မေလ ၁၈ ရက် ၂၀၁၄ ခုနှစ်
ဘရာဇီး လေတပ်အနေဖြင့် အမေရိကန် နိုင်ငံမှ သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်၂ဝ စင်း ဝယ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဘရာဇီးရီရယ် ၃၇၅ သန်း (အမေရိကန် ဒေါ်လာ ၁၇ဝ သန်း) တန်ဖိုးရှိ အမေရကန်နိုင်ငံ ဘိုးရင်းကုမ္ပဏီမှထုတ်လုပ်ခဲ့သည့်Harpoon ပဲ့ထိန်းဒုံးကျည်၂ဝ စင်း ဝယ်ယူသွားမည်ဖြစ်ပြီး သင်္ဘောများ သို့မဟုတ် ရေမျက်နှာပြင်ပေါ်ရှိ ရေငုပ်သင်္ဘောများကို တိုက်ခိုက်ရန် ပုံစံရေးဆွဲထားသော AGM-84L Har- poon Block II ပဲ့ထိန်းဒုံးကျည်၁၆ စင်းနှင့် လေ့ကျင့်ခန်းများ ပြုလုပ်ရန် ရည်ရွယ်ထားသည့် လေးစင်းပါဝင်ကြောင်း သိရသည်။
သို့သော် ၎င်းလက်နက်များကို မည်သည့်အချိန်တွင် ပေးပို့သွားမည် ဆိုသည်နှင့် ပတ်သက်၍ ထုတ်ဖော် ပြောဆိုထားခြင်း မရှိကြောင်းသိရသည်။ အဆိုပါ ရောင်းဝယ်မှုနှင့် ပတ်သက်၍ အမေရိကန်လွှတ်တော်၏ အစီရင်ခံစာ တစ်ရပ်အရ ၎င်းဒုံးကျည်များသည် ဘရာဇီးနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှု စစ်ဆင်ရေးများအပြင် နယ်စပ်လုံခြုံရေး၊ ရေကြောင်းဆိုင်ရာ အရင်းအမြစ်များနှင့် အခြေခံ အဆောက်အအုံများ ကာကွယ်မှုတွင် အထောက်အပံ့ ဖြစ်စေလိမ့်မည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းလက်နက်များ ရောင်းချမှုသည် လက်တင်အမေရိက နိုင်ငံများအကြား အင်အားချိန်ခွင်လျှာ ထိန်းညှိမှုကို မတည်မငြိမ်ဖြစ်စေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
မြ၀တီ

No comments:
Post a Comment