Wednesday, June 11, 2014

ရခိုင်မူစလင်အရေး ကုလစိုးရိမ်

Wednesday, June 11, 2014

ရခိုင်ပြည်နယ်မှာ ဘာသာလူမျိုးဆိုင်ရာအကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားခဲ့တာ နှစ်နှစ် ရှိပြီဖြစ်ပေမဲ့၊ ထောင်နဲ့ချီ တဲ့ မူဆလင်တွေ အလုံးအရင်းနဲ့ တိုင်းပြည်ကနေ ထွက်ခွာနေကြဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR က အင်္ဂါနေ့က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ၂ဝ၁၂ ခုနှစ်အတွင်း အကြမ်းဖက်ပဋိပက္ခ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာမှာ လူ ၂၀၀ ဝန်းကျင် သေဆုံး ခဲ့ပြီး၊ မူဆလင်အများစုပါဝင်တဲ့ ဒုက္ခသည် တစ်သိန်းလေးသောင်းလောက် နေရာရွှေ့ပြောင်းခဲ့ကြရပါတယ်။

အခုထိ မူဆလင်ဒုက္ခသည်တွေ ဟာ ဘင်္ဂလားပင်လယ်အော်ကနေ ထိုင်း၊ မလေးရှား နဲ့ အင်ဒိုနိးရှားနိုင်ငံ တွေ ဆီ ကို လှေတွေနဲ့ ထွက်ပြေးနေကြဆဲဖြစ်ကြောင်း၊ လမ်းခရီးမှာအကြောင်းအမျိုးမျိုး နဲ့သေဆုံးခဲ့ရသူ တွေ ရှိကြောင်း၊ ထိုင်းကိုရောက်လာသူ တချို့ဟာ ထိုင်း မလေးရှားနယ်စပ်အနီး၊ လူတွေပြည့်သိပ်နေတဲ့ လူမှောင်ခို စခန်းတွေကို ရောက်သွားကြကြောင်း UNHCR ပြောခွင့်ရသူ အန်ဒရီယန် အက်ဒဝပ် က ပြောပါတယ်။ ၂ဝ၁၂ ခုနှစ် ဇွန်လက စပြီး အခုထိ လှေတွေနဲ့ ထွက်ပြေးလာခဲ့ကြသူပေါင်း ရှစ်သောင်းခြောက်ထောင်ကျော် ရှိခဲ့ပြီး၊ ဒီနှစ် ဇန်န၀ါရီလကနေ ဧပြီလအထိမှာတင် ထွက်ပြေးခဲ့ကြသူပေါင်းတစ်သောင်းခွဲလောက်ရှိတယ်လို့ ဆိုပါတယ်။

အခုအခါ ရခိုင်ပြည်နယ်မှာ UNHCR ရဲ့ လူသားချင်းစာနာမှု ကူညီရေးအစီအစဉ်တွေ ပြန်စနေပြီလို့ အန်ဒရီယန် အက်ဒ၀ပ် က ပြောပါတယ်။ ဒါပေမဲ့ ခွဲခြားဆက်ဆံမှု ကို လှုံ့ဆော်အာေးပးတဲ့လုပ်ရပ်တွေ၊ နေရာရွှေ့ပြောင်း ထားရတဲ့အခြေအနေကို ရှည်ကြာစေမယ့် လုပ်ရပ်တွေကိုသတိထားနေရပါတယ်လို့ UNHCR ပြောခွင့်ရသူ အန်ဒရီယန် အက်ဒ၀ပ် က ပြောပါတယ်။

RFA Burmese

No comments: