Tuesday, July 01, 2014

လှိုင်သာယာရှိ မူလတန်းကျောင်းငါးဆယ်ကျော်တွင် ကျောင်းတက် ကျောင်းဆင်း ချိန် လုံခြုံရေးဆောင်ရွက်

Tuesday, July 01, 2014

လှိုင်သာယာမြို့နယ်ရှိ မူလတန်းအဆင့် သင်ကြားနေ သော ကျောင်းများတွင် ကျောင်း သား၊ ကျောင်းသူများဘေးကင်း လုံခြုံရန် ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်တို့တွင် ဇွန် လ ၂၆ ရက်မှစ၍ လုံခြုံရေးဆောင်ရွက်ပေးနေသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက် ၌ လှိုင်သာယာမြို့နယ်ရှိ အခြေ ခံကျောင်းအချို့တွင် တတိယ တန်းကျောင်းသူနှင့် ဒုတိယတန်း ကျောင်းသူတို့အား အမည်မသိ အမျိုးသမီးက ဆိုက်ကားပေါ် ဆွဲ တင်ကာ နားကပ်ချွတ်ယူခြင်းတို့ ပြုလုပ်ခဲ့မှုရှိသဖြင့် လုံခြုံရေး ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။‘‘ဘယ်အဖွဲ့တွေ လှုပ်ရှားနေ လဲတော့ မသိဘူး။ ကလေးတွေ ရဲ့ လုံခြုံရေးအတွက် စိတ်ချရ အောင် ကြိုတင်ကာကွယ်တာပါ။ နောက်လည်း ဒါမျိုးတွေ မဖြစ် အောင်လို့ပါ။ ကျောင်းသားမိဘ တွေနဲ့ အကုန်ပူးပေါင်းပြီး ဆောင် ရွက်နေပါတယ်’’ ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့ နယ်မီးသတ်တပ်ဖွဲ့များနှင့် ပူး ပေါင်း၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူများက လှိုင်သာ ယာမြို့နယ်ရှိ မူလတန်းကျောင်း ၅၉ ကျောင်းတို့တွင် အရပ်ဝတ် ၀တ်၍ ရပ်ကွက်အလိုက် လုံခြုံ ရေးဆောင်ရွက်ပေးနေကြောင်း ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်က ပြောသည်။

‘‘လုံခြုံရေးစောင့်ပြီး လုပ်နေ တာ လေးရက်လောက်ရှိပြီ၊ အခု ထိ ထူးထူးခြားခြား မဖြစ်သေး ဘူး။ လုပ်တဲ့အဖွဲ့တွေပဲ သတင်း ကြားလို့လား မသိဘူး။ ငြိမ်နေ တယ်’’ ဟု ဦးအောင်ဝင်းနိုင်က ပြောသည်။ ‘‘ဒီဖြစ်စဉ်တွေက မနှစ်ကလည်း ဒီလိုအချိန်မှာ ပုံမှန်ဖြစ် သလို ဖြစ်နေတယ်။ ဖြစ်ပြီးမှ လုပ် တာထက် မဖြစ်ခင်လုပ်စေချင် တယ်။ ဒါမှ ကလေးတွေအတွက် လည်း စိတ်ချရမှာ’’ ဟု လှိုင်သာ ယာမြို့ခံတစ်ဦးက ပြောသည်။

7 days

No comments: