Wednesday, June 25, 2014

ကျပ်သိန်း၁၀၀ချီးမြှင့်မည့်မိုဘိုင်းတေးသွားငွေကြယ်ပွင့်ပြိုင်ပွဲကို တယ်လီနော ကျင်းပမည်

Wednesday, June 25, 2014
ပထမဆု ကျပ်သိန်း၁၀၀ချီးမြှင့်မည့် မိုဘိုင်းတေးသွားငွေကြယ်ပွင့်ပြိုင်ပွဲကို တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီမှကျင်းပမည်ဟုသိရသည်။မြန်မာနိင်ငံတွင် ပထမဆုံးမိုဘိုင်းတေးသွားငွေကြယ် ပွင့်ပြိုင်ပွဲကို ယခုလ ၂၆ ရက်နေ့မှ ဇူလှိုင်လ ၂၅ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီးပထမဆု ကျပ်သိန်း၁၀၀၊ ဒုတိယဆု ကျပ်သိန်း၂၀၊တတိယဆုကျပ်သိန်း၂၀ နှင့် ကျပ်၁သိန်းတန်ဖိုးရှိကံစမ်းမဲ ၁၀၀ချီးမြှင့် မည်ဖြစ်ကြောင်းသိရသည်။

" ပြိုင်ပွဲဝင်တွေရဲ့ကိုယ်ပိုင်ဖန်တီးမှု၊စိတ်ဓါတ်ပြင်းပြမှုနဲ့ကိုယ်ပိုင်အရေအသွေးတွေမြင်ရဖို့မျှော်လင့်ထားပါတယ်၊
ပထမဆုံးမိုဘိုင်းတေးသွားငွေကြယ်ပွင့်ဖြစ်လာပြီးကိုယ်ပိုင်သံစဉ်ကိုမြန်မာနိုင်ငံအနှံ့ ကြားရမဲ့အခွင့်အရေးတစ်ခုဖြစ်လာမှာပါ"ဟုတယ်လီနောမြန်မာ၏တေးသွားငွေကြယ်ပွင့်ပြိုင်ပွဲမှပြောရေးဆိုခွင့်ရှိသူ
ကိုနေမျိုးထွန်းကယနေ့ပြုလုပ်သည့်စာနယ်ဇင်းရှင်းလင်းပွဲတွင်ပြောသည်။ယင်းပြိုင်ပွဲမှအနိုင်ရရှိသောမယ်လိုဒီသံစဉ်ကိုတယ်လီနောတွင်အသံပိုင်းဆိုင်ရာအသုံးပြုမှုများပြုလုပ်သွားမည်ဖြစ်ပြီးတီဗွီနှင့်ရေဒီယိုများတွင်ပြုလုပ်သော
အရောင်းမြှင့်တင်မှုအစီအစဉ်များတွင်ပါဝင်မည်ဖြစ်သည်။

၎င်းအပြင် Call Center တွင်နားထောင်ရသောသံစဉ်များနှင့်အလိုလျောက်ဖြေကြားမှုတွင်ထိုတေးသွားကို
အသုံးပြုသွားမည်ဖြစ်ကြောင်းဆန်ကာတင်သုံးဦးမှာလည်းမြန်မာနိုင်ငံရှိအနုပညာရှင်အချို့ နှင့်လက်တွဲဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ကြောင်း၎င်းက
ဆက်လက်ပြောသည်။

အဆိုပါပြိုင်ပွဲ၏ဒိုင်လူကြီးများအဖြစ်တေးရေးဆရာ လင်းလင်း၊ဓိရာမိုရ်နှင့်ခင်မြတ်မွန်တို့ မှဆောင်ရွက်အကဲဖြတ်သွားမည်ဖြစ်ပြီးပြိုင်ပွဲဝင်လိုသူများအနေဖြင့်
မိမိတို့ ၏ကိုယ်ပိုင်မယ်လိုဒီကိုတယ်လီနောမြန်မာ၏ဖေစ့်ဘုတ်စာမျက်နှာတွင် Upload လုပ်ခြင်းအသံသွင်းထားသောဖိုင်ကို CD (သို့ )USB ဖြင့်ရန်ကုန်၊ပဲခူး၊
မကွေး၊မော်လမြိုင်၊မန္တလေး၊မြို့ ရှိသတ်မှတ်ထားသောနေရာများတွင်ပေးအပ်ခြင်းအသံသွင်းခြင်းများပြုလုပ်ရမည်ဖြစ်ကြောင်းသိရသည်။

အားပေးသူများအနေဖြင့်တယ်လီနောမြန်မာတေးသွားငွေကြယ်ပွင့်ပြိုင်ပွဲဖြစ်သည့် www.facebook.com/TelenorMyanmar (သို့ )ပြိုင်ပွဲ Website ဖြစ်သည့်
www.telenor.com.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီးမဲရွေးချယ်အားပေးနိုင်ကြောင်း
ယင်းကုမ္ပဏီမှသိရသည်။

Popular Myanmar News Journal

No comments: