Tuesday, May 27, 2014

ပြန်ပေးဆွဲခံထားရသော ကျောင်းသူ ၂၀၀ ကျော်ရှိသည့် နေရာကို သိထားပြီဟု နိုင်ဂျီးရီးယားစစ်တပ်ပြော

Tuesday, May 27, 2014
အဘူဂျာ- ဘိုကိုဟာရမ်စစ်သွေးကြွများ ဖမ်းဆီးခေါ်ဆောင်သွားသော ကျောင်းသူ ၂၀၀ ကျော် ရှိသည့် နေရာကို သိရပြီဖြစ်ကြောင်း နိုင်ဂျီးရီးယားစစ်တပ်အကြီးတန်းအရာရှိတစ်ဦးက မေလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

‘‘မိန်းကလေးတွေအတွက် သတင်းကောင်းကတော့ သူတို့ဘယ်မှာ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့တွေ သိထားပါတယ်။ ဒါပေမဲ့ ထုတ်မပြောနိုင်ပါဘူး’’ ဟု လေတပ်အကြီးအကဲ အဲလက်စ်ဘက်ဒါက သတင်းထောက်များအား ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်တွင် နိုင်ဂျီးရီးယားကျောင်းသူ ၂၀၀ ကျော် ပြန်ပေးဆွဲခံရမှုနှင့်ပတ်သက်၍ နိုင်ဂျီးရီးယားအစိုးရနှင့် စစ်တပ်မှာ အပြင်းအထန် ဝေဖန်ခံနေရပြီး နောက်ဆုံးတွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြည်ပနိုင်ငံများ၏ အကူအညီကို ယူခဲ့ရသည်။
  
လေတပ်အကြီးအကဲက စစ်ရေးလျှို့ဝှက်ချက်အရ ကယ်ဆယ်ရေးလုပ်ငန်း အသေးစိတ်ကို ထုတ်ဖော်ပြောကြားရန် ငြင်းပယ်ခဲ့ပြီး အစိုးရသည် ကျောင်းသူကလေးများ ပြန်လည်လွတ်မြောက်စေရန် ကြိုးပမ်းလျက်ရှိသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

7Day News Journal

No comments: