Monday, February 02, 2009

အိမ်နီးချင်းနိုင်ငံများ၏ ငွေဈေးနှုန်းကျဆင်းမှု၊ ပြည်တွင်း ငွေမာဈေးပြောင်းလဲမှုကြောင့် ဒီဇယ်ဆီအပါအ၀င် ကုန်စည်အချို့တင်သွင်းဈေး အခိုက်အတန့်ကျဆင်း


အိမ်နီးချင်းကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်နိုင်ငံများ၏ ငွေကြေးတန်ဖိုးကျဆင်းခြင်း ကြောင့် အဆိုပါနိုင်ငံများမှ ပြည်တွင်းစားသုံးသူများအတွက် တင်သွင်းနေသည့် ကုန်စည်ဈေးများမှာ ကျဆင်းလျက်ရှိကြောင်းသိရသည်။ ထိုင်းနိုင်ငံမှ အဓိကအားဖြင့် ဟင်းသီးဟင်းရွက်ဆီ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ တရုတ်နိုင်ငံမှလည်း ဓာတ်မြေသြဇာ၊ လူ သုံးကုန်နှင့်စားသောက်ကုန်ပစ္စည်းများ တင်သွင်းလျက်ရှိရာ၌ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်ငွေတန်ဖိုးများကျဆင်းမှု ကြောင့် အဆိုပါ ကုန်စည်များ၏ တင်သွင်းဈေးနှုန်းမှာ အနည်းငယ် ကျဆင်းလာကြောင်းသိရသည်။

ပြည်တွင်း၌လည်း ရက်ပိုင်းအ တွင်းမြန်မာကျပ်ငွေတန်ဖိုးမြင့်တက် ပြီး ငွေမာတန်ဖိုးများကျဆင်းသည့် အတွက် ပြည်ပပို့ကုန်လုပ်ငန်းရှင် များအနေဖြင့်အခိုက်အတန့်အားဖြင့် ကုန်စည်များ၏ ဈေးနှုန်းတွက်ချက် ရာတွင် ခက်ခဲသည့်အနေအထားရှိ ကြောင်းလုပ်ငန်းရှင်များက ဆိုသည်။

''မြန်မာကျပ်ငွေတန်ဖိုး မြင့် လာပြီး ဒေါ်လာတန်ဖိုးကျတာနိုင်ငံ အတွက်တော့ကောင်းတယ်လို့ပြောလို့ရတယ်။ ပို့ကုန်သွင်းကုန်လုပ်ငန်း အတွက်ကတော့ အရင်ငွေတန်ဖိုး အမြင့်နဲ့တွက်ထားတာတွေက အခု တော့ နည်းနည်းတွက်ချက်ရတာ ခက်သွားတာတော့ရှိတာပေါ့။ အရင် တုန်းက အမြင့်ဈေးနဲ့တွက်ချက်ပြီး တင်ပို့ဖို့စုဆောင်းထားတဲ့ ကုန်စည် ကတော့ထိတာပေါ့ဗျာ။ ဒါကလည်း အခိုက်အတန့်ပဲ ဖြစ်မယ်လို့ ထင်ပါ တယ်''ဟု ပြည်ပပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ရှင်းပြခဲ့သည်။

ငွေမာဈေးကျဆင်းမှုကြောင့် FEC ဖြင့်ရောင်းချသည့် ဒီဇယ်ဆီ၊ ဓာတ်ဆီများ ၀ယ်ယူသုံးစွဲရာတွင် ယခင်ကထက် သက်သာလျက်ရှိပြီး ပြင်ပဒီဇယ်ဆီဈေးနှုန်းများမှာလည်း တစ်ဂါလန်လျင်ကျပ် ၂၅၀၀ ၀န်းကျင် ဖြင့်ပင် ရောင်းချလျက်ရှိ ကြောင်း သိရသည်။

ငွေမာဈေးအပြောင်းအလဲကြောင့် အချို့ကုန်စည်ဈေး များ၏ တင် သွင်းရသည့်မူလဈေးများကျဆင်းခဲ့ရ သည်။ သို့သော်လက်လီဈေး ကွက် တွင်ဈေးလျော့ချခြင်းမရှိ၍ စားသုံး သူများအတွက် မည်သို့မျအကြောင်း ထူးခြင်းမရှိကြောင်း၊ လောင်စာဆီ ဈေး ကျဆင်းသော် လည်းအဝေးပြေး ကားခများမှအစ သယ်ယူစရိတ်များ သိသိသာသာချပေးခြင်းမရှိကြောင်း စားသုံးသူများကဆိုသည်။

အမှန်တကယ်ဈေးကွက်တွင် ငွေမာဈေးပြောင်းလဲမှုကြောင့် စား သုံးသူများ သက်သာခွင့်ရရှိသလို ပြည်ပပို့ကုန်လုပ်ငန်းများတွင် ဈေး နှုန်း လျော့ကျတတ်သည့်အတွက် အခြေခံထုတ်လုပ်သူများ၏ကုန်စည် ဈေးများလည်းကျဆင်းတတ်သည့် အသွားအပြန်သက်ရောက် မှုသဘော ရှိသည်ဟုလုပ်ငန်းရှင်များကဆိုသည်။

သို့သော် ပြည်တွင်းဈေးကွက်ရှိ လက်လီ၊ လက်ကားလုပ်ငန်းရှင်များ မှာ ဈေးကျတိုင်းဈေးလျော့ပေးသည့် အလေ့အထမရှိ၍ စားသုံးသူ များသက် သာခွင့်ရမည့်အခွင့်အလမ်းမှာနည်း ပါးကြောင်း၊ ပို့ကုန်လုပ်ငန်းများဈေး မကိုက်၍ လျော့ချဝယ်ယူလာနိုင် သည့်အချက်သည် သာ ပိုမို၍ဖြစ်နိုင် ကြောင်းသုံးသပ်ကြသည်။

No comments: