Sunday, August 31, 2014

မြန်မာအလှမယ် အိန္ဒြာသီရိကို အာဆီယံ- တရုတ်အလှမယ် ပြိုင်ပွဲတွင် သရဖူဘွဲ့ ဆွတ်ခူး



Sunday, August 31, 2014

မြန်မာအလှမယ် အိန္ဒြာသီရိကိုဟာ သောကြာနေ့က ကျင်းပခဲ့တဲ့ (၁၀) ကြိမ်မြောက် အာဆီယံ- တရုတ်အလှမယ် ပြိုင်ပွဲမှာ သရဖူဘွဲ့ ဆွတ်ခူးနိုင်ခဲ့တယ်လို့ (၂၇) ကြိမ်မြောက် ဆီးဂိမ်းအလှမယ် ပြိုင်ပွဲရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲရဲ့ အလှမယ်ဖြစ်တဲ့ အိန္ဒြာသီရိကိုဟာ တရုတ်နိုင်ငံ၊ ကွမ်ရှိကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ တာ့လျန်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၄ ခုနှစ် အာဆီယံ- တရုတ်အလှမယ် ပြိုင်ပွဲမှာ ပြိုင်ပွဲရဲ့ အဓိကဆုကြီး ဖြစ်တဲ့ သရဖူဘွဲ့ကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ် အာဆီယံ- တရုတ်အလှမယ်ပြိုင်ပွဲမှာ အိန္ဒြာသီရိကိုအပြင် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲရဲ့ 1st Runner up အလှမယ်ဖြစ်တဲ့ ချောစုလင်းဖြူသန့်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ International Friendship ဆုကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ (၂၇) ကြိမ်မြောက် ဆီးဂိမ်းအလှမယ် Facebook မှာ ဖော်ပြထားချက်အရ သိရပါတယ်။

အိန္ဒြာသီရိကိုဟာ (၂၇) ကြိမ်မြောက် ဆီးဂိမ်ပြိုင်ပွဲရဲ့ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားတွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့တဲ့ အလှမယ်ဖြစ်ပြီး ချောစုလင်းဖြူသန့်ကတော့ ဘရူနိုင်းနိုင်ငံ ကိုယ်စားပြု ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့တဲ့ အလှမယ် ဖြစ်ပါတယ်။

The Voice Weekly

No comments: