Thursday, November 13, 2008

" ရဲရွာရေအားလျှပ်စစ်စီမံကိန်း"

နေပြည်တော် နိုဝင်ဘာ ၁၃

မြန်မာနိုင်ငံ၌ တည်ဆောက်ပြီး၊တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများအနက် အကြီးမား ဆုံးဖြစ်သောရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်အကွာရဲ-ယမန်းကျေးရွာအနီး ဒုဌ၀တီမြစ်(ခေါ်)မြစ်ငယ်မြစ်ပေါ်၌ တည်ရှိသည်။ အဆိုပါစီမံကိန်းကြီး တည်ဆောက် ပြီးစီးသွားပါက ရေလှောင်တမံမှရေကို ရေယူအဆောက်အအုံ (Power Intake ) ရှိအချင်း ၂၂ ပေ၊ အလျား ၄၉၂ ပေရှိသည့်ဖိအားမြှင့်သံမဏိပိုက်လုံးလေးလုံးမှတစ်ဆင့် စက်တစ်လုံးလျှင် စက်တပ်ဆင် အင်အား ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်အင်အားရှိသည့် ဖရန်စစ်တာဘိုင် အမျိုးအစားဓာတ်အားပေးစက် လေးလုံးသို့ ပို့လွှတ်ကာ စုစုပေါင်းစက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၉၀ မှ လျှပ်စစ်ဓာတ်အားနှစ်စဉ် ပျမ်းမျှ ကီလိုဝပ်နာရီသန်းပေါင်း ၃၅၅၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

အဆိုပါလျှပ်စစ်ဓာတ်အားများကို ကေဗွီ ၂၃၀ ရှိသည့် လယ်ဝေး၊ မိတ္ထိလာ၊ သာစည် တိုးချဲ့ ဓာတ်အားခွဲရုံမှတစ်ဆင့် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ကာ ပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။

ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ကွန်ကရစ်တမံ (Roller Compacted Concrete Dam ) အမျိုးအစားဖြင့် တည်ဆောက်ထားသည်။ရဲရွာရေအား လျှပ်စစ်စီမံကိန်း၏ တမံထုထည်သည် ကမ္ဘာပေါ်၌တတိယ အကြီးဆုံးဖြစ်ပြီး တမံအမြင့်သည် ကမ္ဘာပေါ်၌ ပဉ္စမအကြီးမားဆုံး ဖြစ်ကြောင်း သိရှိရပါသည်။

No comments: