Thursday,May 08, 2014
ကျွန်တော်တို့မြန်မာနိုင်ငံဟာ ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ နိုင်ငံကို ကူးပြောင်းခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုကူးပြောင်းတဲ့အခါ ခက်ခဲမှုများရှိခဲ့ပေမယ့် တစ်ခြားနိုင်ငံတွေလို မဟုတ်ဘဲ ညင်သာစွာပဲ ကောင်းမွန်စွာကူးပြောင်းခဲ့တယ်။
တစ်ခြားနိုင်ငံတွေက အဓိကရုဏ်းတွေ၊ ဆန္ဒပြမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ စနစ်တစ်ခုမှစနစ်တစ်ခုသို့ ကူးပြောင်းခဲ့တာတွေ့ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ညင်သာစွာကူးပြောင်းခဲ့တဲ့အတွက် လွှဲပြောင်းပေးခဲ့တဲ့ စစ်အစိုးရကို ဘယ်လိုဖြစ်ဖြစ် အသိ အမှတ်ပြုသင့်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ နိုင်ငံကို ကူးပြောင်းခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုကူးပြောင်းတဲ့အခါ ခက်ခဲမှုများရှိခဲ့ပေမယ့် တစ်ခြားနိုင်ငံတွေလို မဟုတ်ဘဲ ညင်သာစွာပဲ ကောင်းမွန်စွာကူးပြောင်းခဲ့တယ်။
တစ်ခြားနိုင်ငံတွေက အဓိကရုဏ်းတွေ၊ ဆန္ဒပြမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ စနစ်တစ်ခုမှစနစ်တစ်ခုသို့ ကူးပြောင်းခဲ့တာတွေ့ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ညင်သာစွာကူးပြောင်းခဲ့တဲ့အတွက် လွှဲပြောင်းပေးခဲ့တဲ့ စစ်အစိုးရကို ဘယ်လိုဖြစ်ဖြစ် အသိ အမှတ်ပြုသင့်ပါတယ်။
နောက်တစ်ခုက လူထုနည်းနဲ့ လမ်းပေါ်ဆန္ဒပြမှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် ထိန်းမနိုင်တာ့လို့ စစ်အစိုးရက မဖြစ်မနေလွှဲပြောင်းပေးခဲ့တာ မဟုတ်ပါဘူး။ ဒါကိုလည်း နိုင်ငံတကာက အသိ အမှတ်ပြုပြီးဖြစ်ပါတယ်။ နောက် ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ် လာပြီးတဲ့နောက်မှာ သမ္မတကလည်း အတိုက် အခံတွေ၊ NLD ပါတီတွေကို “မတူတာတွေဘေးဖယ်ပြီး တူတာတွေလုပ်မယ်”ဆိုတာလည်း ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။
အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါတီတွေ ကြားဖြတ်ရွေးကောက်ပွဲ ကနေ လွှတ်တော်ထဲရောက်လာပါတယ်။ ဒါလည်း ပြန်ကြည့်ရရင် နိုင်ငံတိုးတက်ဖို့အတွက် သမ္မတကြီးက တမင်လမ်းဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာပြီး နိုင်ငံအတွက် အားလုံးစုပေါင်းလုပ် ရင် နိုင်ငံတိုးတက်လာနိုင်တယ်လို့ သမ္မတကြီးက တွေးထင်ထားမယ် ထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာဖြစ်မလာပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်မှာ နိုင်ငံတိုးတက်ဖို့ အတွက် စုပေါင်းလုပ်ဖို့ သူ့ခေါင်းထဲမှာ မရှိပါဘူး။ သူက ၂၀၁၅ မှာ သမ္မတဖြစ်ရေးနဲ့ သူအာဏာရရေးကို ခေါင်း ထဲထည့်ထားပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပြင်မရရင် လူထုနည်းဖြင့် လမ်းပေါ်ဆန္ဒပြပွဲတွေကနေ ပြင်မယ် ဆိုပြီး ပြောဆိုနေ တာ တွေ့ရှိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ သမ္မတဖြစ်ရင်ပဲ နိုင်ငံတော်ကြီးက နေ့ချင်း၊ ညချင်းပဲ တိုးတက်သွားမလို ပြောနေကြပါတယ်။ ဒါပေမဲ့ သူသိထားရမှာက ဒီမိုကရေစီပြန်မဆုံးရှုံးရေးနဲ့ သမိုင်း တရားခံမဖြစ်ရေးပါပဲ။ နိုင်ငံအဖတ်ဆယ် မရတော့မှ “ Sorry ” ပါဆိုရင်တော့ တကယ်အလူးအလဲ ခံရမှာက ပြည်သူတွေပါပဲ။ ပြည်သူတွေဟာ ဆင်းရဲစွာဖြင့် နှစ်ပေါင်းမြောက် များစွာ နေလာရပြီး အခုမှမျှော်လင့်ချက်ရောင် ခြည်လေး ပေါ် ထွက်ခါစ အချိန်မှာ ပြန်ပျောက်သွားရင်တော့ စိတ်မကောင်းစရာ ဖြစ်ပါ လိမ့်မယ်။
ဒေါ်စုကြည် အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ မိမိအာဏာရရေးကို တဖြည်းဖြည်းချင်း လုပ်ဆောင်သွားသင့်ပါတယ်။ အလျင် စလိုမလုပ်ဆောင် သင့်ပါဘူး။ တစ်ဖက်မှာလည်း တိုင်းရင်းသားများ ငြိမ်းချမ်းရေးက မရသေး ပါဘူး။ ဒေါ်စုကြည် ဟာ ပြည်သူလူထု ကြီးပွားတိုးတိုက်ရေးအတွက် အစိုးရနဲ့ပေါင်းပြီး လုပ်ဆောင်မယ်ဆိုရင် နိုင်ငံဟာ အလျင် အမြန်တိုးတက်သွားပါလိမ့်မယ်။ ဒါမှမဟုတ်ဘဲ ဖွဲ့စည်းပုံကို အခုအချိန်မှာ မဖြစ်ဖြစ်အောင်ပြင်မယ်ဆိုရင်တော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပါလိမ့်မယ်။
နောက်တစ်ခုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေး ကိစ္စပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ထာဝရငြိမ်းချမ်းရေးရရှိသင့်နေပါပြီ။ ငြိမ်းချမ်းမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ်လုပ်ဆောင် နိုင် မှာဖြစ်ပါတယ်။ နိုင်ငံကြီးမငြိမ်းချမ်းရင် ဘယ်သူအုပ်ချုပ်အုပ်ချုပ် တိုးတက် ဖို့က နှေးကွေးနေဦးမှာဖြစ်ပါတယ်။ အခုအချိန်မှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတယ်၊ နောက်တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ ဒါမကောင်းတဲ့ အချက်ဖြစ်ပါတယ်။
တိုင်းရင်းသားတွေဘက်ကလည်း ငြိမ်းချမ်းရေးအတွက် ဥပဒေနဲ့အညီ လိုက်နာနေထိုင်ဖို့ လိုပါတယ်။ KIOကလည်း သန်းကောင်စာရင်းကောက် ယူရေးကို အဟန့်အတားလုပ်တာ၊ ကောက်ယူရာတွင် လုံခြုံရေး လုပ်ပေးနေတဲ့ စစ်သားတွေကို ချောင်းမြောင်းပစ်ခတ်တာ၊ တရားမ၀င်ဥပဒေမဲ့လုပ်နေတာတွေဟာ တနည်းအားဖြင့် ငြိမ်းချမ်းရေးကို စိတ်မ၀င်စားဘဲ ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ သဘောရှိပါတယ်။
အခုအချိန်မှာ ဒေါ်စုကြည်က ဖွဲ့စည်းပုံပြင်မယ်။ ၂၀၁၅ မှာ အာဏာယူမယ်ဆိုပြီး ဟစ်ကြွေးနေသလို ဂွမ်မော်တို့အုပ်စုကလည်း ၂၀၁၅ ကို စိတ်မ၀င်စားကြောင်းနှင့် ကချင်ပြည်နယ်ခွဲထွက်ချင် သယောင် ငြိမ်းချမ်းရေးကို မလိုလားဟန်တွေပြောဆိုနေကြတာတွေဟာ မကောင်းတဲ့ အပြုအမူတွေပါ။
ဂွမ်မော်တို့အုပ်စုကလည်း ဒေါ်စုကြည်ကို သိပ်ပြီး အယုံအကြည်မရှိပါဘူး။ ဒါ့ကြောင့် ဒေါ်စုကြည် အာဏာရလာခဲ့ရင်လည်း ဖြေရှင်းဖို့ ပိုခက်ပါလိမ့်မယ်။ ဒါ့ကြောင့် အခုအချိန်ကတည်းက ထာဝရငြိမ်းချမ်းရေးရရှိသင့်ပြီး ရရှိအောင်လည်း စုပေါင်းလုပ်ဆောင်သင့် ပါတယ်။
အဲဒီလိုမှမဟုတ်ရင်တော့ နောက်မျိုးဆက်တွေအတွက် ခါးသီးမှုတွေကို ခံစားရပါလိမ့်မယ်။ အခု အချိန်မှာ NLD နဲ့ ၈၈ မျိုးဆက်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ငြိမ်းချမ်းရေးကို စိတ်မ၀င်စား တာတွေ၊ ဘာသာရေး အဓိကရုဏ်းတွေဖြစ်ပြီး အားလုံးမညီမညွတ်နဲ့ဆိုရင် အခုဖြစ်တည်နေသည့် ဒီမိုကရေစီနိုင်ငံကြီး ပြန်ပြီးဆုံးရှုံးသွားမှာကို စိုးရိမ်မိပါကြောင်း………………………..
သုတ
credit to : Online Update News
No comments:
Post a Comment