Friday, June 27, 2014

လက်ပံတောင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရ


Friday, June 27, 2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို အမျိုးသမီးတစ်ဦးက အရိုးအသွား ရှစ်လက်မခန့်ရှိ ကြက်သွန်လှီးဓားဖြင့် ထိုးသည်ဟုဆိုကာ ဆားလင်းကြီး မြို့မရဲစခန်းက ကျူးလွန်သူကို ဇွန် ၂၅ ရက်က အမှုဖွင့် ဖမ်းဆီးလိုက်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။

ဓားဖြင့် ထိုးခံရသူမှာ ရဲတပ်ဖွဲ့ဝင်မှာ အမှတ်(၂၈)မှ ရဲတပ်ဖွဲ့ဝင် ကိုယ်ပိုင်အမှတ် လ/၁၉၄၉၁၃ ရဲတပ်သား ထွန်းတင် ဆိုသူဖြစ်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံခြုံရေးကင်းအမှတ် 8MCC နေရာရှိ ဘား တိုက်ရှေ့တွင်ထိုင်နေစဉ် အမျိုးသမီးတစ်ဦး၏ ဓားဖြင့်ထိုးမှုကို ခံရခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရ သည်။

ယခုအမှုကို ဓားထိုးခံရသည့် ရဲတပ်သားထွန်းတင်၏ဇနီး ဒေါ်ချောပုက တရားလိုပြု တိုင်တန်းထားခြင်းဖြစ် ပြီး လတ်တလောတွင် မုံရွာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသလျက် ရှိသည်။ လက်ဝဲဘက် ရင်အုံနေရာ၌ တစ်လက်မခန့် ထိုးသွင်းဒဏ်ရာဖြစ်သော်လည်း အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာ အခြေ အနေမရှိဟု မှုခင်းဆေးဌာနမှ မှတ်တမ်းတွင် တွေ့ရသည်။

၎င်းဓားထိုးမှုဖြစ်စဉ်သည် ဇွန်လ ၂၄ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်က ဖြစ်ပွားခဲ့သော်လည်း ယင်းမာ ပင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းဖြစ်စဉ်အား တင်ပြမှုပျက်ကွက်/ နောက်ကျခဲ့သည်ဟုဆိုကာ သတင်းတင် ပြရန် တာဝန်ရှိသူများကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဖြေရှင်းချက်များ တောင်းခံထားသည်။
အဆိုပါအမှုကို ဆားလင်းကြီးမြို့မ ရဲစခန်းက(ပ) ၉၇/၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၄ အရ အမှုဖွင့်ထားခဲ့ခြင်း ဖြစ် သည်။

Mizzima

No comments: