Wednesday, September 30, 2009

၂၉-၉-၂၀၀၉ သတင်းများ

မြန်မာနှင့် အမေရိကန်ပြည်ထောင်စုက တိုက်ရိုက်ဆက်ဆံသွားမည် click
ကေအိုင်အိုနှင့် မြောက်ပိုင်းတိုင်းမှူးတို့ ထပ်မံတွေ့ဆုံ click
ရန်ကုန်တောင်ပိုင်းခရိုင် လယ်ယာမြေများ စပါးအထွက်နှုန်း ထက်ဝက်မျှကျဆင်းနိုင် click
မွန်ပြည်သစ် ကန့်သတ်နယ်မြေအတွင်း တပ်စခန်းနှင့်ဂိတ်တည်ရန် နအဖပြင်ဆင် click
မစ္စတာဂျင်မ်ဝက်ဘ် မြန်မာဝန်ကြီးချုပ်နှင့် တွေ့မည် Click
နေအိမ် ပြုပြင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းဆို Click
ရွှေစည်းခုံ ပုံစံတူစေတီ အမေရိကန်တွင် တည်မည် Click
မြန်မာ့ရုပ်သေး ဆန်ဖရန်စစ္စကိုမှာ ပြသမည် Click
“ဝ” ဒေသတွင် စစ်ရေးပြင်ဆင်မှုများ ထပ်မံတိုးမြှင့် Click
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ သဘောထား အပြောင်းအလဲ Click


ါးပိရည်၊ ဝက်အူချောင်း၊ အသားကင်၊ အသားချဉ်များ စားသုံးခြင်းဖြင့် အသည်းကင်ဆာရောဂါ ဖြစ်ပွားနိုင်
ငါးပိရည်၊ ဝက်အူချောင်း၊ အသားကင်၊ အသားချဉ်များ စားသုံးခြင်းဖြင့် အသည်းရောင်အသားဝါဖြစ်ပွားလွယ်ကာ အသည်းကင်ဆာဖြစ်ပွားနိုင်သည်ဟု ထိုင်းနိုင်ငံမှသမားတော်ကြီး နှစ်ဦးက ရန်ကုန်မြို့သို့ရောက်ရှိလာခိုက် မီဒီယာများနှင့်တွေ့ ဆုံရာတွင် ထိုသို့ပြောကြားခဲ့ကြသည်။ မြေပဲဆံ၊ ပြောင်းဖူး၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးခြောက်များ စားသုံးခြင်းနှင့် နေ့စဉ် အရက် သောက်သုံးပါကလည်း အသည်းရောဂါ၊ အသည်း ကင်ဆာ ဖြစ်ပွားလွယ်သည်ဟု ဆိုသည်။ ရောဂါ လက္ခဏာမှာ အစားအသောက် ပျက်ခြင်း၊ နွမ်းနယ် အားပြတ်ခြင်း၊ ညာဘက်နံရိုး ကိုက်ခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ အဖျားရှိခြင်း၊ မျက်စိဝါခြင်း၊ ခန္ဓာကိုယ်ဝါခြင်း၊ ခြေထောက် ရောင်ခြင်း၊ ဗိုက်တင်းခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ ရောဂါဖြစ်ပွားပါက ခွဲစိတ်ခြင်း၊ ကီမိုဆေး ကင်ဆာ အကြိတ်ထဲသို့ ထိုးသွင်းခြင်း၊ ရောဂါ သက်သာရန် ကီမိုဆေး ထိုးပေးခြင်းတို့ကို ပြုလုပ်နိုင်သည်ဟု ဆိုသည်။ ရောဂါမဖြစ်ပွားစေရန် ကင်ဆာဖြစ်စေနိုင်သည့် အစားအစာများ ရှောင်ခြင်း၊ လတ်ဆတ်သော အစားအစာ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများ စားသုံးခြင်း၊ အရက်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဘီပိုး ကာကွယ်ဆေးထိုးခြင်း၊ လေ့ကျင့်ခန်းမပြတ် ပြုလုပ်ခြင်း၊ လိင်ဆက်ဆံရာတွင် အန္တရာယ်ကင်းစွာ ဆက်ဆံခြင်း၊ တစ်နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ခြင်းတို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘီပိုး၊ စီပိုးကြောင့် အသည်းရောင်၊ အသည်းဝါ ဖြစ်ပွားနေသည့် နာတာရှည်၊ရောဂါသည်များ အနေနှင့် အနားယူရန်နှင့် လေ့ကျင့်ခန်းပုံမှန် လုပ်ရန် လိုအပ်ကြောင်း၊ အစားအသောက် ပုံမှန် စားသောက်နိုင်သော်လည်း အချိုရည်များများ မသောက်သင့်ကြောင်း၊ အရက်မသောက်သင့်ကြောင်း၊ အဆိပ်ဖြစ်စေတတ်သည့် တိုင်းရင်းဆေး တချို့သည်လည်း ကိုယ်ခံစွမ်းအား ရောဂါကို ပိုမို ဆိုးရွားလာစေကြောင်း၊ ဆရာဝန်ချိန်းဆိုသော နေ့များတွင် မပျက်မကွက် စစ်ဆေးမှု ခံယူသင့်ကြောင်းလည်း တိုက်တွန်း ပြောကြားခဲ့သည်။ နိုင်ငံတကာတွင် အသည်းကင်ဆာမှာ အများဆုံး ဖြစ်ပွားလျက်ရှိပြီး လူ(၁ဝ) ဦးလျှင် (၁)ဦးနှုန်း ဖြစ်ပွားနေကြောင်း၊ ယောက်ျားသားများ အဖြစ်များကြောင်း၊ အဆိုပါ ထိုင်းသမားတော်ကြီးမှ ပြောကြားခဲ့သည်။ အဆိုပါ ထိုင်းသမားတော်ကြီးသည် ပေါင်(ဝ်)လိုစယ်မိုရီရယ် ဆေးရုံမှ ဖြစ်သည်။ အဆိုပါ ထိုင်းသမားတော်ကြီးမှာ ရန်ကုန်ရှိ Biossom Syccess Services Co.Ltd မှ ဖိတ်ကြားချက်အရ ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။


ကွန်ပျူတာသုံးဘာသာပြန်စနစ် ဗားရှင်းအဆင့်မြှင့်
အင်္ဂလိပ်စာ ၀ါကျအသုံးများကို မြန်မာဘာသာသို့ ပြန်ဆိုပေးနိုင်သော ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် Windows Myanmar Translatorကို အီလက်ထရောနစ်အမျိုးသားအဆင့် လုပ်ငန်းအဖွဲ့အောက်ရှိ ကွန်ပျူတာသုံး မြန်မာဘာသာပြန်စနစ် အကောင်အထည်ဖော်ရေးအဖွဲ့မှ ထပ်မံဖြန့်ဝေမည်ဖြစ်ကြောင်း သိရသည်။ ဆော့ဖ်ဝဲကို အခမဲ့ပေးသွားမည်ဖြစ်ပြီး ယခင်က Beta Versionကို ပြန်လည်မွမ်းမံပြီး Version 1.0ကို ထုတ်လုပ်ဖြန့်ချိခြင်း ဖြစ်သည်။ ယခင် Beta Bersionတွင် ဘာသာပြန်စနစ်၏ အချို့သော ချို့ယွင်းချက်များကို ပြန်လည်ပြင်ဆင်ပြီး အကောင်းဆုံး အသုံးပြုနိုင်ရန် ထုတ်လုပ်ပေးလိုက်ခြင်း ဖြစ်သည်။Windows Myanmar Translator Version 1.0ကို MyanmarNLP တရားဝင်ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ၂၈ရက်မှစတင်ကာ အခမဲ့ဒေါင်းလုပ် ရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

Windows Myanmar Translator 1.0သည် Windows Versionများဖြစ်သည့် XP, Vistaတို့တွင်အသုံးပြုနိုင်ပြီး အနိမ့်ဆုံး .net 2.0ကို အထောက်အပံ့ပေးနိုင်သော Windows OSများ၌ အသုံး ပြုနိုင်မည် ဖြစ်သည်။ ကွန်ပျူတာတွင် ဖောင့်စနစ် လိုအပ်ချက်များအဖြစ် Myanmar 3, MyMyanmarကဲ့သို့သော ယူနီကုဒ်အဆင့်ရှိသည့် မြန်မာဖောင့်များကို ရွေးချယ်ပြောင်းလဲ အသုံးပြုနိုင်မည် ဖြစ်သည်။ ဆော့ဖ်ဝဲလ်၏ Databaseအတွင်းတွင် စာလုံးရေပေါင်း တစ်သိန်းနီးပါး ထည့်သွင်းပေးထားပြီး စာကြောင်းတစ်ခုကို ဘာသာပြန်ခိုင်းပါက ဘာသာပြန်ချိန် မြန်ဆန်ကြောင်းလည် သိရသည်။ ဆော့ဖ်ဝဲလ်တွင် အဘိဓါန်အဖြစ် အသုံးပြုနိုင်သော စနစ်များ၊ စာလုံးပေါင်း စစ်ပေးနိုင်သော Spelling Check စနစ်တို့ကိုလည်း ထည့်သွင်းပေးထားသည်။ ယခင်က ဘာသာပြန်ရာတွင် အစီအစဉ်မကျဖြစ်ခဲ့သည်ကိုလည်း အကောင်းဆုံးဖြစ်အောင် ပြန်လည် ပြုပြင်ပေးထားသည်ဟု ဆိုသည်။ မြန်မာစာ ဘာသာပြန်ဆိုမှုစနစ်ကို သတ်မှတ်ရာတွင် ပညာရှင်များနှင့် ဆွေးနွေးပြီး အကောင်းဆုံး၊ အဖြစ်နိုင်ဆုံး စာလုံးများကို ရွေးချယ်အသုံးပြုထားခြင်းဖြစ်ကြောင်း သိရသည်။


ညစ်ညမ်းမှု အပါအဝင် တရားမဝင် စီဒီ၊ ဒီဗီဒီချပ် ရောင်းချမှုများကို YCDC က စစ်ဆေး အရေးယူမည်

ညစ်ညမ်း အပါအဝင် တရားမဝင် စီဒီ၊ ဒီဗီဒီချပ် ရောင်းချမှုများကို YCDC ကစစ်

ဆေးအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊

မြို့တော်ဝန်ဗိုလ်မှူးချုပ် အောင်သိန်းလင်းကပြောသည်။ ရန်ကုန်မြို့တွင်းတွင်ရောင်းချ

နေသောညစ်ညမ်း၊ ခိုးကူးခွေနှင့်ဆင်ဆာမဲ့တရားမဝင်အခွေများပျံ့နှံ့နေသည်ဟုကြာ

သိရ၍ ယင်းသို့စစ်ဆေးအရေးယူမည်ဟု ၄င်းအရာရှိကပြောကြားခြင်းဖြစ်သည်။ “လူ

ငယ်တွေရဲ့ စာရိတ္တကို ပျက်ပြားစေမည့်ကိစ္စရပ်မျိုး၊ သူတစ်ပါးစီးပွားရေးကိုထိခိုက်နစ်

နာစေမယ့်ကိစ္စမျိုးကို လက်မခံဘူး” ဟုယင်းက ဆိုသည်။ YCDC အနေဖြင့် ဗီဒီယိုအ

ခြေခံအဖွဲ့၊ ရပ်ကွက်တာဝန်ရှိသူများ၊ နယ်မြေရဲတို့နှင့်ပူးပေါင်းပါဝင်ကာစစ်ဆေးအရေး

ယူမည်ဟုသိရသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေအရ လမ်း

ဘေးဈေးရောင်းသူများအနေဖြင့်သတ်မှတ်ချိန်အတွင်းသာရောင်းချရမည်ဖြစ်ပြီး ယင်း

အချိန် အတိုင်းမဟုတ်ပါကလည်း YCDC က လိုက်လံ စစ်ဆေးတွေ့ရှိလျှင် အရေးယူ

ကြောင်းသိရသည်။ “သတ်မှတ်ထားသော ညနေ ၃ နာရီနောက်ပိုင်းမှာပဲခွင့်ပြုတာဖြစ်

တယ်။ အဲဒီမတိုင်ခင်ဆိုရင်တော့ တားမြစ်ရမှာ ဖြစ်ပါတယ်” ဟု အဆိုပါအရာရှိကြီးက

ပြောသည်။ YCDCအနေဖြင့် ညစ်ညမ်းခွေများ ခိုးကူးခွေများကို ဖမ်းဆီးခဲ့ကြောင်း၊ ယ

ခုအခါ အဖွဲ့များဖြင့် စနစ်တကျစစ်ဆေး အရေးယူမည်ဖြစ်ကြောင်း ယင်းအရာရှိကြီးက

ပြောသည်။ ရန်ကုန်မြို့တွင်း လမ်းဘေး ဝဲယာများတွင် ရောင်းချနေသော စီဒီခွေအ

ရောင်းသမားများ ထောင်နှင့်ချီရှိနေကြောင်း ၂၀၀၉ခုနှစ် အောက်တိုဘာလ ၁ရက်နေ့

ထုတ် ပြည်မြန်မာသတင်းဂျာနယ်တွင်ဖော်ပြထားပါသည်။




၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြောင့် ကိုရီးယား အထည်အလိပ် လုပ်ငန်းရှင် များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပိုမို စိတ်ဝင်စား


မြန်မာနိုင်ငံတွင် ၂၀၁၀ပြည့်နှစ်၌ ကျင်းပမည့်အထွေထွေရွေးကောက်ပွဲကြောင့် မြန်မာနိုင်

ငံအတွင်းကိုရီးယားအထည်အလိပ်လုပ်ငန်းရှင်များပိုမို ရင်းနှီးမြှုပ်နှံရန်စိတ်အားထက်သန်

လျက်ရှိကြောင်း သိရသည်။ အလုပ်သမားစရိတ်သက်သာသည့်မြန်မာနိုင်ငံ၏ အနာဂတ်

အထည်အလိပ်လုပ်ငန်း ကိုပို၍ ရင်းနှီးမြှုပ်နှံရန်ရွေးချယ်ထားကြောင်း၊ ကိုရီးယားအထည်

အလိပ်လုပ်ငန်း၏ကုန်သွယ်မှုနှင့် ဈေးကွက်အဖွဲ့မှအဖွဲ့ဝင် မစ္စတာလီဆုန်ဝူးကပြော ကြား

သည်။မြန်မာနိုင်ငံရှိအလုပ်သမားလုပ်ခသည်ဗီယက်နမ်နှင့်အခြားအာဆီယံနိုင်ငံများထက်

ပို၍ သက်သာမှုကြောင့် မြန်မာနိုင်ငံကို စိတ်ဝင်စားရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြား

သည်။ ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံအတွင်း အထည်အလိပ် ထုတ်လုပ်သည့် စက်ရုံ

ပေါင်း၃၀ခန့်ရှိသည်။ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကိုမြှင့်တင်ရန်အ

တွက် ကိုရီးယားအထည်အလိပ်လုပ်ငန်း (KOFOTI) သည်မြန်မာအထည်အလိပ်ထုတ်

လုပ်မှုအဖွဲ့အစည်း (MGMA) နှင့် စက်တင်ဘာ ၁၀ ရက်နေ့ကရန်ကုန်မြို့တွင်နားလည်

မှုစာချွန်လွှာလက်မှတ်ရေးထိုး ခဲ့သည်။ ဒေဝူးအပါအဝင် ကိုရီးယားအထည်အလိပ် ကုမ္ပ

ဏီများသည်ကမ္ဘာ့အကြီုးဆုံးအထည်အလိပ်လုပ်ငန်းဖြစ်သည့် အမေရိကန်ပြည်ထောင်

စု ကိုမချဉ်းကပ်နိုင်သည့်အတွက်ယခုလောလောဆယ်၌ဂျပန်နှင့်အခြားဥရောပနိုင်ငံများ

သို့ထုတ်ကုန်များကို တင်ပို့လျက်ရှိကြောင်း ၂၀၀၉ခုနှစ် အောက်တိုဘာ ၁ရက်နေ့ထုတ်

Myanmar News Week ဂျာနယ်တွင်ဖော်ပြထားပါသည်။

Monday, September 28, 2009

မြ န် မာ့သတင်းများ (၂၈-၉-၂၀၀၉)

တရုတ်-မြန်မာ နယ်စပ် အရေး ပိုမိုရှုပ်ထွေးလာ Click
တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများအမြန်ပြန်လာရန် တရုတ်က နှိုးဆော်ထား Click
မြန်မာ စစ်အစိုးရနှင့် ဆွေးနွေးမည့် အမေရိကန် အစီအစဉ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို Click
တာချီလိတ်တွင် စိတ်ကြွဆေးပြား လေးသိန်းခန့် နှင့် တရားခံ ၈ ဦး ဖမ်းမိ Click
၅၀၀၀ ကျပ်တန်ကြောင့် စီးပွားရေးပိုမို ကြပ်တည်းမည်ဟုဆို Click
အရှင်ဆန္ဒဓိက ထောင်တွင်းဆေးရုံတွင် ဆေးကုသနေရ Click
တရုတ်လုပ် ဘတ်စ်များ နယ်စပ်လမ်းမှတဆင့် တင်သွင်း Click
အခြေခံဥပဒေနဲ့ပတ်သက်ပြီး ဆန္ဒခံယူပွဲလုပ်ဖို့ ၀န်ကြီးချုပ် အကြောက်အကန်ငြင်းဆို Click
အစိုးရအနေနနဲ့ပါလီမန်ဖျက်သိမ်းဖို့အဆင်သင့်ရှိ Click
ဒုံးကျည် ကာကွယ်ရေးစံနစ် အပြောင်းအလဲကြောင့် အိုဘားမား အစိုးရ ဝေဖန်မှုများ ကြုံနေရ Click
AIDS ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီ Click
ဖိလစ်ပိုင်နိုင်ငံတွင် လေယာဉ်မောင်း သင်တန်း တက်ရောက်နိုင်ပြီ Click

Sunday, September 27, 2009

မက်ဒေါနား၏ Celebration အယ်လ်ဘမ်သစ် ထွက်ရှိတော့မည်


မက်ဒေါနားအနေနှင့် သူမဘ၀တွင် နောက်ဆုံးအယ်လ်ဘမ် ဖြစ်လာနိုင်ဖွယ်ရှိနေသည့် Celebrationကို မကြာမီ ထုတ်ဝေတော့မည်ဖြစ်သည်။ အသက်(၅၁)နှစ်ရှိ Popအဆိုတော်သည် စက်တင်ဘာ (၂၉)ရက်နေ့တွင် ပရိသတ်များလက်ထဲ ပေးပို့နိုင်တော့မည့် အယ်လ်ဘမ်သစ်သည် သူမ၏ ဆယ်စုနှစ် (၂)ခုကျော်ကြာ ဂီတသက်တမ်းအတွင်း တတိယမြောက် အခမ်းနားဆုံး အယ်လ်ဘမ်တစ်ခု ဖြစ်လာရန် ယုံကြည်မျှော်လင့်လျက်ရှိသည်။

Warner Brothersကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော အယ်လ်ဘမ်သစ်နှင့် ပတ်သက်ပြီး မက်ဒေါနားက “Discတစ်ချပ်ထဲ၊ ဒါမှမဟုတ်လည်း Disc နှစ်ချပ်ခွဲထားတဲ့ ပုံစံမျိုးနဲ့ ဖြန့်သွားမှာပါ။ ကျွန်မရဲ့ ဂီတသက်တမ်းမှာ နောက်ဆုံးထွက်တဲ့ အယ်လ်ဘမ်လည်း ဖြစ်လာနိုင်ပါတယ်”ဟု ပြောကြားသွားသည်။

မက်ဒေါနားသည် Celebrationကို ထုတ်ဝေပြီးနောက် သူမ၏ အနုပညာ လုပ်ငန်းများမှ အနားယူရန် စဉ်းစားနေမိကြောင်းလည်း ထုတ်ဖော်ပြောဆိုထားသေးသည်။ Celebrationသည် မက်ဒေါနား၏ သမိုင်းတလျှောက် ပရိသတ်အနှစ်သက်ဆုံး၊ အောင်မြင်မှု အရှိဆုံး သီချင်းများအား ပြန်လည်စုစည်း ဖော်ပြထားပြီး Open Your Heart၊ Express Yourself၊ Ray of Light၊ Frozen၊ Beautiful Starnagerနှင့် Hung Upစသည့် သီချင်းကောင်းများ ပြန်လည်ပါဝင်မည်ဖြစ်သည်။

ထို့အပြင် သူမ၏ အအောင်မြင်ဆုံး သီချင်းများဖြစ်သည့် Lucky Star၊ Material Girl၊ Like A Prayerနှင့် Secretစသော သီချင်းများ ပြန်လည်ပါဝင်လာသလို ဂျက်ဆတင် တင်းဘားလိတ်ခ်နှင့် အတူသီဆိုထားသည့် 4 Minutesကိုလည်း ထည့်သွင်းထားသည်။ Die Another Dayနှင့် Take A Bowတို့ကဲ့သို့ လူသိများ ထင်ရှားထားသော သီချင်းများကိုလည်း မက်ဒေါနားက ပြန်လည်ရွေးချယ်ထားသည်။ Celebrationသည် သူမ၏ အနုပညာ သက်တမ်းတလျှောက် အကောင်းဆုံး မှတ်တိုင်တစ်ခု ဖြစ်လာမည်ဟု ယုံကြည်မျှော်လင့်မိကြောင်းလည်း မက်ဒေါနားက ၀န်ခံပြောဆိုသွားသည်။

မလေးရှား ဖျော်ဖြေပွဲတွင် အဝတ်အစား ထိန်းသိမ်း ဝတ်ဆင်မည်ဟု ဘီယွန်းဆေးလ် ပြောကြား


မလေးရှား နိုင်ငံသို့ သွားရောက် ဖျော်ဖြေ ချိန်တွင် ဘီယွန်းဆေးလ် ၏ ၀တ်စား ဆင်ယင်မှုကို သတိပြု ထိန်းသိမ်း သွားမည်ဟု ဖျော်ဖြေပွဲ ကျင်းပရေး ကန်ထရိုက် တာဝန်ခံ များက ကတိပြုခဲ့ပြီ ဖြစ်သည်။

မွတ်ဆလင် ဘာသာဝင် နိုင်ငံဖြစ်သည့် မလေးရှားတွင် ဖျော်ဖြေ တင်ဆက်သူ အမျိုးသမီး များ၏ ပခုံးနှင့် ဒူးခေါင်း အထက်ပိုင်းကို ဖော်ပြသော ၀တ်စား ဆင်ယင်မှု မျိုးကို ခွင့်မပြုချေ။

ဘီယွန်းဆေးလ် သည် သူမ၏ ကမ္ဘာလှည့် ဖျော်ဖြေမှု အစီအစဉ်၏ အပိုင်းတခု အဖြစ် ကွာလာလမ်ပူ တွင် အောက်တိုဘာလ အတွင်း သွားရောက် ဖျော်ဖြေမည် ဖြစ်သည်။ Marctensia ဖျော်ဖြေရေး လုပ်ငန်းသည် ဘီယွန်း ဆေးလ် ၏ ၀တ်စား ဆင်ယင်မှုကြောင့် မွတ်ဆလင် အဖွဲ့အစည်း များက အမြင်မကြည် ဖြစ်လာမည်ကို မလိုလား ကြောင်း ကြိုတင် ပြောကြားထားပြီး ဖြစ်သည်။

ဘီယွန်းဆေး၏ ဖျော်ဖြေပွဲကို ခွင့်မပြုရန် မွတ်ဆလင် ဘာသာရေး အဖွဲ့များက တောင်းဆိုရန် ပြင်ဆင်နေစဉ် ဖျော်ဖြေရေး တာဝန်ခံ များက ယခုလို ကတိပေး လာခြင်းဖြစ်သည်။ ဘီယွန်းဆေးသည် မလေးရှားတွင် လူကြိုက် အများဆုံး အဆိုတော် အဖြစ် ရပ်တည် နေသူလည်း ဖြစ်သည်။

ဘီယွန်းဆေး မတိုင်မီက ဂွင်းစတက်ဖနေး၊ အေဗရာလစ်ဗင်း နှင့် ဘလက်အိုင်း ပီးစ် အဖွဲ့ကဲ့သို့သော နာမည်ကျော် ဂီတ ကြယ်ပွင့်များ ကွာလာလမ်ပူ တွင် ဖျော်ဖြေခဲ့သေးပြီး ထိုစဉ်ကလည်း ဘာသာရေး အဖွဲ့များက ကန့်ကွက်ရန် ကြိုးစားခဲ့ကြ သေးကြောင်း သတင်း ရရှိသည်။

၂၀၁၂ လန်ဒန် အိုလံပစ်ကို အထူးဧည့်သည်တော် အဖြစ် မင်းသားကြီးအားနိုး ဖိတ်ကြားခံရ


Termantor မင်းသားကြီး အာနိုး ရှဝါဇနက်ဂါး အား (၂၀၁၂)ခုနှစ် လန်ဒန် အိုလံပစ် ပွဲတော်သို့ အထူး ဧည့်သည် တော် အဖြစ် တက်ရောက်ရန် ၎င်း၏ မိတ်ဆွေဟောင်း ဖြစ်သည့် လန်ဒန်မှ တာဝန်ရှိသူ တဦးက ဖိတ်ကြား လိုက်သည်။

နယူးဟမ် မှ မြို့တော်ဝန် ဆာရော်ဘင်ဝေး သည် အာနိုး နှင့် ကာယအလှ အားကစား အတွက် လေ့ကျင့်ဖက်များ ဖြစ်ပြီး (၁၉၆၀) ပြည့်လွန် နှစ်များက အာနိုး တယောက် လန်ဒန်တွင် နေထိုင်ခဲ့စဉ်က အတွဲညီခဲ့သည့် မိတ်ဟောင်းများ ဖြစ်ကြသည်။

၎င်းသည် အာနိုးထံ သီးသန့် ဖိတ်ကြားစာတစောင် ရေးသားပြီး (၂၀၁၂) ခုနှစ်တွင် လန်ဒန်သို့ အထူးတလည် အလည်အပတ် လာရောက်ပါရန် တောင်းဆိုလိုက်သည်။

နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း သူငယ်ချင်း သံယောဇဉ်ကြောင့် အာနိုး မှာ လန်ဒန်သို့ ပြန်လာမည်ဟု မိမိ ယုံကြည်ကြောင်း ရော်ဘင်ဝေး က ဆိုသည်။

အာနိုးသည် လောလောဆယ်တွင် ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန် ထမ်းဆောင်နေပြီး ၎င်း၏ နိုင်ငံရေးတွင်ရော၊ အနုပညာ နယ်ပယ်တွင်ပါ ကျော်ကြားလှသည့် ပုံရိပ်က လန်ဒန် အိုလံပစ်အတွက် အကျိုး ဖြစ်ထွန်းစေမည်ဟု မိမိ ယူဆကြောင်း ရော်ဘင်ဝေး က ပြောကြား သွားခဲ့သည်။

MyanmarING နည်းပညာစာတမ်းဖတ်ပွဲ ကျင်းပမည်


Asia-Pacific Networking Group (APNG) နှင့် Myanmar Egress တို့ပူးပေါင်းတည်ထောင်ထားသော Myanmar Internet & Networking Group (Myanmar ING) ၏ Second Camp စာတမ်းဖတ်ပွဲကို လာမည့်ဒီဇင်ဘာလ အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စာတမ်းရှင်များကိုဖိတ်ခေါ်ထားကြောင်းသိရသည်။

အဆိုပါစာတမ်းပြိုင်ပွဲကို ဒီဇင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် မနက် ၉း၀၀ နာရီမှ ညနေ ၅း၃၀ နာရီအထိ UMFCCI ၌ကျင်းပမည်ဖြစ်ပြီး စာတမ်းတင်သွင်းရန်အတွက် နှစ်မျက်နှာခန့်ရေးသားထားသော စာတမ်းနှင့်အတူ Presentation ပြုလုပ်ရန်လိုအပ်သည်များကို ပြင်ဆင်ထားရမည်ဖြစ်ကြောင်းသိရသည်။

တင်သွင်းမည့်စာတမ်းများအနေဖြင့် Internet Technology WG, E-Culture WG, Student စသည့် Working Groups (WG) များအနက်မှ တစ်ခုခုနှင့်ပတ်သက်မှုရှိရမည်ဖြစ်ပြီး စာတမ်းတင်သွင်းသူမည်သူ့ကိုမဆို လက်ခံစဉ်းစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စာတမ်းတင်သွင်းမည့်သူများအနေဖြင့် နိုဝင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရွေးချယ်ခံရသည့်စာတမ်းရှင်များစာရင်းကို ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

စာတမ်းတင်သွင်းရန် Application Form, Paper Format နှင့် Sample Paper များကို http://www.myanmaring.asia တွင်ရယူနိုင်ပြီး စာတမ်းပေးပို့ရာတွင် Application Form ဖြည့်ပြီး နှစ်မျက်နှာရေးသားထားသော စာ တမ်းနှင့်အတူ Presentation လုပ်ရန်လိုအပ်သည့် Powerpoint တို့ကိုပါ contact@myanmaring.asia သို့ သတ်မှတ်ထားသည့်နေ့အမီ ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။

စာတမ်းပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို http://www.myanmaring.asia တွင်ကြည့်ရှုနိုင်ပြီး အသေးစိတ်သိရှိလိုပါက contact@myanmar-ing.asia သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

MyanmarING ၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံမှမျိုးဆက်သစ်လူငယ်များအား နိုင်ငံတကာအင်တာနက်အသိုက်အ၀န်းများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေး လမ်းဖွင့်ပေးရန်နှင့် သုတေသီများ၊ စနစ်တကျကိုင်တွယ်ထိန်းသိမ်းသူများ၊ လုပ်ငန်းခွင်တွင်လုပ်ကိုင်ဆောင်ရွက်နေသူများနှင့် ကျောင်းသားများအကြားအတွေ့အကြုံနှင့် ဗဟုသုတများဖလှယ်ရာနေရာတစ်ခု ဖန်တီးပေးရန်တို့ဖြစ်ပြီး MyanmarING အနေဖြင့် မြန်မာနိုင်ငံအတွင်း အင်တာနက်နည်းပညာကို အားပေးအထောက်အကူပြုရန်နှင့် တည်ရှိနေသောနည်းပညာကွန်ရက်၊ အဖွဲ့အစည်းများအား အချင်းချင်း အပြန်အလှန်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ First Camp ကို ၂၀၀၈ ခုနှစ်အတွင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

Written By - ကိုမျိုး

မြန်မာသတင်းများ(၂၇-၉-၂၀၀၉)

- မြန်မာနိုင်ငံသားတစ်ဦး ပြန်ပေးဆွဲခံရမှု မလေးရှားတွင်စတင်စစ်ဆေး Click
- ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သဘောထား ပြောင်းလဲဖွယ်ရှိ Click
- ရွှေကုန်သည်များက ရွှေဈေး ကျပ် ၈ သိန်း ကျော်ထိ ရောက်ရှိလိမ့်မည် ဟု ခန့် မှန်း Click
- ယာယီနိုင်ငံကူးလက်မှတ် စည်းကမ်းချက်များ Click

ဖား မျိုးစိတ်သစ်များ မဲခေါင် မြစ်ဝှမ်းတွင် ဖော်ထုတ်တွေ့ရှိ


ကျားသစ် ကဲ့သို့ အစက်အပြောက်များ ပါရှိပြီး တောက်တဲ့ ကဲ့သို့ အစွယ် ပါရှိကာ ငှက်များကိုပါ ဖမ်းယူ စားသောက် တတ်သည့် ဖား မျိုးစိတ် များမှာ ပြီးခဲ့သည့် နှစ်အတွင်း မဲခေါင် မြစ်ဝှမ်းတွင်ဖော်ထုတ် တွေ့ရှိခဲ့သည့် သက်ရှိ မျိုးစိတ်သစ် (၁၆၃) ခုတွင် အပါအ၀င် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် လေ့လာ ထိန်းသိမ်းရေး အဖွဲ့ တခုက စက်တင်ဘာလ (၂၅)ရက် နေ့တွင် ကြေညာလိုက်သည်။

WWF နိုင်ငံတကာ အဖွဲ့က (၂၀၀၈) ခုနှစ် အတွင်းတွင် အာရှ အရှေ့ပိုင်းရှိ မဲခေါင်မြစ် တလျှောက် အပင်မျိုးစိတ် (၁၀၀)၊ ငါးမျိုးစိတ် (၂၈)ခု၊ တွားသွား သတ္တ၀ါ (၁၈)မျိုး၊ ကုန်းနေ ရေနေ သတ္တ၀ါ မျိုးစိတ်(၁၄)ခု၊ နို့တိုက် သတ္တ၀ါ (၂)မျိုးနှင့် ငှက်မျိုးစိတ်သစ် (၁)ခုတို့ကို ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း အတည်ပြု ခဲ့သည်။

၎င်းမျိုး စိတ်သစ်များကို (၁၉၉၇) ခုနှစ်မှ (၂၀၀၇) ခုနှစ်အတွင်း ဖော်ထုတ်နိုင်ခဲ့သည့် မျိုးစိတ်သစ် သက်ရှိ (၁၀၀၀) ကျော်တို့တွင် စာရင်းဖော်ပြ ထည့်သွင်း သွားမည်ဖြစ်သည်။ ထို့အပြင် အခြားသော သက်ရှိများကိုလည်း ဆက်လက်ရှာဖွေ အသစ်တွေ့ ရှိနိုင်မည်ဟု မျှော်လင့်ကြောင်း WWF မှ မဟာမဲခေါင်မြစ် ပရိုဂရမ်ဆိုင်ရာ ဒါရိုက်တာ စတောက်ချပ်မန်း က ဆိုသည်။

သုတေသီ များသည် WWF အတွက် ရည်စူးကာ မဲခေါင်မြစ်ဝှမ်း ဒေသကို စနစ်တကျ လေ့လာပြီးနောက် ယခု မျိုးစိတ်သစ်များကို ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ အဓိက ရည်မှန်းချက်မှာ ရာသီဥတု ပြောင်းလဲမှုနှင့် ရေကြီး ရေလျံမှုများ ဖြစ်ပေါ်နိုင်သည့် သဘာဝ ဖြစ်စဉ်များအား လေ့လာရန် ဖြစ်သော်လည်း ယခုကဲ့သို့ မှတ်တမ်း မတင်ရသေးသော သက်ရှိ မျိုးစိတ်များအား ဖော်ထုတ်နိုင်သဖြင့် ကျေနပ်မိကြောင်း ချပ်မန်းက ပြောကြားသွားသည်။

ပြည်တွင်း ဆန်အထူးပြု ကုမ္ပဏီများထံမှ ဆန်တန် ၁၂၀၀၀ WFP ဝယ်ယူမည်

မြန်မာနိုင်ငံရှိနာဂစ်မုန်တိုင်းသင့် ဒေသအပါအဝင် စားနပ်ရိက္ခာအရေးပေါ်လုပ်ကိုင်လျက်ရှိသော ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် မကြာမီက ဖွဲ့စည်းခဲ့သော ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ဆန်စပါးအထူးပြုကုမ္ပဏီများထံမှ ဆန်စပါး တန်ချိန် ၁၂၀၀၀ ခန့်ဝယ်ယူရန်စီစဉ်
လျက်ရှိကြောင်းဆန်စပါးအထူးပြုကုမ္ပဏီတစ်ခု၏အကြီးအကဲတစ်ဦးကပြောကြားသည်။

ယင်းသို့ဝယ်ယူမည့် အစီအစဉ်နှင့်ပတ်သက်၍ WFP သည် ပြီးခဲ့သည့် စက်တင်ဘာလ၂၀ ရက်နေ့ခန့်မှစတင်၍ ဆက်သွယ်အကြောင်းကြားလာခြင်းဖြစ်ပြီး ဆန်စပါး အထူးပြုကုမ္ပဏီများနှင့် ဆန်စပါး ဝယ်ယူရေးအတွက် ညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်လျက် ရှိသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

WFP သည်နာဂစ်မုန်တိုင်းသင့်ဒေသများတွင် ထောက်ပံ့ရန် ယမန်နှစ်ကလည်းပြည်တွင်းမှ ဆန်ဝယ်ယူမှု အချို့ရှိခဲ့ပြီးယခုကဲ့သို့
ဆန်စပါးအထူးပြုကုမ္ပဏီများထံမှဝယ်ယူရန်ကြိုးပမ်းခြင်းမှာပထမဆုံးဖြစ်သည်။ယခုနှစ်ဇွန်လအတွင်းမှစတင်၍ မြန်မာနိုင်ငံလယ်ယာကဏ္ဍစိုက်ပျိုးရေး နယ်ပယ်တွင်သွင်းအားစုတစ်ရပ်အနေဖြင့်ဝင်ရောက်လုပ်ကိုင်ရန် ဆန်စပါးကုမ္ပဏီများကိုပြည်တွင်းရှိစီးပွားရေဒလုပ်ငန်းရှင်ကြီးများကကျောထောက်နောက်ခံပြု၍ဆန်စပါးဖွံ့ဖြိုးရေးအထူးပြုကုမ္ပဏီ
များဖွဲ့စည်းခဲ့ကြပြီး စိုက်ပျိုးရေးနယ်ပယ်ရှိ လယ်သမားများမှတစ်ဆင့် စိုက်စရိတ်ကျပ်ငွေဘီလီယံ ချီ၍ ထောက်ပံ့ပေးလျက်ရှိ
ကြောင်း ၂၀၀၉ခုနှစ် စက်တင်ဘာလ ၂၈ရက်နေ့ထုတ်The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

မြ.န်မာသတင်းများ (၂၆-၉-၂၀၀၉)

- ထိန်းသိမ်းခံ ကိုညီညီအောင်အတွက် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ စိုးရိမ်မကင်းဖြစ် click
-
ဖောက်ခွဲရေးသမား မဟုတ်ဟု အတိုက်အခံများ ငြင်းဆို click
- သရက်ထောင်မှ ကေအဲန်ယူ အကျဉ်းသားတဦး ကျန်းမာရေးဆိုးရွား click
-
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒသစ် ရှေ့တပတ်မှာ ထုတ်ပြန်ဖွယ်ရှိ click
-
ဒေါ်အောင်ဆန်းစုကြည်မှ SANCTION နှင့်ပတ်သတ်၍ စဉ်းစားထားသည့် အချက်များ ဗိုလ်ချုပ်မှုးကြီးထံ စာပေးပို့မည် click
-
ဆေးစွဲဖြတ်သည့် ဟိုမိန်းဒေသ ပြည်သူ့စစ်ခေါင်းဆောင်ဆေးရုံရောက် click
-
ငါးထောင်ကျပ်တန် ထုတ်ဝေမည့် သတင်းထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့ အနှံလုံခြုံရေးတိုးမြှင့် click
-
မယ့်ဟောင့်ဆောင်မြို့၌ သျှမ်းရိုးရာသီတင်းကျွတ်ပွဲတော် ၁၂ ရက်တိတိဆင်နွှဲမည် click
-
အီရန်‌ န်ယူကလီးယားကိစ်စအ‌ပော်‌ အ‌မေရိကန်‌သတိ‌ပေး click
- မလေးရှား အကျဉ်းစခမ်းတွင် ထိန်းသိမ်း ခံထားရသည့် မြန်မာ အလုပ်သမား အချို့သေဆုံး click
- အီရန်နိုင်ငံနှင့်စစ်ပွဲဆင်နွှဲရန်အသင့်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးပြောကြား click




Saturday, September 26, 2009

သြစတြေးလျမှ ကြောင်သက်ပြင်း


ခေါင်းကို လေသေနတ်ဖြင့် (၁၃)ချက် အပစ်ခံရသော်လည်း မသေခဲ့သည့် ကြောင်ကလေး
ဖိုးသက်ပြင်း စမုတ်ကီ © ( Source: CCTV.com )

ဩစတြေးလျ နိုင်ငံမှ ကြောင်ကလေး တကောင်သည် ခေါင်းကို လေ သေနတ်ဖြင့် (၁၃)ချက် တိုင်တိုင် အပစ် ခံရသော်လည်း မသေခဲ့ကြောင်း သိရှိ ရသည်။

ထို့အပြင် ကြိုးစား ပမ်းစားဖြင့် အိမ်သို့ ရောက်အောင် ပြန်လာသည့် Smokey အမည်ရှိ ကြောင်ကလေးကြောင့် တိရစ္ဆာန် တကောင်အပေါ် အစာနာ မဲ့စွာ မညှာမတာ ပြုကျင့်ခဲ့သူကို ရဲက ပိုက်စိပ်တိုက် ရှာဖွေလျှက် ရှိနေပြီ ဖြစ်သည်။

Smokey သည် အသက် (၉)နှစ်ရှိပြီ ဖြစ်သည့် မီးခိုးရောင် ကြောင်ကလေး ဖြစ်ပြီး စက်တင်ဘာ (၂၂)ရက် နေ့က အိမ်သို့ ဒဏ်ရာ ဗရပွဖြင့် ထိုသို့ ပြန်ရောက် လာခဲ့ခြင်း ဖြစ်သည်။ ဗစ်တိုးရီးယား ပြည်နယ် အလယ်ပိုင်းရှိ မယ်ရီဘရော့မှ ၎င်း၏ ပိုင်ရှင်များသည် ကြောင်ထီးလေး ပျောက်နေသည်မှာ (၃)ရက် ကြာနေပြီဖြစ်သဖြင့် စိတ်ပူနေစဉ် ယခုကဲ့သို့ သနားစရာ ကြောင်ကလေးအား မမျှော်လင့်ဘဲ ပြန်တွေ့ ရခြင်းဖြစ်သည်။

ကြောင်လေးအား ဆေးဝါး ကုသပေးပြီးနောက် မျက်နှာနှင့် ခေါင်းအတွင်း စိုက်ဝင်နေသည့် လေသေနတ် ကျည်ဖူး (၁၃)ခုအား ဆရာဝန်များက ထုတ်ပေးခဲ့သည်။ ယခုအခါ Smokey ၏ အခြေအနေသည် တစထက်တစ ပြန်လည် ကောင်းမွန် လာနေကြောင်း သိရှိရသည်။

အလွန် ထွားကျိုင်းလှသည့် ခလေးငယ် အင်ဒိုနီးရှား မိခင်မွေးဖွား


အင်ဒိုနီးရှား နိုင်ငံမှ မိခင်တဦးသည် ထွားကြိုင်းလှသည့် သားငယ် တဦးအား ဖွားမြင်ခဲ့ကြောင်း ဂျာကာတာ ဂလုပ် သတင်းစာက စက်တင်ဘာ (၂၄)ရက် နေ့တွင် ဖော်ပြခဲ့သည်။

မြောက်ပိုင်း ဆူမာတြာရှိ အက်ဘဒူ မာနန် ဆေးရုံက အရပ် (၆၃) စင်တီမီတာ အရှည်ရှိပြီး အလေးချိန် (၈.၇) ကီလို ရှိသော ဧရာမ ကလေးကြီးအား အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့ကြောင်း သတင်းစာက ဖော်ပြထားသည်။

ဆေးရုံမှ အလုပ်သမား တဦးက ထိုသတင်းကို အတည်ပြုခဲ့ပြီး အာဆဟန် မြို့နေ အသက် (၄၁)နှစ် အရွယ် အန်နီ အမည်ရှိ အမျိုးသမီးက ယင်းကလေးကို မွေးဖွား ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား သွားခဲ့ကာ၊ ယင်း ဆေးရုံ ၀န်ထမ်းသည် ၎င်း၏အမည်ကို ထုတ်ဖော် ပြောဆိုရန်မူ ငြင်းဆန် သွားခဲ့သည်။

ကိုယ်အလေးချိန် အများဆုံး အဖြစ် နောက်ဆုံး မွေးဖွားခဲ့သည့် ကလေးမှာ အင်ဒိုနီးရှား နိုင်ငံမှပင် ဖြစ်ပြီး ဂျာကာတာ မြို့ရှိ ဆီးချိုဝေဒနာရှင် မိခင်မှ ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ (၂၀၀၇) ခုနှစ်က မွေးဖွားခဲ့သော ယင်း ကလေးငယ်သည် မွေးမွေးချင်း ကိုယ်အလေးချိန် (၆.၉) ကီလိုဂရမ် ရှိသည်ဟု သိရှိရသည်။

ရွေးကောက်ပွဲ နိုင်မည်ဟု တစည ယုံကြည်

စစ်အစိုးရ၏ ၂၀၁၀ ကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) က ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်ပြီး အမတ်နေရာ အများအပြား ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း တစည တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီးက ပြောဆိုသည်။

တစည ပါတီ ၂၁ နှစ်မြောက် အခမ်းအနား (ဓာတ်ပုံ - ဧရာဝတီ)

ယမန်နေ့က ရန်ကုန်မြို့တွင် ပြုလုပ် သည့် လူ ၇၀၀ ခန့်တက်ရောက်သော တစည ပါတီ၏ ၂၁ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ဤကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ တဦး က ပြောသည်။

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း တည်ထောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ၏ အမွေကို ခံယူလျက် ဖွဲ့စည်းထားသော တစည ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၃၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အမတ်နေရာ အများအပြား အနိုင်ရရှိနိုင်သော အလားအလာ ကောင်းများတွေ့ရှိ နေရပြီဟုလည်း ဦးခင်မောင်ကြီးက ဆက်လက်ပြောသည်။

တစည ပါတီ ဥက္ကဋ္ဌ ဦးထွန်းရီကလည်း မြန်မာနိုင်ငံတွင် ရှိနေသော နိုင်ငံရေး အင်အားစုများသည် ၂၀၁၀ ရွေးကောက်ပွဲ ကို ဒီမိုကရေစီ ရရှိနိုင်သော အခွင့်အရေးအဖြစ် ရှုမြင်လျက် အစိုးရနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်ရေးသည် တစည ပါတီ၏ မူဝါဒသဘောထား တရပ်ပင်ဖြစ်ကြောင်း ယင်း အခမ်းအနားတွင် ပြောသည်။

“၂၀၁၀ ပြည့်နှစ် မော်ကွန်းတင် အပြောင်းအလဲမှာ ပြည်သူတွေ အာဏာပိုင်စိုးရေးအတွက် အခြေခံဥပဒေနဲ့ အညီ အစိုးရသစ်အဖွဲ့အမြန်ဆုံးပေါ်ထွန်း လာရေးဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု ဦးထွန်းရီက ပြော ဆိုသွားသည်။

၂၀၁၀ ရွေးကောက်ပွဲကို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာကလည်း လက်ခံထားသည့်အတွက် ယခု အခြေ အနေကို လက်ခံပြီးပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ဦးခင်မောင်ကြီး က ဆက်လက်ပြောသည်။

တစည ပါတီသည် နိုင်ငံအနှံ့အပြားတွင် ပါတီဝင်များ ဖြန့်ကျက်၍ စည်းရုံးရေး လုပ်ငန်းများကိုဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ ပါတီဝင်အင်အား လေးသန်းခန့် ရှိနေသောကြောင့်၂၀၁၀ ရွေးကောက်ပွဲဝင်ရန် အဆင် သင့်ဖြစ်နေကြောင်းလည်း ၎င်းက ဆိုသည်။

လွန်ခဲ့သော ၁၉၉၀ ပြည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၄၈၅ ခုရှိရာတွင် တစည ပါတီ အနေဖြင့် မဲဆန္ဒနယ် ၁၀ ခုတွင် အနိုင်ရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ၃၉၂ နေရာတွင် နိုင် သောကြောင့် မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။

၁၉၉၀ ပြည့်နှစ်ရွေး ကောက်ပွဲတွင် ပါဝင်မဲပေးခဲ့သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတဦး က “၁၉၉၀ ရွေးကောက်ပွဲတုန်းက တစညပါတီကို မဆလ ပါတီဆိုပြီးလူတွေက မဲမပေးခဲ့ ကြဘူး။ တစညကို မဲပေးတာက စစ်အာဏာရှင်စနစ်ကို ထောက်ခံတာ၊ အာဏာရှင် စနစ်သက်ဆိုးရှည်အောင် လုပ်ဖို့ စီမံ တာပဲ လို့ ပြည်သူအများစုက မှတ်ယူခဲ့တယ်။ ယနေ့တစညပါတီလည်း ခေါင်းဆောင်ပိုင်းအရရော၊ မူဝါဒပိုင်း အရရော ဘာပြောင်းလဲမှုမှ ရှိမလာသေးဘူးလို့ မြင်ပါတယ်”ဟု ပြောသည်။

တစညပါတီသည် ၉၀ရွေးကောက်ပွဲပြီးချိန်မှစတင်ပြီး ယနေ့အထိ နှစ်ပေါင်း ၂၀ အတွင်း စစ်အစိုးရ၏ ပြည်သူ လူထုအပေါ် ကြီးမားသည့် ဖိနှိပ်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ခြင်းကို ဝေဖန်မှုမရှိ ရေငုံနှုတ်ပိတ်ခဲ့ကြောင်း၊ စစ်အစိုး ရ ၏မှားယွင်းသော စီးပွားရေး၊ နိုင်ငံရေး မူဝါဒများကိုလည်း တစုံတရာထောက်ပြပြောဆို ခဲ့ခြင်းမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

တစည ပါတီတွင်စစ်တပ်အရာရှိကြီးများဦးဆောင်ပါဝင်ပြီး ပါတီ၏ထိပ်တန်း ခေါင်းဆောင်တချို့သည် ယနေ့ စစ်အာဏာရှင်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အတူ မဆလ ပါတီတွင် ထိပ်ပိုင်းတာဝန်ရှိသူများ အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်ဟုလည်း သိရှိရသည်။

တစညပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းမှ နိုင်ငံရေးသမားကြီးတဦးဖြစ်သူ အမျိုးသားရေးဦးဝင်းနိုင်ကလည်း ၂၀၁၀ နောက်ပိုင်း ဖြစ်ပေါ် သည့် အစိုးရသစ်တွင် တပ်မတော်က အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားပြီး စစ်တပ် သြဇာခံပါတီများ ကလည်း ၀င်ရောက်အရွေးခံမည်ဖြစ်သောကြောင့် ဒီမိုကရေစီဘက်တော်သားများ ရွေးကောက်ပွဲတွင် အနိုင် ရရန်ခဲယဉ်းသည်ဟု ပြောဆိုထားသည်။

http://www.irrawaddymedia.com မှ ကူးယူဖော်ပြသည်

မြန်မာသတင်းများ (၂၅-၉-၂၀၀၉)

- ဗမာပြည်နိုင်ငံရေးရဲ့ အရေးကြီးအချိန်မှာ ပေါ်ထွက်လာတဲ့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲ click
-
တပ်မဟာ(၅)တွင် ထိုးစစ် စတင်နေပြီ click
-
KNU တပ်မဟာ ၆ ဧရိယာတွင်ပြောက်ကျားပစ်ခတ်မှုဆက်လက်ဖြစ်ပွား click
-
ကရင်နီ-မဲဟောင်ဆောင် နယ်စပ်ဂိတ်သစ် ဖွင့်လှစ် click
-
ရွေးကောက်ပွဲ နိုင်မည်ဟု တစည ယုံကြည် click
-
နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆို click
-
အစိုးရနှင့်အတိုက်အခံ နှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား click
-
အမေရိကန် ပေါ်လစီသစ် ဒေါ်အောင်ဆန်းစုကြည်ကြိုဆို click
-
နူးကလီးယား လက်‌နက်‌ တားဆီး‌ရေး ကုလ ဆုံးဖြတ်‌ click
- သရက်ထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား
ထောင်တွင်းအတွေ့အကြုံများ ပြောကြား click
-
ကျပ် (၅,ဝဝဝ) တန် ဂယက်ကြောင့် ရွှေဈေးကွက်ရပ်ဆိုင်း click
-
လေဆိပ်တွင် ဖမ်းဆီးခံရသူကို ဆေးကုပေးရန် လူ့အခွင့်အရေးအဖွဲ့ တောင်းဆို click
-
မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ကျေးရွာများ ပြန်လည်နေရာချထားရေး စတင် click
-
တရုတ်-မြန်မာနယ်စပ် ငွေလဲဈေးကွက် မြန်မာကျပ်ငွေတန်ဖိုး ဆိုးဆိုးဝါးဝါးကျဆင်း click
-
ချင်းမိုင်ရှိ မြန်မာရုံးများ ထိုင်းအာဏာပိုင်များဝင်မည်ကို စိုးရိမ်နေ click
-
မလေးရှား အကျဉ်းစခန်းရှိ မြန်မာများ ထပ်မံသေဆုံး click
-
ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် လစ်ဗျားခေါင်းဆောင် ပွဲကြမ်းခဲ့ click
-
လပေါ်တွင် ရေရှိနိုင်ဟု အိန္ဒိယ လကမ္ဘာ စူးစမ်းရေးအဖွဲ့ ပြောကြား click
- AIDS ကာကွယ် ကုသဆေး စမ်းသပ်မှု ရလဒ်ကောင်းများ ထွက်ပေါ် click


Friday, September 25, 2009

တရုတ်စီးပွားရေးသမားများ အထူးဒေသများမှနေ၍ တရုတ်နိုင်ငံဘက်သိှု့ ပြန်လည်ထွက်ခွာလျက်ရှိ

Eco

တောင်ကိုရီးယား iPhone တရားဝင် ရောင်းချခွင့်ရ


Apple ကုမ္မဏီ အနေနှင့် တောင် ကိုရီးယား နိုင်ငံအတွင်း iPhone များ တရားဝင် ရောင်းချခွင့် ရရှိသွားပြီ ဖြစ်သည်။

တောင်ကိုရီးယား ကြိုးမဲ့ ဆက်သွယ်ရေး အာဏာပိုင် များက iPhone များ ရောင်းချရန် ခွင့်ပြုမိန့်ကို အတည်ပြု ပေးလိုက်ပြီ ဖြစ်ကြောင်း စက်တင်ဘာ (၂၃)ရက် နေ့က ကြေညာခဲ့သည်။

ထို့ကြောင့် အရှေ့ အာရှနိုင်ငံ၏ မိုဘိုင်းလ်ဖုန်း ဈေးကွက်သို့ Apple မှာ နောက်ဆုံး ၀င်ရောက်ခွင့်ရသူ ဖြစ်လာခဲ့သည်။ ကိုရီးယား ဆက်သွယ်ရေး ကော်မရှင်သည် ထိပ်တန်း ကော်မရှင်နာ (၅)ဦး ပါဝင်သော အစည်းအဝေး တခု ပြုလုပ် ပြီးနောက် ယခု ကိစ္စအား လက်ခံလိုက်ခြင်း ဖြစ်ကြောင်း ကော်မရှင်မှ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် လီဆန်ဟွမ်းက သတင်းထောက် များအား ပြောကြားခဲ့သည်။

iPhone အား တောင်ကိုရီးယားတွင် ဈေးကွက် ဖြန့်ချီနိုင်ရန် Apple က ကာလ ကြာမြင့်စွာ ကြိုးပမ်းခဲ့သော်လည်း နိုင်ငံ၏ မိုဘိုင်းလ်ဖုန်း Handset လောကကို ပြည်တွင်း ကုမ္မဏီ Samsung က လက်ဝါးကြီးအုပ် လွှမ်းမိုးထား သဖြင့် မအောင်မြင်ခဲ့ပေ။ ယခု ကဲ့သို့ ခွင့်ပြုမိန့် ရရှိလာခြင်းနှင့် ပတ်သက်ပြီး Apple က တစုံတရာ ပြောဆိုခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

ကိုမျိုး

နေပြည်တော် ငလိုက်ကန်သာ အပန်းဖြေ စခန်းတွင် ဧည့်ဆွဲဆောင်မှု အနေဖြင့် ပင်လယ်တု နှင့် ကစားကွင်းများ တည်ဆောက် သွားရန် စီစဉ်


နေပြည်တော်ခရိုင် အတွင်းတွင် တည်ဆောက်ထားသည့် ငလိုက် ကန်သာ အပန်းဖြေဥယျာဉ်စခန်းတွင် အပန်းဖြေနားနေသူများ များပြား လာစေရန် ဆွဲဆောင်မှုအနေဖြင့် ပင် လယ်တုနှင့် ကလေးကစားစရာ က စားကွင်းများကို တည်ဆောက်ရန် စီ စဉ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ အပန်းဖြေစခန်းသည် ပျဉ်းမနား-တောင်ညိုကားလမ်း ဘေးတွင်တည်ရှိပြီး ငလိုက်ဆည်ကို ပြုပြင်မွမ်းမံ၍ ဒေသခံများအပန်းဖြေ နားနေနိုင်ရန်အတွက် အပန်းဖြေ စခန်းအဖြစ် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီအပန်းဖြေစခန်းကြီးမှာ အရင်ကတော့ ရေလွှာလျောတို့ ရေ ကူးကန်တို့ ငှက်ကြည့်စခန်းတို့ ရှိခဲ့ပါ တယ်။ အခုတော့ ပင်လယ်တု၊ ကလေးကစားစရာ တိုက်ဂါးကစား ကွင်းတို့ ထပ်မံတည်ဆောက် သွား မယ်။ ရေလယ်ကျွန်းမှာဆိုရင်လည်း အပန်းဖြေရင်း ငါးများရန်နေရာများ၊ ကော်ဖီဆိုင်များကိုလည်း တည် ဆောက်ထားတယ်''ဟု ငလိုက်ကန် သာအပန်းဖြေစခန်းမှ မန်နေဂျာဦး ကျော်ဆွေက ပြောပါသည်။

ငလိုက်ကန်သာ အပန်းဖြေစခန်း သို့ ပြည်တွင်းခရီးသွားများ အပြင် FAO?UNDP အစရှိသည့် INGO အဖွဲ့အစည်းများမှ နိုင်ငံခြားသား များပါ လာရောက်လေ့လာမှုများရှိ ကြောင်း သိရသည်။

''ဒေသတွင်း ခရီးသွားတွေက တော့ အပန်းဖြေနားနေရုံ သက် သက် လာကြတာပါ။နိုင်ငံခြားသား တွေကတော့ ဒီအပန်းဖြေစခန်းကြီး ရဲ့ သဘာဝ တောတောင် အနေအ ထားတွေကို နှစ်သက်လို့လာကြတဲ့ အပြင် နေ၀င်ချိန် (Sun Set) အလှ အပကို စောင့်ကြည့်ရင်းနဲ့ လာရောက် အပန်းဖြေကြတယ်။ ဒါကြောင့်လည်း ဒီအပန်းဖြေစခန်းကြီး ယခင်ထက် သာယာ လှပလာအောင် ဆောင်ရွက် သွားဖို့များလည်း ရှိပါတယ်'' ဟု ဆည်မြောင်း တည်ဆောက်ရေး(၉)မှ လက်ထောက် ဦးစီးမှူး ဦးအောင်သန်း ဦးက ရှင်းပြခဲ့သည်။

ယင်းအပန်းဖြေစခန်းတွင် တည်းခိုရန်အတွက် တည်းခိုဆောင် များကိုလည်း တည်ဆောက်ထားပြီး ထပ်မံတိုးချဲ့သွားရန် စီစဉ်နေကြောင်း သိရသည်။ စားသောက်ဆိုင်များ၊ဘိ လိယက်ခန်းများ၊ကာရာအိုကေခန်း များလည်းရှိပြီး လာရောက် လေ့လာ တဲ့ အဖွဲ့အစည်းများအတွက်လည်း လူ ၂၀၀ ဆံ့ Meeting Hall တစ်ခု ကိုလည်း တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။

မိုက္ကရိုဆော့(ဖ်) ဝင်းဒိုး OS နှင့် ဂူးဂဲလ် Dos OS အပြိုင် ဖြစ်လာ


ကွန်ပျူတာ Operating System လောကကို နှစ်ပေါင်းများစွာ လက်ဝါးကြီး အုပ်ထား နိုင်ခဲ့သော်လည်း Microsoft ၏ Windows စံနစ်များသည် ယခုအခါ Google ၏ ဖိအားပေးမှုနှင့် စတင် တွေ့ကြုံလာရပြီ ဖြစ်သည်။

IDC မှ ကောက်ခံသော သုတေသန စစ်တမ်းများက Google ၏ အခမဲ့ Dos OS များကို ကုမ္မဏီကြီးများက အသုံးပြုမှု ပိုများလာကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။


အမေရိကန် ဈေးကွက်အတွင်း ကုမ္မဏီငယ် (၂၀) ရာခိုင်နှုန်း ကျော်သည် Windows 7 ကို မ၀ယ်တော့ဘဲ အခမဲ့ Google ၏ Dos OS ဖြစ်သည့် GOOG ကိုသာ အသုံးပြုရန် ပြင်ဆင်နေကြောင်း IDC က ဆိုသည်။ ထို့အပြင် Google ၏ Dos OS ကြောင့် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက Dos စနစ်ကို သုံးစွဲသူ (၆)ရာခိုင်နှုန်း နီးပါး တိုးပွားလာကြောင်း သိရသည်။

Microsoft အနေနှင့် Google ၏ OS အပေါ် လူအများ အာရုံစိုက်မှု မြင့်တက်လာမှု အပေါ် စိုးရိမ်သင့်ကြောင်း IDC က ထောက်ပြခဲ့ပြီး ၎င်းတို့သည် Windows စံနစ်အား စွဲမြဲစွာ သုံးစွဲခဲ့သည့် ကုမ္မဏီ (၂၆၂) ခုအား စစ်တမ်း ကောက်ခံခဲ့ရာ (၂၇) ရာခိုင်နှုန်းကို အနာဂတ်တွင် Dos စံနစ်ကိုသာ သုံးစွဲသွားရန် စဉ်းစားနေကြောင်း ဖြေကြားခဲ့သည်ဟု သတင်းထုတ်ပြန် ခဲ့သည်။

သို့သော်လည်း ကုမ္မဏီ ၀န်ထမ်းများမှ ရာခိုင်နှုန်း အများစု ကမူ Windows စံနစ် နေရာတွင် GOOG ၀င်ရောက်လာမည်ကို လိုလားခြင်း မရှိကြကြောင်းလည်း IDC က သူတို့၏ ရလဒ်ကို ပြောကြား သွားခဲ့သည်။

ကိုမျိုး

မြန်မာသတင်းများ(၂၄-၉-၂၀၀၉)

- မြန်မာ့အရေး နိုင်ငံတကာက ပိုမိုတွန်းအားပေးဖို့ ဘန်ကီမွန်း တိုက်တွန်း Click
- မြန်မာအစိုးရကိုပိတ်ဆို့ထားရင်း ဆွေးနွေးမည်ဟုဖော်ပြထားခြင်း
Click
- အမေရိကန်၏ မြန်မာပြည်ဆိုင်ရာမူဝါဒ ပေါ်ထွက် Click
- မစ္စတာ ဝက်ဘ်က ဦးဥာဏ်ဝင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ဆွေးနွေး Click
- အာဏာရှင်နဲ့ ဖက်လဲတကင်းပြုလိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒ Click
- တစည က တခြားပါတီများနှင့် ပူးပေါင်းရန် ဆန္ဒရှိ Click
- ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် အဆင့်မြင့်သတင်းစာပညာသင်တန်း ပို့ချ Click
-
ရွေးကောက်ပွဲမတိုင်မီထုတ်မည်ဆိုသည့် သတင်းဂျာနယ်တစောင်ကြော်ငြာထွက်ပေါ် Click
- မီးသတ် သင်တန်းသားများကို လက်နက်ငယ် ပစ်ခတ်နည်း ပို့ချ Click
-
ကိုညီညီအောင်နှင့် AASYC မှ ယူဂျီအဖွဲ့ဝင်များကို ဖမ်းဆီးထားဟု နအဖသတင်းထုတ်ပြန် Click
- မြင်းခြံတွင် သံဃာတော်များ ဖမ်းဆီးခံရ Click
- ရွှေဝါရောင်ကာလ ရန်ကုန်မှာ လုံခြုံရေး တိုးမြှင့်ထား Click
- ငါးထောင်တန် ငွေစက္ကူများ မြန်မာနိုင်ငံတွင် ထွက်ရှိ Click
- နေရှင်နယ်လိဂ် ပြီးတော့ ပထမတန်းကလပ်အသင်းများထူတောင်မည် Click
- စံပြကျေးရွာသား ၂ ဦး မောင်တောတွင် ဓါးဖြင့် ခုတ်သတ်ခံရ Click
- မော်လမြိုင်တက္ကသိုလ်ရှိရာရပ်ကွက် အနှိပ်ခန်းနှင့်လောင်းကစားဝိုင်းများ ပြည့်နှက် Click
- အီရန် အဆင့်မြင့် ဒုံးကျည်လက်နက် အများပြည်သူအား ပြသ Click
- မလေးရှား ရဲတပ်ဖွဲ့မှ ပြန်ပေးဆွဲခံ မြန်မာတဦးအား ကယ်တင်နိုင်ခဲ့ Click
- ပါကစ္စတန်တွင် တာလီဘန် အကြမ်းဖက် ခေါင်းဆောင်တဦး ဖမ်းဆီးရမိပြန် Click
- သွက်ချာပါဒ ရောဂါရှင်များ အတွက် သိပ္ပံပညာ စမ်းသပ်ချက် အောင်မြင် Click
- အသီးအနှံများ ပိုမို ကြီးထွားစေမည့် အံ့ဖွယ်နည်းလမ်း သိပ္ပံပညာရှင်များ ပြောကြား Click
- ကာကွယ်ရေး မဟာဗျူဟာ အပြောင်းအလဲ အဖြစ် အရှေ့ဥရောပတွင် ဒုံးကျည် ကာကွယ်ရေး စနစ် တပ်ဆင်မည့် အစီအစဉ်အား အမေရိကန် ဖျက်သိမ်း Click

Thursday, September 24, 2009

ဒေါ်လာ ၆ သိန်းတန်ခွေး


တရုတ်ပြည် ရှန်စီး ပြည်နယ် စီအန်းလေဆိပ်ကို သန်းကြွယ် သူဌေးမ '၀မ်' ဆိုတဲ့ အမျိုးသမီးတစ်ဦး တိဘက်မတ်စတစ်မျိုး ခွေးတစ်ကောင် ၀ယ်ပြီး ရောက်လာတာကို ပြိုင်ကားနှစ်စီး ရှေ့ဆောင်တဲ့ မာစီးဒီး ကားနက်ကြီး ၃၀ နဲ့ လာကြိုဆိုကြ ပါတယ်တဲ့။

အဲဒီ သူဌေးမက တိဘက်လူမျိုးတွေ နေထိုင်ကြတဲ့ တရုတ်ပြည် မြောက်ပိုင်း 'ကျင်ဟိုင်း' ပြည်နယ် ကိုသွားပြီး ရှားပါးမျိုး ဖြစ်တဲ့ အဲဒီခွေးနက်ကို ခက်ခက်ခဲခဲ ရှာဖွေပြီး ယွမ်ငွေ လေးသန်း(ဒေါ်လာ ၆၀၀,၀၀၀)နဲ့ ၀ယ်ခဲ့တာပါ။

'ရွှေကို တန်ဖိုး သတ်မှတ်လို့ ရတယ်၊ ဒီ တိဘက်မတ်စတစ်ခွေးမှာ တန်ဖိုး အကန့်အသတ် မရှိဘူး'လို့ သူဌေးမက ဆိုပါတယ်။ သူလို ခွေးချစ်သူတွေက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး ရှားပါး တိဘက်ခွေးနက်ကို မာစီဒီး ကားကြီး ၃၀နဲ့ လာကြိုကြတာပါတဲ့။


ကိုမျိုး

မိုးဟေကို MCafe'&Fashion ဆိုင်ဖွင့်


တိုးတက်ဖွံ့ဖြိုး လာတဲ့ ဈေးကွက်စီးပွားရေး ခေတ်ကြီးထဲမှာ အနုပညာရှင် တွေဟာ အနုပညာ လုပ်ငန်းတွေ သာမက စီးပွားရေး လုပ်ငန်းတွေကိုလည်း ချဲ့ထွင် လုပ်ကိုင် လာကြတာ တွေ့ရပါတယ်။ အဲ့သည်အထဲမှာ သရုပ်ဆောင် မိုးဟေကို တစ်ယောက်လည်း ပါဝင် နေပြန်ပါတယ်။

မိုးဟေကိုက သူ့ရဲ့ M Cafe' & Fashion ဆိုင်သစ် ဖွင့်ပွဲကို (၁၂၊၉၊၂ဝဝ၉)ရက်၊ ညနေ(၆) နာရီ က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ်(၁၃၅)၊ သံလွင် လမ်းမှာ ပြုလုပ် ကျင်းပခဲ့ပါတယ်။ သူ့ရဲ့ M Cafe & Fashion ဆိုင်ဖွင့်ပွဲကို စာနယ်ဇင်းတွေ၊ အထူး ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ အနုပညာ မောင်နှမ တွေက တက်ရောက် လာကြပြီး ဂုဏ်ပြုချီးမြှင့် ကြသော်လည်း မိုးဟေကို ကတော့ သူ့စီးပွားရေး မဟုတ်ဘူး၊ အမေ့စီးပွားရေးလို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ အမှတ်တရ ပန်းစည်းတွေ လက်ဆောင်ပေး ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

တစ်လ (၂)သောင်းနဲ့ ကလေးထိန်း အလုပ် ရမည်ဟု ဆိုကာ ပွဲစား များက လူကုန်ကူးမှုများ ရှိနေ


ကာယကံရှင် အုပ်ထိန်းသူ မိခင်၊ ဖခင်တို့ မသိအောင် ဖြားယောင်း သွေးဆောင်ခံလိုက် ရသည့် (၁၄)နှစ် အရွယ် မိန်းကလေးငယ်၏ မိခင်မတင်တင်ဌေးက မျက်ရည်ကျ၍ တစ်မျိုး ဝမ်းနည်းကြေကွဲ၍ တစ်သွယ် မိမိသမီး ရောင်းစားခံလိုက်ရခြင်းသာ ဖြစ်နိုင်သည်ဟု ရန်ကုန်၊ တောင်ဥက္ကလာ(၁ဝ)ရပ်ကွက်တွင် သတင်းတစ်ရပ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ကာယကံရှင်မိခင် မတင်တင်ဌေးက လျှက်တစ်ပြက်မှ သိလိုသမျှကို ပြောပြခဲ့ရာတွင် ''ကျွန်မက တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ အိမ်တွေမှာ အဝတ်လျှော် မီးပူတိုက်တဲ့ အလုပ်ကို လုပ်ပါတယ်။ အရင်က တောင်ဥက္ကလာ (၁၄)ရပ်ကွက်မှာ (၁၃)နှစ်ကြာ နေခဲ့ဖူးပါတယ်။ အခုအဲ့ဒီမှာကျွန်မ မနေတော့ပေမယ့် ကျွန်မသမီးလေး ကေသီစိုး(ခ) ချယ်ရီဝင်းကိုတော့ အဲဒီရပ်ကွက်က ကျွန်မယောင်းမနဲ့ အတူ ထားပါတယ်။ အဲ့ဒီရပ်ကွက် စီမံကိန်း ကြက်မောက်လမ်းထဲမှာ မခင်နွဲ့မူရယ်၊ မခိုင်ရယ်ဆိုတာ ရှိတယ်။ သူတို့နှစ်ယောက်က ကျွန်မသမီးကို အလုပ်ပေးမယ်။ နေပြည်တော်မှာ တစ်လ ကျပ်(၂)သောင်းနဲ့ ကလေးထိန်းဆိုပြီး ခေါ်သွားတာ။ သမီးက အသက်(၁၄)နှစ်ကျော်ပဲ ရှိသေးတယ်။ အဲဒီလို ခေါ်သွားတဲ့အချိန် ကျွန်မက ကွမ်းခြံကုန်းမှာပါ။ ကွမ်းခြံကုန်းကနေ တောင်ဥက္ကလာ ပြန်ရောက်တဲ့ စက်တင်ဘာ (၇)ရက်နေ့မှ ကျွန်မရဲ့ သမီးကို မခိုင်ရဲ့မောင်တော်သူ (ထွန်းကြည်)နဲ့အတူ မြိတ်ကိုပို့လိုက်ပြီ ဆိုပြီး သိရတာပါဟု သူမက ငို၍ ဆက်ပြောပြခဲ့သည်။


