Monday, June 16, 2014

လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်စတင်

Monday, June 16, 2014
ဒုတိယအကြိမ်ပြုလုပ် သည့် လူ့အခွင့်အရေး၊ လူ့ဂုဏ် သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော် ကို ဇွန်လ ၁၅ ရက်တွင် စတင်ပြု လုပ်နေပြီး ပြိုင်ပွဲဝင်ဇာတ်ကားများကို ၀ဇီရာရုပ်ရှင်ရုံနှင့် Junct-ion Square ရုပ်ရှင်ရုံများတွင် အခမဲ့ ပြသပေးလျက်ရှိသည်။

ပထမဆုံးနေ့ပွဲစဉ်များအ ဖြစ် ၀ဇီရာရုပ်ရှင်ရုံတွင် ပွဲစဉ် ငါး ပွဲနှင့် Junction Square ရုပ် ရှင် ရုံတွင် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအပါအ ၀င် ပွဲစဉ် သုံးပွဲပြသပေးခဲ့ရာ ပွဲ စဉ်တိုင်းလိုလို ပရိသတ်အားပေး မှုများပြားခဲ့ကြောင်း ယင်းပွဲ တော် ဖြစ်မြောက်ရေး တာဝန်ရှိသူ တစ်ဦးကပြောသည်။

ရုပ်ရှင်ပွဲတော်ဒုတိယနေ့ အဇွန်လ ၁၆ ရက် နံနက်ပွဲစဉ်များ အဖြစ် ၀ဇီရာရုပ်ရှင်ရုံ၌ အင်ဒိုနီးရှားနိုင်ငံမှ မှတ်တမ်းရုပ်ရှင်တစ်ကားနှင့် မိတ္ထီလာ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းအတွင်း မွတ်စလင်ဘာသာဝင် အမျိုးသမီးတစ်ဦးကို ကယ်တင်ခဲ့သည့် ဗုဒ္ဓဘာသာဝင် လူငယ် တစ်ဦးတို့ ကြားတွင်ရှိ သော မေတ္တာတရားကို ရိုက်ကူး တင်ပြထားသည့် အမိုးမရှိတဲ့ ကောင်းကင်ဆိုသည့် ဇာတ်ကားကိုလည်း ပြသပေးမည်ဖြစ်သည်။

Junction Square ရုပ်ရှင်ရုံ တွင်မူ ပထမပွဲစဉ်၌ မသန်စွမ်း အခွင့်အရေးနှင့် သက်ဆိုင်သည့် ဇာတ်ကားငါးကားပြသပေးမည် ဖြစ်ပြီး စစ်အတွင်း မိုင်းကြောင့် ခြေထောက်ပြတ်သွားသည့် ကချင်စစ်သားကြီးအကြောင်း ရိုက်ကူးထားသည့် Sound of Silence ဇာတ်ကားလည်း ပါဝင်ပြသမည်ဖြစ်သည်။ ထို့အပြင် အခြားပွဲစဉ်များတွင်လည်း ပရိသတ်များ ကြိုက်နှစ်သက်မည့် ဇာတ်ကားများပါ ၀င်မည်ဖြစ်ပြီး ယခင်နှစ်ပြိုင်ပွဲဝင်ဇာတ်ကားများထက် ပိုမိုကောင်းမွန်သည့် ဇာတ်ကားများကို ကြည့်ရှုရမည်ဟု ယင်းပွဲတော်ဖြစ်မြောက်ရေးတာဝန်ရှိသူ တစ်ဦးက ဆိုသည်။

7 days

No comments: