Wednesday, June 25, 2014
ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်ရန် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့
ဇွန် ၂၅ ရက်တွင် သမ္မတက သ၀ဏ်လွှာပေးပို့လိုက်ပြီး ဖြစ်သည်ဟု ကျောက်တော်မြို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းကမဇ္ဈိမကိုပြောသည်။
“သမ္မတ ပေးပို့တဲ့ သ၀ဏ်လွှာကို ဖတ်ကြားတယ်၊ ၃၀ ရက်နေ့မှာ လွှတ်တော်က အတည်ပြုရမှာဖြစ်ပါတယ်”ဟု ဦးစောငြိမ်းကပြောသည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရာထူးကို သမ္မတက ခန့်အပ်ခဲ့ပါက ရခိုင်တိုင်းရင်းသားတစ်ဦးကဲ့သို့ တာဝန်ထမ်းဆောင်မည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက
မဇ္ဈိမကိုပြောကြားထားသည်။ သို့သော် ရခိုင်အမျိုးသားပါတီကမူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသားသာ ဖြစ်သင့်သည်ဟု ထုတ်ပြန်ထားသည်။
Mizzima
No comments:
Post a Comment