ခေါင်းစဉ်ဖတ်လိုက်တာနဲ့ ဘယ်သူကဘာလဲဆိုတာ အကြမ်းဖျင်းတော့လူတိုင်းသိမယ် ထင်ပါတယ်။ ဒါပေမဲ့ ယခုတလော အနောက်မီဒီယာများမှတဆင့် လူ့အခွင့်အရေးအကြောင်းပြ နိုင်ငံရေးလုပ်စားနေတဲ့အဖွဲ့တွေက ရိုဟင်ဂျာဆိုတဲ့ ဘင်္ဂါလီတွေကို အတင်းပွဲထုတ်နေတာ နောက်ကွယ်ကအကြောင်းရင်းတွေ ရှိနိုင်ပါတယ်။ယခင် မြန်မာနိုင်ငံအနောက်ဘက်က ခိုးဝင်လေ့ရှိတဲ့ ဘင်္ဂါလီကိစ္စကို ယခုတစ်ခါမှာတော့ အရှေ့ဘက်ကိုပို့ပြီး အရှေ့ဘက်မှာ ရှိနေတ KNU တွေနဲ့ ရောသမမွှေဖို့လုပ်လာတာ သိသာလွန်းနေပါတယ်။
အမှန်စင်စစ် ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည် မြန်မာရာဇ၀င်မှာလုံးဝမရှိကြောင်း ကမ္ဘာ့သမိုင်းမှာပါမရှိကြောင်း သမိုင်းအထောက်အထား အပြည့်အစုံရှိပါတယ်။ အဖိနှိပ်ခံများအဖြစ်ပုံဖော်ပြီး တိုင်းရင်းသားမျိုးနွယ်လို့ ဘယ်လိုပဲ ဇာတ်လမ်းဆင်ပေမဲ့ မျိုးရိုးဗီဇ၊ ပုံသဏ္ဍန်အရ ဘယ်လိုမှလက်ခံလို့မရခဲ့ပါဘူး။ တဖက်နိုင်ငံက ခိုးဝင်လာသူများဟာ ဥပဒေကြောင်းအရ တရားမ၀င်ကျူးကျော်သူများသာဖြစ်ပြီး၊ ဒုက္ခသည်မဟုတ်သလို ပေးချင်တဲ့နာမည်ပေးပြီး ဒေသခံတိုင်းရင်းသားအဖြစ် နေလို့မရပါဘူး။
ဒါကြောင့် ရိုဟင်ဂျာဆိုတာ ဘယ်သူလဲ ၊ ဘာလဲ ၊ ဆိုတာ မြန်မာတိုင်းရင်းသားများအားလုံး သိနားလည်ပြီး ဖြစ်သလို မြန်မာနိုင်ငံသာမက ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား တို့ကလည်းအလုပ်အကိုင်ရရှိရေးအတွက် ရွှေ့ပြောင်းအလုပ်သမားများအဖြစ်သာ သတ်မှတ် လေ့ရှိပါတယ်။ လူမျိုးနွယ် တစ်ခုအနေနဲ့ ဘယ်သူကမှ လက်မခံနိုင်ကြပါဘူး။ ဇာတ်လမ်းထပ်ဆင်လာတာက ဘယ်သူကမှ လက်မခံတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီတွေကို ဒုက္ခသည် အကြောင်းပြပြီး လုပ်စားနေတဲ့အဖွဲ့တွေက ထိုင်းနိုင်ငံ တာ့စ်ခရိုင်ရှိ ကရင်ဒုက္ခသည်များနည်းတူ ထိုင်းနယ်မြေ ပရစွပ်သိရိခန်ခရိုင်မှာ ရိုဟင်ဂျာဒုက္ခသည် စခန်းဆောက်ပြီးနေရာပေးဘို့ စီမံနေကြောင်း သိရပါတယ်။ ဒီအစီအစဉ်ကို KNU က၀ိုင်းဝန်းကူညီ ထောက်ခံအားပေနေတယ်တဲ့လေ။
မြန်မာတိုင်းရင်းသားတွေ လက်မခံတဲ့ ခေါ်တောကုလားတွေက KNU ကလက်ခံမယ် ဆိုတဲ့သဘော ဖြစ်နေပါတယ်။ ဒါကြောင့် KNU ဟာ ဘယ်သူလဲ ၊ KNU ဘာလဲ ဆိုတာ စဉ်းစားစရာဖြစ်လို့ လာပါတယ်။

- မိမိတို့တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ဘာမှမဆိုင်တဲ့ ခေါတောကုလားတွေကို မျိုးချစ်ကရင်ဆိုတဲ့ KNU တွေသဘောကျနေပြီးလား၊
- ထိုင်းနယ်စပ်မှာ ဒုက္ခသည်အမည်ခံပြီးနေရတဲ့ KNU မိသားစုဝင်တွေအတွက် သွေးနှောခံရမှာ မစိုးရိမ်တော့ဘူးလား၊
- ထိုင်းနယ်စပ်ကတဆင့် ကရင်ပြည်နယ်အတွင်း တဖြည်းဖြည်းစိမ့်ဝင်ပြီး လူမျိုးရေးဝါးမျို ခံရမှာကို မကြောက်တော့ဘူးလား၊
တစ်ကယ်တော့ KNU ဆိုတာ ကရင်ပြည်နယ်နဲ့ ကရင်လူမျိုးတွေအတွက် ဘယ်တုန်းကမှ မကောင်းခဲ့တာ သမိုင်းမှတ်တမ်းရှိခဲ့ပါတယ်။ အကြမ်းဖက်အဖျက်သမားများပီပီကရင်လူမျိုးများ အကျိုးစီးပွားကို မကြည့်ပဲ တာမလာဘောလို မိသားစုအကျိုးစီးပွားကိုသာကြည့်တတ်တဲ့ ကရင်ခေါင်းဆောင်များကြောင့် ကရင်အဖွဲ့အစည်း တွေကြားမှာ စည်းလုံးညီညွှတ်မှုတွေ ပြိုကွဲနေရပါတယ်။ နယ်စပ်မှာ ဒုက္ခသည်အမည်ခံပြီးနေရတဲ့ KNU များဟာလက်ရှိ နယ်မြေကိုတောင် မထိန်းထားနိုင်တော့ပဲ ရိုဟင်ဂျာဆိုတဲ့ ဘင်္ဂါလီတွေကို နယ်မြေ အချို့ပေးရတော့မဲ့ အခြေအနေဖြစ်နေပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာဆိုတဲ့ဘင်္ဂါလီလူမျိုးများနဲ့ပတ်သက်ပြီး KNU က ဘာတွေဆက်လုပ်မလဲ ရိုဟင်ဂျာကဘာလဲဆိုတာ ကရင်တိုင်းရင်းသားများက အမျိုးသားရေးစိတ်နဲ့ စောင့်ကြည့်လျက်ရှိနေကြောင်းပါ ခင်ဗျား။
စောနေမျိုး
ခေတ္တ-ဘဲဂလော့စခန်း
ရိုဟင်ဂျာကဘယ်သူလဲ၊ KNU က ဘာလဲ ၊KNU က ဘယ်သူလဲ၊ ရိုဟင်ဂျာကဘာလဲ ဆောင်းပါး ကို ပို့ပေးတဲ့ ကိုစောနေမျိုး - အရမ်းကျေးဇူးတင်တယ်ဗျာ။ ကျွန်တော်လည်း ရိုဟင်ဂျာ ကိစ္စ ကိုအရမ်းစိတ်ဝင်စားပါတယ်။ နောက်လည်း ဆောင်းပါးလေးတွေ ပို့ပေးပါအုံး။

1 comment:
ရိုဟင်ဂျာမွတ်ဆလိမ်သက်လွင်ဦးဟာဘန်ကောက်တွင်
နေထိုင်သူတဦးဖြစ်ပြီးဗမာ့ခေါင်းဆောင်တို့ ဓါတ်ပုံတို့ ကို
အလွဲသုံးစားလုပ်ကာလံကြုပ်ဘလော့တခုကိုကိုဖန်တီးလျှက်
မြန်မာပြည်လူဦးရေတ၀က်သည်ရိုဟင်ဂျာလူမျိုးများဖြစ်ကြ
သည်ဟုလံကြုတ်ဇာတ်ကွပ်များဖန်တီးနေပါသည်။ဗမာနှင့်
အခြားတိုင်းရင်းသားများအချင်းချင်းအကြားစိတ်ဝမ်းကွဲပြား
လာနိုင်ပါသည်။ထိုသို့ဗမာဘလော့အယောင်ဆောင်လံကြုတ်
ဘလော့များကိုဖန်တီးလျှက်ဝါဒဖြန့် နေမှူ့များတိုင်းရင်း
သားများအားလုံးညီညွတ်စွာဖြင့်ခုခံမကာကွယ်လျှင်ရော
ဂါပိုဆိုးလာနိုင်ပါသည်။
တဖက်တွင်လည်းဗွီအိုအေ(မြန်မာပိုင်း)နှင့်အာရ်အက်အေ
မြန်မာပိုင်းတို့သည်နယူးယောက်အခြေစိုက်ရိုဟင်ဂျာခွဲထွက်
ရေးအဖွဲတစ်ခုမှတစ်လလျှင်ဒေါ်လာတစ်သိန်းခွဲထောက်
ပံ့ငွေများရရှိနေကြကာရိုဟင်ဂျာအားမြန်မာပြည်ဖွားတိုင်း
ရင်းပုံစံဖြင့်မိုးလုံးပြည့်မုသားဝါဒသုံးကာအသံလွှင့်ပေးနေ
ကြပါသည်။
ရိုဟင်ဂျာဘာလဲဆိုသည်ကိုကားသမိုင်းပညာရှင်များက
သာအဆုံးအဖြတ်ပေးနိုင်ပါမည်။နိုင်ငံရေးသမားများတွင်
ကိုယ်ကျိုးသူများနေပါသည်။
ကျေးဇူးတင်ပါသည်။
သံရုံးဝန်ထမ်းတစ်ဦး
Post a Comment