Friday, June 27, 2014
နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့ဖြစ်တဲ့ ပုဂံမြို့ရဲ့ သမိုင်းဝင် ရှေးဟောင်းပစ္စည်းစာရင်းတွေကို ပြန်လည်ပြီးစာရင်းပြုစုဖို့ နိုင်ငံတကာရဲ့ အထောက်အပံ့ကိုရရှိ တော့မှာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ဂျပန်နိုင်ငံက ကူညီမှာဖြစ်ပြီးတော့ ယူနက်စကိုကလည်း နည်းပညာပိုင်းအရ ကူညီထောက်ပံ့သွားမယ်လို့ သိရပါတယ်။
ဒီအစီအစဉ်ကို ဂျပန်နိုင်ငံက ကူညီမှာဖြစ်ပြီးတော့ ယူနက်စကိုကလည်း နည်းပညာပိုင်းအရ ကူညီထောက်ပံ့သွားမယ်လို့ သိရပါတယ်။
ဒီလို ရှေးဟောင်းသမိုင်းဝင် ပစ္စည်းစာရင်းကို စိစစ် ထိန်းသိမ်းခြင်းအားဖြင့် ပုဂံဟာနိုင်ငံတကာ အဆင့်အရ လုံခြုံစိတ်ချမှု ရှိလာမှာ ဖြစ်ပြီး ဒီလုပ်ငန်းစဉ်ကနေ ရှေးဟောင်းပစ္စည်းစာရင်းတွေကို စာရင်းသစ်ပြုလုပ်တာတွေ ၊လက်ရှိ မှာရှိနေပြီးသား စာရင်းတွေကို ခန့်မှန်းတာတွေ ပြုလုပ် မှာဖြစ်တဲ့ အတွက် ဒါဟာ ပုဂံမြို့ကို ထိန်းသိမ်းဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်လာစေမှာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တုန်းကလည်း ယူနက်စကိုနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပူးပေါင်းပြီး စီမံကိန်းအတွက် ဦးဆုံးအစည်းဝေးတစ်ခုကို ပုဂံမှာပြုလုပ်ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန် ပုဂံမြို့ကိုရောက်ရှိစဉ်က ပုဂံရဲ့ရှေးဟောင်းအမွေအနှစ်တွေကို ကမ္ဘာ့အမွေ အနှစ် စာရင်းဝင်အောင် ထိန်းသိမ်းဖို့ တိုက်တွန်းထားတာ ရှိတယ်လို့ သိရပါတယ်။
သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စတဲ့ ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မြို့တွေအဖြစ် ယူနက်စကိုက ဇွန်လ ၂၂ ရက်နေ့က သက်မှတ်လိုက်ပါတယ်။ကာတာနိုင်ငံ ဒိုဟာမြို့မှ ကျင်းပတဲ့ ၃၈ ကြိမ်းမြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံမှာ အခုလို ထည့်သွင်း လိုက်တာပါ။
UNESCO Bangkok Media
No comments:
Post a Comment