျင်မှ ထုတ်လွှတ် သော အခိုးများ ၌ လည်း ပါရှိ တတ်ပြီး PAHs ပမာဏ အလွန် များပြား ခြင်း သည် ကင်ဆာ ရောဂါ ဖြစ်ပွား စေမှုနှင့် ဆက်စပ်မှု ရှိကြောင်း ကို တိရစ္ဆာန် များ၌ စမ်းသပ်ခြင်း အားဖြင့် သိရှိ ခဲ့ကြ ပြီး ဖြစ်သည်။ သို့ရာ တွင် တိရစ္ဆာန် များတွင် စမ်းသပ် ရရှိခဲ့သည့် ရလဒ် သည် လူသားများ အတွက် မှန်ကန်မှု ရှိနိုင်၊ မရှိနိုင် ကိုမူ အတိ အကျ မဖော်ထုတ် နိုင်သေး ပေ။ အသား များကို မချက်ပြုတ် မီတွင် ပဏာမ အားဖြင့် ၎င်း တို့ကို ဘီယာ၊ ဝိုင် သို့မဟုတ် လက်ဖက်ရည် အတွင်း၌ စိမ်ခြင်းသည် အသား ချက်ပြုတ်ရာတွင် ဖြစ်ပေါ် လာနိုင်ဖွယ် ရှိသည့် ကာဆီနိုဂျင်(ကင်ဆာ ဖြစ်စေသောအရာ)ပမာဏများကို လျော့ကျစေနိုင်ကြောင်း သိပ္ပံပညာရှင် များက ပြောကြားသည်။
စပိန်နိုင်ငံ ဗီဂိုတက္ကသိုလ်နှင့် ပေါ်တူကီ နိုင်ငံ ပေါ်တို တက္ကသိုလ် တို့မှ သိပ္ပံ ပညာရှင် များသည် ဘီယာရည် ဖြင့် လေးနာရီ ကြာ စိမ်ထား သည့် ဝက်သား နှင့် ဘီယာရည် မစိမ် ထားသည့် ဝက်သား တို့ကို ကင်၍ အဆိုပါ ဝက်သား များ၌ PAHs ပါဝင်မှု ပမာဏ များကို နှိုင်းယှဉ် ကြည့်ခဲ့ရာ တွင် ဘီယာရည် စိမ်ထား သည့် ဝက်သား များတွင် PAHs ပါဝင်မှု ပမာဏ သည် ဘီယာရည် မစိမ် ထားသည့် ဝက်သား များတွင် ရှိသည့် ပမာဏ ထက် ထက် ဝက် ကျော်ခန့် ပါဝင်မှု လျော့နည်း ကြောင်း တွေ့ရှိ ခဲ့ကြ သည်။ ထို့ကြောင့် အသားများ ကို မချက်ပြုတ် မီ ဘီယာရည် ထဲ၌ စိမ်ထားခြင်း သည် PAHs ပမာဏ ကို လျော့ကျ စေသည့် နည်းလမ်း ဖြစ် ကြောင်း သိပ္ပံ ပညာရှင် များက ပြောကြား သည်။

Golden Land Myanmar

No comments: