Sunday, April 06, 2014
မူလရွာတွေကို စစ်တပ်က သိမ်းလိုက်လို့ နေထိုင်လုပ်ကိုင် စားသောက် စရာတွေပျောက်ဆုံးပြီး၊ ကရင်ပြည် နယ်ကျောက်ခက်ရွာကို ရောက်သွားတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေး၊ အင်းပတီး နဲ့ ဒေါ်ကာလီ ရွာ သားတွေကို ဘဝသစ်ပြန်လည်ထူထောင်ရေး အတွက်နေစရာ၊ အလုပ် အကိုင်နဲ့ ကလေးတွေရဲ့ ပညာရေးတွေကူညီမယ်လို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့က ဗိုလ်မှူးကြီး ဆန်းအောင်က RFA ကိုပြောပါတယ်။
လှည်းကူးမြို့နယ်ကနေ မြဝတီမြို့နယ် ကျောက်ခက်ရွာထိ တစ်ရက် နဲ့ရောက်မယ့်ခရီးကိုလေး ရက် လောက် ကျန့်ကြာ ခဲ့တဲ့အတွက် ရွာသားတွေ ထဲက သက်ကြီး ရွယ်အို တချို့ခရီး ပမ်းနေကြပေမယ့် ကျန်းမာရေးကောင်း မွန်နေကြပြီး၊ နယ်ပယ်သစ်မှာ အခြေချဖို့ အဆင်သင့်ဖြစ်နေကြ တယ် လို့ဆိုပါတယ်။
ဒီနေ့မနက်မှာတော့ နေအိမ်တွေဆောက်ဖို့ မြေညှိတာ၊ သစ်ဝါးခုတ် တာတွေစတင်တော့မှာဖြစ်ပြီး၊ အလုပ်အကိုင် အတွက်လဲ ရွာသားတွေကို ရှင်းလင်းပြောဆိုမယ်လို့ဆိုပါတယ်။လှည်းကူးမြို့နယ်ကနေ မြဝတီမြို့နယ် ကျောက်ခက်ရွာထိ တစ်ရက် နဲ့ရောက်မယ့်ခရီးကိုလေး ရက် လောက် ကျန့်ကြာ ခဲ့တဲ့အတွက် ရွာသားတွေ ထဲက သက်ကြီး ရွယ်အို တချို့ခရီး ပမ်းနေကြပေမယ့် ကျန်းမာရေးကောင်း မွန်နေကြပြီး၊ နယ်ပယ်သစ်မှာ အခြေချဖို့ အဆင်သင့်ဖြစ်နေကြ တယ် လို့ဆိုပါတယ်။
RFA Burmese
No comments:
Post a Comment