Friday, June 13, 2014

၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေ ဒီလကုန် စတင်အကောင် အထည်ဖော်မည်

Friday, June 13, 2014
ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား အက်ဥပဒေကို အခု လ နောက်ဆုံးပတ်လောက်ကစပြီး အဆင့်ဆင့်စတင်အကောင် အထည်ဖော် ဆောင်ရွက်သွားတော့မှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိ၊ မရှိ စိစစ်နိုင်ဖို့အတွက် ရခိုင်ပြည် နယ် မြေပုံမြို့နယ်ကို ပိုင်းလော့ဧရိယာအဖြစ်သတ်မှတ်ပြီး ပထမဆုံး စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်သလို မြေပုံမြို့နယ် ရဲ့ အောင်မြင်မှုအပေါ်မှာမူတည်ပြီး ရခိုင်ပြည်နယ်တစ်ခုလုံး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားတော့မှာဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ စစ်တွေမြို့က ရပ်မိရပ်ဖတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေနဲ့ ဒီနေ့မနက်ပိုင်းကတွေ့ဆုံပြီး ဝန်ကြီးက ပြောကြားလိုက် တာဖြစ်ပါတယ်။

RFA Burmese

No comments: