Wednesday, June 11, 2014

ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံသို့ လေးရက်ကြာသွားမည်

Wednesday, June 11, 2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါနိုင်ငံဝန်ကြီးချုပ် (Mr.Sushil Koirala)၏ ဖိတ်ကြားချက်ဖြင့် နီပေါနိုင်ငံသို့ လေးရက်ကြာ သွားရောက်မည်ဟု အင်န်အယ်လ်ဒီအဖွဲ့ချုပ်ဥက္ကဋ္ဌရုံး၏ ဆက်သွယ်ရေးအရာရှိ ဦးမိုးဇော်ဦးက အတည်ပြုပြောကြားသည်။

နီပေါနိုင်ငံသို့ ဇွန် ၁၃ ရက်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ဇွန် ၁၆ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါက်တာတင်မာအောင်၊ ဦးဖြိုးဇေယျာသော်နှင့် ဦးမိုး ဇော်ဦးတို့ လိုက်ပါသွားမည် ဖြစ်သည်။

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့သို့ ပထမဦးဆုံးသွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် နီပေါ နိုင်ငံသမ္မတနှင့် ၀န်ကြီး ချုပ်ကိုလည်းသွား ရောက်တွေ့ဆုံမည်ဖြစ်သည်။ ထို့နောက် နီပေါနိုင်ငံလွှတ်တော်သို့လည်း သွားရောက် လေ့လာပြီး လွှတ်တော်ဥက္ကဋ္ဌနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

အဆိုပါခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါဝန်ကြီးချုပ်ဟောင်း၏ နှစ်(၁၀၀)ပြည့် အထိမ်းအ မှတ်အခမ်းအနားသို့တက်ရောက်၍ နှုတ်ခွန်းဆက်အမှာ စကားပြောကြားမည်ဖြစ်ပြီး နီပေါနိုင်ငံရှိ လုံမ္မနီ ဥယျာဉ်သို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။ နီပေါနိုင်ငံသို့ ပထမဦးဆုံးကြိမ်သွားရောက်ခြင်းဖြစ်ပြီး နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ပြီး ပထမဦးဆုံး ပြည်ပခရီးစဉ် အဖြစ် ၂၀၁၂၊ ဇွန်လတွင် နော်ဝေး နိုင်ငံသို့ စတင်သွားရောက်ခဲ့သည်။

Mizzima 

No comments: