မေလ ၁၈ ရက် ၂၀၁၄ ခုနှစ်
မြန်မာ့ ရေထွက်ကုန် မွေးမြူရေး ကဏ္ဍ သည် နောင် လာမည့် နှစ် အနည်းငယ် အတွင်း တွင် အာရှ ၏ အအောင်မြင် ဆုံး ထိပ်သီး နိုင်ငံများ စာရင်း တွင် ပါဝင် လာနိုင်ဖွယ် ရှိကြောင်း ပညာ ရှင်များ က ပြော သည်။ ခေတ် စနစ် များ ပြုပြင် ပြောင်းလဲ လိုက်ပြီး နောက်ပိုင်း တွင် ကမ္ဘာ့ နိုင်ငံ အသီးသီး မှ စီးပွားရေး ပိတ်ပင် မှုများ ကို ဖြေလျှော့ လိုက်သဖြင့် နည်း ပညာ အဆင့် အတန်း မြင့်မား သော နိုင်ငံ အသီးသီး မှ အကူအညီ များလည်း ရရှိ နေပြီ ဖြစ်သည်။ ကမ္ဘာ့ နိုင်ငံ အသီးသီး ၏ စီးပွားရေး ပိတ်ဆို့ မှုများ ကြောင့် မြန်မာ့ ရေထွက် ကုန် မွေးမြူရေး ကဏ္ဍ သည် ပြည်ပ နိုင်ငံ များနှင့် နှိုင်းယှဉ် ပါက အဆင့် အတန်း နိမ့်ကျ လျက် ရှိနေသည့် အပြင် မွေးမြူရေး အပိုင်း တွင် လည်း နည်းပညာ အားနည်း မှု များစွာ ရှိနေ သည်ဟု ရေ ထွက်ကုန် မွေးမြူ ရေး ကဏ္ဍ အသီးသီး မှ ပညာရှင် များ က ပြောသည်။
ပြည်တွင်း ရှိ မွေးမြူရေး လုပ်ကိုင် သူများ အနေဖြင့် လည်း အရေ အတွက် ထက် အရည် အသွေး ကို အဓိက ထား မွေးမြူရန် လိုအပ် နေကြောင်း၊ မိရိုး ဖလာ နည်းပညာ များထက် လက်တွေ့ အခြေ အနေနှင့် ပိုမို ကိုက်ညီ သော ခေတ်မီ နည်းပညာ များကို လိုက်နာ အသုံးပြု ရမည် ဖြစ်သည်။ ပြည်ပ သို့ ရေထွက် ကုန် တင်ပို့မှု နည်းပါး လာခြင်းမှာ အရည် အသွေးမြင့် ထုတ်ကုန် များ မထုတ်လုပ် နိုင်ခြင်း၊ ကုန်ချောမ ထုတ်လုပ် နိုင်ခြင်း၊ ယခုနှစ် တွင် ပုစွန် တင်ပို့မှု နည်းပါး သွားခြင်း နှင့် မွေးမြူရေး ကုန်ထက် ဖမ်းဆီး ရရှိ သည့် ကုန်များ ကို အဓိက ထား နေခြင်း ကြောင့် ဖြစ် သည်ဟု မြန်မာ နိုင်ငံ ငါး လုပ်ငန်း အဖွဲ့ချုပ် မှ ပညာရှင် များက သုံးသပ် ကြသည်။
ရေထွက်ကုန် ပစ္စည်းများ ပြည်ပ သို့ export အတင် ပို့မှု လျော့နည်း နေချိန် တွင် ထူးထူး ခြားခြား မှာယူ တင်ပို့မှု မြင့်တက် လာသည် မှာ ကဏန်း နှင့် ငါးရှဥ့် ဖြစ်ပြီး ပြည်ပ မှ မှာယူ မှုမြင့်မား နေသော ကဏန်း နှင့် ငါးရှဥ့် ကို တိုးမြှင့် မွေးမြူရန် ပြင်ဆင် နေပြီး အခြား ရေထွက် ကုန် မွေးမြူရေး ကဏ္ဍ ကို အဆင့် အတန်း မြှင့်တင် ၍ ပြည်ပ တင်ပို့မှု မြင့်တက် စေရန် ပြန်လည် လုပ်ဆောင် လျက် ရှိသည်။ ရေထွက် ကုန် မွေးမြူရေး ကဏ္ဍတွင် အဓိက ကြုံတွေ့ နေ ရသည့် အခက်အခဲ တစ်ခု မှာ တိရစ္ဆာန် အစာ ကုန်ကြမ်း ဈေးနှုန်း မြင့်တက်ခြင်း ဖြစ်ပြီး ပြည်ပ ဝယ်လက်များ ၏ ဝယ်ယူမှု ကြောင့် ပြည်တွင်း အစာ ကုန်ကြမ်း ဈေးနှုန်း မှာ မြင့်တက် လျက် ရှိသည့် အပြင် ပြည်ပနိုင်ငံ များမှ ပြန်လည် တင်သွင်း မှာယူ နေရသည် အထိပင် ဖြစ်နေသည်။
မွေးမြူရေး ကဏ္ဍ တွင် အဓိက ကျသည့် အခြေခံ အချက် တစ်ခုမှာ ကုန်ချော ထုတ် လုပ်မှုနှင့် ပြည်ပ တင်ပို့မှု ပင်ဖြစ်ပြီး ကုန်ချော ထုတ်လုပ်မှု တွင် လည်း ထုတ်လုပ် ကုန် ပစ္စည်းများ ကို အရည် အသွေး ထိန်းသိမ်း ရန် လိုအပ် ပြီး မိမိ နိုင်ငံမှ ထွက်ကုန် နှင့် လိုအပ် သည့် ပြည်ပ နိုင်ငံများနှင့် ချိတ်ဆက် နိုင်ရန် မှာလည်း အရေးကြီး လာပြီ ဖြစ်သည်။ နိုင်ငံတော် အပိုင်း မှ လည်း ရေထွက် ကုန် မွေးမြူ ရေး လုပ်ငန်း လုပ်ကိုင် သူများကို အရင်း အနှီး မတည် ငွေများ ရရှိ စေရန် ချေးငွေ ထုတ် ချေးခြင်းများ ကို ပြုလုပ် လျက် ရှိပြီး ယခု ထက်ပိုမို ထောက်ပံ့ရန် လည်း လိုအပ် လျက် ရှိနေသည်။ နိုင်ငံ ၏ အခြေခံ သယံဇာတ များ၊ ပြည်ပ မှ အကူ အညီများ၊ နိုင်ငံ တော် ၏ ထောက်ပံ့မှု များ အပြင် အစာ ကုန်ကြမ်း ဈေးနှုန်း များ ကို ထိန်းချုပ် နိုင်ပြီး မွေးမြူ သူများ ၏ လိုအပ် ချက်များ နှင့် ခေတ်မီ နည်းပညာ များ ပံ့ပိုး နိုင်ပါက မြန်မာ့ ရေထွက် ကုန် မွေးမြူရေး ကဏ္ဍ အနေဖြင့် နောင် လာမည့် နှစ် အနည်းငယ် အတွင်း အာရှ နိုင်ငံ၏ အအောင်မြင် ဆုံး စာရင်း တွင် ပါဝင် လာမည် ဖြစ်သည်။
Golden Land Myanmar

No comments:
Post a Comment