၁။ ထိုင်းနိုင်ငံ၊ အမှတ်(၃)စစ်တိုင်းလက်အောက်ရှိ ထောက်လှမ်းရေးတပ်ဖွဲ့တစ်ဖွဲ့သည် တိုယိုတာ ပစ်ကတ်ယာဉ်(၂) စီးဖြင့် KNU မိအေးပူစခန်းသို့ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာနောက်ဆုံးပတ် အတွင်းက ရောက်ရှိလာပြီး KNU နှင့် ABSDF အေကေ-၄၇ (၁၆) လက်နှင့် ကျည်ဆံ ၄၈၀၀ တောင့်၊ အမ်-၁၆ (၃၂) လက်နှင့် ကျည်ဆံ ၉၆၀၀ တောင့်၊ စက်လတ် ၂ လက်နှင့် ကျည်ဆံသေတ္တာ ၆ လုံး၊ RPG-5 ၄ လက်၊ RPG-7 ၂ လက်နှင့် ဗုံးသီး ၃၀၀ လုံး၊ မိုင်း ၄ လုံး တို့ကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
၂။ KNU ထိပ်ပိုင်းခေါင်းဆောင်များနှင့် စစ်အစိုးရကိုဆန့်ကျင်နေသော ဆန့်ကျင်ဘက်အဖွဲ့အစည်း များသည် ထိုင်းနိုင်ငံနယ်စပ်မြို့များတွင် အခြေပြုပြီး နယ်စပ်ရှိ KNU စခန်းများ၊ ပျောက်ကြား တပ်ဖွဲ့များကို အမိန့်ပေးလျက်ရှိပါသည်။ ထိုင်းတပ်ဖွဲ့နှင့် KNU တပ်များ ယခုကဲ့သို့ ပြောင်ပြောင် တင်းတင်း အဆက်သွယ် ပြုလုပ်လာခြင်းသည် အာဘီစစ် ၀န်ကြီးချုပ်ဖြစ်လာပြီးချိန်နှင့် တိုက်ဆိုင်နေ ကြောင်း နိုင်ငံရေး အကဲခတ်သမား များက ဝေဖန်လျက်ရှိပြီး နယ်စပ်ရှိ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များကလည်း ထိုင်းတပ်ဖွဲ့များ၏ အားပေးအားမြှောက် ပြုလုပ်နေမှုကို မြန်မာအစိုးရမှ လက်တုန့်ပြန်မည်ကို စိုးရိမ်မကင်းဖြစ်လျက်ရှိကြောင်း သိရှိရသည်။

1 comment:
ကိုငယ်ခင်ဗျား
ဒီသတင်းဖတ်ရတဲ့အတွက် အမေ့အိမ်ရဲ့ ရပ်တည်မှုကို သဘောမပေါက်ဘဲ ဖြစ်သွားပါသည်။
ုkabarmakyay@gmail.com
Post a Comment