Tuesday, January 20, 2015

ဒုတိယစီးရီးနာမည်ကို အလွမ်းသီချင်း ကြိုက်တဲ့ရေဒီယိုလို့ အမည်ပေးလိုက်တဲ့ ပိုပို

Tuesday, January 20, 2015

တေးသံရှင်ပိုပိုက ၂ဝ၁၅ ခုနှစ် ထဲမှာ ဒုတိယတစ်ကိုယ်တော်တေး စီးရီး ထွက်ရှိမှာဖြစ်ပြီး Audio CD နဲ့ MTVကို အချိန်သိပ်မခြားဘဲ ထွက်နိုင်ဖို့ စီစဉ်နေကြောင်း ဆိုပါတယ်။
အဲဒီအတွက် သူ့ရဲ့ ဒုတိယအခွေထဲ က သီချင်းအသစ်တွေကိုMTV ရိုက် ဖို့ စီစဉ်နေပြီး လက်ရှိ အနေအထား ကို ပိုပိုက..

“စီဒီမထွက်ခင်မှာMTV ကို ရိုက်မယ်။ စီဒီထွက်ပြီးတာနဲ့ ဗီစီဒီကို မခွာဘဲ ကပ်ထုတ်မယ်။ အဲဒီအတွက် ပိုပို့သီချင်းတွေကို ကြို ရိုက်ရမှာပေါ့။ ကိုနေတိုး၊ ကိုပြေတီဦးတို့ကို ချိတ်ထားတယ်။ ကိုမြင့်မြတ်ကတော့ ပိုပို Favourite ဖြစ်တဲ့အတွက်ထုံးစံအတိုင်းပါမယ်။ စဉ်းစားထားတာတွေ ကတော့ အများကြီးပဲ။ ကိုပြေတီဦးနဲ့ ကိုမြင့်မြတ်တို့ကတော့ သေချာ သွားပါပြီ” လို့ ပြောပါတယ်။ ပိုပိုက သူ့ရဲ့ ဒုတိယတစ်ကိုယ်တော် တေးစီးရီးကို ‘အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို’ လို့ အမည်ပေးထားပြီး ‘ချစ်ဖူးခဲ့သမျှ’ တုန်းကလို အောင်မြင် ဖို့ မျှော်မှန်းထားသလားဆိုတဲ့ အမေးကို “ခေါင်းစဉ်ေ လးကတော့ ပိုပို့ရဲ့ ထုံးစံအတိုင်း ရိုးရိုးလေးပါပဲ။ ပိုပို့ ကိုယ်ပိုပို ရေဒီယိုလေးလိုတင်စား လိုက်ပြီး ဒီရေဒီယိုလေးကနေ သီချင်းတွေလွှင့်နေတယ်ပေါ့။ အဲဒီ လိုသဘောမျိုးပါ။ ဒီဒုတိယစီးရီးက အသံပိုင်းဆိုင်ရာဆိုရင် အကောင်း ဆုံးလို့ပြောရမယ့် ဆရာချစ်တို့၊PTL စတူဒီယိုမှာသွင်းထားတယ်။ ပိုပိုသီချင်းရွေးထားတဲ့အပေါ်မှာ မူတည် ပြီး အကောင်းဆုံးလုပ်ထားတယ်။ ယုံကြည်ချက်တစ်ခုနဲ့ အသက်ရှင် လာတဲ့ လူတစ်ယောက်အတွက် ဘာပဲပြောပြော Second Series ကိုလည်း ပရိသတ်ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့လည်း ပထမ အခွေလိုမျိုးတစ်နိုင်ငံလုံးပေါက် သွားနိုင်မယ်လို့တော့ အာမမခံနိုင်ပါ ဘူး။ လူဆိုတာ အကြိုက်တစ်မျိုးစီရှိသလို ကံကလည်း ရှိသေးတာကိုး” လို့ ပိုပိုကဆိုပါတယ်။

ပြည်ပဖျော်ဖြေပွဲအနေနဲ့ ကိုရီးယားနိုင်ငံမှာ မတ်လ ၁၅ ရက်နေ့မှာပြုလုပ်မယ့်7 Ladies Show မှာ သွား ရောက်ဖျော်ဖြေဖို့ အစီအစဉ်ရှိပြီး ပိုပိုနဲ့အတူ ပုလဲဝင်း၊ အေးမြတ် သူ၊ သင်ဇာဝင့်ကျော်၊ နန်းမြတ်ဖြိုးသင်း၊ နန်းခင်ဇေယျာ၊ ထွန်းရတီ တို့ ပါဝင်မှာဖြစ်ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-မင်းမင်းထွန်း

Popular Journal

No comments: