Friday, October 04, 2013

သီလဝါစီမံကိန်းစတင်ရန် အောက်တိုဘာ နောက်ဆုံးပတ် ဂျပန်နှင့် မြန်မာ လတ်မှတ်ရေးထိုးမည်


 Friday, October 4, 2013

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်း စတင်နိုင်ရန်အတွက် ယခုအောက်တိုဘာနောက်ဆုံးပတ်တွင် ဂျပန် နှင့် မြန်မာနိုင်ငံတို့ အပြီးသတ် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးစီးပွားရေးစက်မှုဇုန်အကောင်အထည်ဖော်ရေးအတွက် ဂျပန်ကုမ္ပဏီများပါဝင်သည့်စီးပွားရေး လုပ်ငန်းစုနှင့် မြန်မာနိုင်ငံသားများ ပါဝင်သည့် အများပိုင်ကုမ္ပဏီတစ်ခုတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံမှ ၄၉ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။ ကုန်သည်/စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ''အပြီးသတ်လက်မှတ်ထိုးပြီး နိုဝင်ဘာမှာ ဖောင်ဒေး ရှင်း ချတဲ့လုပ်ငန်းကိုဆောင်ရွက်မှာပါ။ ဖောင်ဒေးရှင်းပြီးလို့ သုံး၊ လေး လ လောက်ဆိုရင် စတင်နိုင်မှာပါ''ဟု ဆိုသည်။

အဆိုပါ အထူးစီးပွားရေးဇုန်တွင် ပြည်တွင်းစက်မှုဇုန်လုပ်ငန်းရှင်များအနေဖြင့် ပါဝင်ရင်းနှီးမြှုပ်နှံရန် လိုအပ် ကြောင်း ယင်းကထပ်မံပြောသည်။ ဦးဝင်းအောင်က ''SEZ က နိုင်ငံခြားသားတွေသာမဟုတ်ဘူး၊ နိုင်ငံသား တွေလဲ လုပ်နိုင်ပါတယ်။ အခုစက်မှုဇုန်တွေမှာ ရှိနေတဲ့မြေဈေးနှုန်းထက် တစ်ဝက်ဈေးနှုန်း လောက်နဲ့ ရရှိ နိုင်မှာပါ''ဟုဆိုသည်။

လက်ရှိ ပြည်တွင်းစက်မှုဇုန်များအတွင်း မြေဈေးကစားသူများ ကြောင့်ဈေးနှုန်းများ အဆမတန် မြင့်မားနေ သဖြင့် သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် သက်သာသောနှုန်းထားများဖြင့် ပါဝင်ရင်း နှီးမြှုပ်နှံနိုင်မည်ဖြစ်ကြောင်း ယင်း က ထပ်မံပြောသည်။

ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်ဦးအေးထွန်းက ''အထူးစီးပွား ရေးဇုန်ဖြစ်တဲ့အတွက် ပြည်ပက ကုန်ကြမ်း သွင်းပြီးဖြစ်ဖြစ်၊ ပြည် တွင်းကုန်ကြမ်းကို သုံးပြီးတော့ပဲ ဖြစ်ဖြစ် ကုန်ချောထုတ်ပြီး နိုင်ငံခြားကိုပြန်ပို့ရင် အခွန်သက်သာ ခွင့်ရမယ်၊ Re-Export အတွက်ဆိုရင်တော့ အဆင်ပြေတယ်''ဟုဆိုသည်။

Yangon Media Group

No comments: