Tuesday, November 11, 2008

၉-၁၁-၂၀၀၈ ရက်နေ့ မြန်မာ့အလင်းသတင်းစဉ်မှ ဖော်ပြချက်

ရေနံသဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍လုပ်ကွက် AD-7 အတွင်း လိုအပ်သည့် စမ်းသပ်တိုင်းတာမှု (servey) လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးဖြစ် မူလသတ်မှတ်ထား သည့် လုပ်ငန်းအစီအစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်။

မြန်မာ့သီးသန့်စီးပွားရေးဇုန်အတွင်းရှိ ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများ အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် လုပ်ကွက်များလစ်လပ်မှုများကို နိုင်ငံတကာသို့ ကြေညာခဲ့ပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင် ရခိုင်ကမ်းလွန်လုပ်ကွက် A-1 ကို အဆိုပြုချက် ယှဉ်ပြိုင်အောင်မြင်ခဲ့သည့် ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်သည် ရှာဖွေတူးဖော်ရေး (Exploration) လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယင်းလုပ်ကွက်အတွင်းမှ နိုင်ငံတကာအဆင့်မီ စီးပွားဖြစ်သဘာဝဓာတ်ငွေ့များ တွေ့ရှိမှုကို ၂၀၀၄ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဆောင်ရွက်သွားမည်

ဒေ၀ူးအင်တာနေရှင်နယ်ကော်ပိုရေးရှင်းသည် ရခိုင်ကမ်းလွန်လုပ်ကွက်များဖြစ်သည့် လုပ်ကွက် A-3 ကို ၂၀၀၄ ခုနှစ်တွင်လည်းကောင်း၊ လုပ်ကွက် AD-7 ကို ၂၀၀၅ ခုနှစ်တွင်လည်းကောင်း အဆိုပြုချက်များ၊ ထပ်မံယှဉ်ပြိုင်အောင်မြင်ခဲ့ပြီး လုပ်ကွက်များအတွင်း သဘာဝဓာတ်ငွေ့ခိုအောင်းမှု အခြေအနေများသိရှိနိုင်ရန် ဆိုက်စမစ်(Scismic) တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ကွက် AD-7 အတွင်း မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၉ မိနစ် ၇ ဒသမ ၈၈ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၄ မိနစ် ၂၃ စက္ကန့်နေရာ၌ ပုလဲအနောက် ၁(က)ရှာဖွေရေးတွင်း (Exploration Well)ကို ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေမှ နိုဝင်ဘာလ ၅ ရက်အတွင်း ရည်မှန်းချက် အနက်ပေအထိ တူးဖော်ခဲ့ပြီး လိုအပ်သည့် စမ်းသပ် တိုင်းတာမှု(Servery)လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအရ လက်ရှိတွင်းနေရာမှ ရေနံတွင်းတူးစက်ကို ထပ်မံစမ်းသပ်တူးဖော်မည့် လုပ်ကွက် A-3 အတွင်း မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၂ မိနစ် ၅၇ ဒသမ ၉၉ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၅၀ မိနစ် ၄၆ ဒသမ ၇၇ စက္ကန့်နေရာရှိရာရှာဖွေရေးတွင်း သန္တာ(၁)သို့ ရွှေ့ပြောင်းတူးဖော်နိုင်ရေးအတွက် တွင်းတူးစက် ရုပ်သိမ်းခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ၆ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၈ ရက်တွင်ပြီးစီးသဖြင့် စတင်ပြောင်းရွှေ့လျက်ရှိကြောင်းနှင့် မူလသတ်မှတ်ထားသည့် လုပ်ငန်းအစီအစဉ်များ အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

No comments: