Monday, June 30, 2014

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရုံဖြင့် အမျိုးသမီးများဘ၀ မလုံခြုံနိုင်


Monday, June 30, 2014

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရုံဖြင့် အမျိုးသမီးများ ဘ၀လုံခြုံမှုရှိလာမည်ဟု မယုံကြည်ဘဲ တရားဥပဒေစိုးမိုးမှုရှိမှသာလျှင် အမျိုးသမီးတို့၏ ဘ၀လုံခြုံမှုရှိမည်ဖြစ်သည်ဟု စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)က Orchid Hotel ဟိုတယ်တွင် ဇွန်၂၉ ရက်က ပြုလုပ်သည့် ယနေ့ခေတ်အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်အနာဂတ် ဟောပြောပွဲတွင် မဇ္ဈိမကို ပြောသည်။

“မြန်မာအမျိုးသမီးတွေအတွက် ၁၉၅၄ လက်ထပ်မင်္ဂလာ ဥပဒေရှိပြီးသားပါ၊ အဲဒီ့ ဥပဒေကို အဆင့်မြှင့် လိုက်ရင်ရပြီ၊ ဘယ်ဥပဒေတွေကိုပဲ ပြဋ္ဌာန်းပါစေ၊ ဥပဒေကအသက်ဝင်ဖို့ပဲ လိုပါတယ်”ဟု ပြောသည်။

ထို့အပြင် အခြားအဖွဲ့များပြောနေသကဲ့သို့ ဘာသာခြားများ၏ အန္တရာယ် တကယ်ကြီးနေခြင်းမရှိဟု ပြောကြားလိုက်ပြီး ဗုဒ္ဓဘာသာကို ဗုဒ္ဓဘာသာများကသာ ဖျက်လို ဖျက်ဆီးလုပ်နိုင်သည်။

အမျိုးသမီးများအနေနှင့် မိမိကိုယ်ကို ယုံကြည်မှုရှိလာအောင် ပြုလုပ်ရန် လိုအပ်ပြီး မိမိကိုယ်မိမိ ယုံကြည်မှု ရှိပါက မည်သူတစ်ဦးတစ်ယောက်ကမှ စော်ကား၍မရနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်အချို့ ဘာသာခြားကြောက်ရောဂါကို ရနေကြောင်းနှင့် ထိုသို့ဖြစ်ခဲ့ခြင်းမှာ မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်းကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိရန် လိုအပ်သည်ဟု ပြောသည်။

အလင်းစေတမန် စာကြည့်တိုက်မှ ဦးဆောင်ကျင်းပသည့် ယနေ့ခေတ် အမျိုးသမီးများ၏အခန်းကဏ္ဍနှင့် အနာဂတ်ဆွေးနွေးပွဲကို သရုပ်ဆောင် ဆွေဇင်ထိုက်လည်း တက်ရောက်ဟောပြောသည်။ ဟောပြောပွဲသို့ လူ ၅၀ ခန့် တက်သည်။

Mizzima

No comments: