စောနေစိုးမြ နိုင်ငံတော်အစိုးရနှင့် သွားရောက်တွေ့ဆုံနေကြောင်း အင်တာနက်သတင်းများတွင် တွေ့နေရသည်။ KNU ဗဟိုကလည်း အရေးယူမည်ဟု ပြောဆိုနေသည်။ ထိုသတင်းများ ဟုတ်၊ မဟုတ်တော့ မသိ၊ သတင်းအမှန်ဖြစ်ပါက KNU မှာ စဉ်းစားစရာအများကြီး ဖြစ်လာနေပါပြီ။
ပထမအချက်က..... အဖွဲ့ဝင်များကွဲပြီး ထွက်သွားတော့မှာလား ?........ ထိုသို့ထွက်သွားလျှင် KNU အနေဖြင့် လွန်စွာသိက္ခာကျတော့မည်။
ဒုတိယအချက်အနေဖြင့်.... KNU ဒီအတိုင်းပဲနေတော့မှာလား ?........ ငြိမ်းချမ်းရေးယူသင့်၊ မယူသင့် စဉ်းစားဘို့အချိန်ရောက်နေပါပြီ။ သို့သော် ဒါကမိမိတို့အလုပ်မဟုတ်၊ KNU အလုပ်သာဖြစ်သည်။ တစ်စတစ်စနှင့် ပြိုကွဲမခံဘဲ အားလုံးငြိမ်းချမ်းရေးလုပ်မည်ဆိုပါက KNU အဖွဲ့အစည်းအတွက် လွန်စွာကောင်းမည်ဟု သုံးသပ်မိပါသည်။ သိက္ခာလည်း ရှိပါမည်။ အစိုးရ၏ သဘောကမည်သို့ဆိုသည်ကို မပြောတတ်။
နေစိုးမြ အမှန်တစ်ကယ် သွားရောက်ဆွေးနွေးနေခြင်း မှန်ပါက သူ၏ အသက်အန္တရာယ်စိုးရိမ်စရာဖြစ်လာပါမည်။ ယခင်ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့သူများအားလုံးသည် KNU ရန်သူပင်ဖြစ်ကြောင်း အောက်ပါအချက်များကဖော်ပြနေပါသည် -
၁။ ငြိမ်းချမ်းရေးဆောင်ရွက်ထားသည့် အဖွဲ့အားလုံးကို KNU က အဆက်မပြတ် နှောင့်ယှက်တိုက်ခိုက်နေသည်။
၂။ ဦးစောသမူဟဲ၏ မိသားစုများကို ၀င်ရောက်တိုက်ခိုက်လုပ်ကြံသည်။
၃။ အလင်းဝင်ပြီး သာသနာ့ဘောင်အတွင်း အေးချမ်းစွာနေထိုင်နေသော KNU တပ်ဖွဲ့ဝင်ဟောင်း စောတာမွှေး ကို သတ်ဖြတ်လိုက်သည်။
၎။ KNU တပ်မဟာ ( ၆ )၊ ရင်း ( ၁၈ ) မှ ရင်းမှူး ကြည်လင်း ငြိမ်းချမ်းရေးယူတော့မည့် အစီအစဉ်ကိုသိသည်နှင့် မန်းရှာ၏ အစီအစဉ်ဖြင့် သတ်ပစ်လိုက်သည်။
ထို့အတွက် ယခုသတင်းအမှန်ဖြစ်ပါက နေစိုးမြအတွက် အသက်အန္တရာယ်ရှိသည်။ နေစိုးမြ တစ်စုံတစ်ရာ ဖြစ်ခဲ့သည်ဆိုလျှင် KNU အဖွဲ့အစည်း အပေါ်တာဝန်ကျလာနိုင်သည်။ ထိုသို့လည်း မဖြစ်စေလိုပါ။ နေစိုးမြ နေပြည်တော်သို့ ရောက်ရှိခဲ့သည့် သတင်းတော့ စိတ်ဝင်စားစရာ အမှန်ပင်ဖြစ်ပါသည်ခင်ဗျာ။
အထက်ပါသတင်းအားရေးသားပေးပို့လာသော ဦးစောပလာဆေး အား ကျေးဇူးတင်ပါကြောင်း
2 comments:
စစ်မှန်တဲ့ ငြိမ်းချမ်းရေးလား..
နအဖ သွေးခွဲ သပ်လျိုခြင်းလား ခွဲခြားသိဖို့တော့ လိုမယ်ထင်ပါတယ်..
အရင် ငြိမ်းချမ်းရေး ယူသွားသူတွေ ဘယ်လိုနေရလဲကိုလဲ စုံစမ်းသိသင့်ပါသေးတယ်။
နအဖကို ဘယ်လိုမြင်လဲ ဆိုတာက အဓိကအချက်ပါ။
fuck out of your services
Post a Comment