ကျွန်မက မခိုင်ကို သွားတွေ့ပြီး ကျွန်မသမီးကို ပြန်ခေါ်ပေးပါ။ အခုချက်ချင်း တွေ့ချင်တယ် ပြောတော့ သူတို့က တစ်လ အချိန် စောင့်ခိုင်းတယ်။ နောက်တော့ မခိုင်က ခင်ဗျားနဲ့ ရှင်းရမလား၊ ရဲနဲ့ရှင်းရမလား မေးတယ်။ ကျွန်မကလည်း ရဲနဲ့ပဲရှင်းလို့ ပြန်ပြောခဲ့တယ်။ တောင်ဥက္ကလာ ရဲစခန်းမှာ အမှုဖွင့်ဖို့ ကျွန်မမှာ ကျွန်မမှာ သမီးရဲ့ဓာတ်ပုံ(၃)ပုံ မကူးပေးနိုင်လို့ ရဲစခန်းကို မသွားဖြစ်တော့ဘူး။ ကျွန်မ ရဲစခန်းကိုသွားတဲ့ အသံလည်းကြားရော သူတို့ ထွက်ပြေးကုန်ကြတယ်။

ကျွန်မသမီးရှိတဲ့မြိတ်က ဖုန်းနံပါတ်ကို မခိုင်က ပေးခဲ့သေးတယ်။ အဲဒီဖုန်းကိုကျွန်မ ဆက်ကြည့်တော့ (ဝ၅၉----)နဲ့ ကော့သောင်းမြို့ ဖြစ်နေတယ်။ ပန်းသစ္စာထမင်းဆိုင်လို့တော့ ပြောတာပဲ''ဟု မိခင်ဖြစ်သူ မတင်တင်ဌေးက သမီးဇောနှင့် ဘာလုပ်၍ ဘာကိုင်ရမှန်း မသိတော့ကြောင်း ပြောပြခဲ့သည်။

အဆိုပါ မတင်တင်ဌေး၏ သမီးသည် သူငယ်တန်းအထိသာ ကျောင်းတက်ဖူးကြောင်း သမီး၏ မွေးစာရင်းနှင့် သန်းခေါင်စာရင်းကို ယူသွားကြောင်း၊ ယခု လူပျောက်အနေနှင့်သာ ရဲစခန်းသို့ တိုင်ထားနိုင်ကြောင်းကို ပြောပြခဲ့သည်။

အဆိုပါ မတင်တင်ဌေး၏ သမီး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တောင်ဥက္ကလာရဲစခန်း၌ အရွယ်မရောက်သေးသည့် ကလေးငယ်ခိုးယူမှု (ပ) ၃၆၃ ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

မြန်မာသတင်းများ(၂၃-၉-၂၀၀၉)

- ဝတပ်ဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် တွေ့ဆုံမည့်အစီစဉ် နအဖဘက်က ရွှေ့ဆိုင်းထား Click
-
တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်နေ Click
- ၂ရ နှစ်ကြာအကျဉ်းချခံထားရသည့် KNU အဖွဲ့ ၀င်ဟောင်းပြန်လည် လွတ်မြောက်လာ Click
- ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် အဆင့်မြင့်သတင်းစာပညာသင်တန်း ပို့ချ Click
- ဦးဥာဏ်ဝင်း ၀ါရှင်တန်သို့ တရက်တာသွားခွင့်ရ Click
- မြန်မာ ဝန်ကြီးချုပ် ကုလ အထွေထွေ ညီလာခံ တက်ရောက်မည် Click
- စစ်အစိုးနှင့် ညှိနှိုင်းရန် ထိုင်းဝန်ကြီးချုပ်ပြောကြား Click
- မြန်မာ-အမေရိကန်ဆက်ဆံရေးပြန်ကောင်းလာမည်လော Click
- မြန်မာနိုင်ငံကို ပိတ်ဆို့မှု ထိရောက်မှုရှိမရှိ အထက်လွှတ်တော် ကြားနာမည် Click
- အင်အားကောင်း အတိုက်အခံဖြစ်ရေး ဦးရွှေအုန်း ဖိတ်ခေါ် Click
- ရခိုင်လူငယ်များဖမ်းဆီးခံရ Click
- ဘူးသီးတောင်နှင့် မောင်တောတွင် ညမထွက်ရ အမိန့်ထုတ် Click
- ရခိုင်ကျောင်းသား လူငယ် ၂၀ နီးပါး စစ်ကြောရေး စခန်းသို့ ရောက်ရှိ Click
-
ငွေညှစ်နေသောကြောင့်မွန်အလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်မလုပ်ချင်ကြ Click
- မဲဆောက်ရွှေဝါ ရောင်တော်လှန်ရေးနှစ်ပတ်လည် ချီတက်ပွဲ ထိုင်းနှင့်မြန်မာလူမျိုးများပါဝင် Click
- ကန့်သတ်ခြင်းမရှိသည့် ဆေးအရောင်းဆိုင်များကြောင့် လူငယ်ထုအတွင်း ဆေးစွဲသူ များပြားလာ Click
-
အသတ်ခံရသည့် မြန်မာများအတွက် နစ်နာကြေးရရေး မိသားစုများကို ထိုင်းလူ့အခွင့်အရေးအဖွဲ့ကူညီ Click
-
ငလျင် လှုပ်ခတ်မှုကြောင့် မကွေးတိုင်းရှိ စေတီပုထိုး အချို့ပျက်စီး Click
- ရန်ကုန်-မန္တလေး မဟာဗျူဟာ အမြန်လမ်းမကြီး မပြီးဆုံးခင် လမ်းအစိတ်အပိုင်းအချို့ စတင်ပျက်စီး Click
-
အသားကင်များ ဓါတုပစ္စည်းများ ပါဝင်မှု စစ်ဆေးပြီ Click
- သတင်းများကို Google Flast Flip မှ အလွယ်တကူဖတ်ရှုရပြီ Click
- ကင်ညာ နိုင်ငံတွင် အပူချိန် လွန်စွာမြင့်မားနေ Click
- ဆူဒန်နိုင်ငံ တိုက်ပွဲများ အတွင်း လူပေါင်းရာနှင့်ချီ သေဆုံး Click
- နွားနို့စိမ်းအချို့ ဘက်တီးရီးယား ပမာဏများနေ Click
-
ကိုရီးယားမင်းသမီး မြန်မာပြည်လာမည် Click

Tuesday, September 22, 2009

မြန်မာသတင်းများ (၂၂-၉-၂၀၀၉)

- စစ်အစိုးရနှင့် SSA-S အပစ်ရပ်မလား Click
- မြန်မာနိုင်ငံငြိမ်းချမ်းရေးဟန့်တားချက်များ ဆွေးနွေးဖလှယ် Click
- မေ့လျော့နေသော အလုပ်သမား ဝန်ကြီးဌာနကို အသက်သွင်းရန် စစ်အစိုးရ ကြိုးစား Click
- ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှစစ်တပ်အသုံးပြုခဲ့သောလေယာဉ်ကွင်းဟောင်းများကို ရှာဖွေ
  စစ်ဆေးမှုများပြုလုပ်နေ Click
- ခေါင်းဆောင်များနှင့်ထပ်မံတွေ့ခွင့်ရရန် NLD တောင်းဆို Click
- နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်မလွတ်သေးဟု ဦးဝင်းတင် ပြောကြား Click
- အန်အယ်လ်ဒီခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရပါက ပါတီမူဝါဒများ ဆွေးနွေးမည်ဟု ဦးဝင်းတင်ပြော Click
- အရှင် ဂမ္ဘီရ ငှက်ဖျား ဝေဒနာခံစားနေရဟု ထောင်တွင်းမှပေးပို့သော စာတွင်ပါရှိ Click
- ဟိုတယ်အမည်ခံဇိမ်ခန်းများတွင် နအဖစစ်အရာရှိများပါဝင်ပတ်သက်နေ Click
- ဦးသုဝေနှင့် ဦးဝင်းနိုင်ရှင်းလင်းပွဲ ဂျာနယ်များတွင် ဖော်ပြခွင့် မရ Click
- မယ်လစခန်းအတွင်း A (H1N1) တုတ်ကွေးဖြစ်သူ ၁၉ ဦး ရှိပြီ Click
- ကရင်ရွာသာ ရာနှင့်ချီပြီး ကူးစက်ရောဂါဖြစ်ပွားနေ Click
- လွတ်မြောက်လာသူများက ဆိုးဝါးသောထောင်တွင်းအခြေအနေများကို ထုတ်ဖော် Click
- ထိုင်းစားသုံးဆီများ မြန်မာဘက်သို့ပြန်လည်တင်သွင်း Click
- မြောက်ကိုရီးယား ခြိမ်းခြောက်မှုတွေ့ကြုံရနိုင်ဟု တောင်ကိုရီးယားစစ်ဦးစီးချုပ်သစ် ပြောကြာ Click
- ထိုင်းဘုရင်ဘူမိဘောအဒူယာဒက် အပြင်းဖျားပြီး ဆေးရုံတင်ထားရ Click




အမေရိကန် လူမျိုး ၈သန်းကျော် သေကြောင်း ကြံစည်ရန် စိတ်ကူးခဲ့ကြ


အမေရိကန် လူမျိုး(၈)သန်း ကျော်သည် ပြီးခဲ့သော နှစ်အတွင်းက သေကြောင်း ကြံရန် စိတ်ကူးများ ပေါက်ခဲ့ကြောင်း စစ်တမ်း တခုတွင် ဖော်ပြထားသည်။

အထူးသဖြင့် အရွယ်ရောက်ပြီး သူများ သည် လူငယ်ပိုင်းထက် ကိုယ့်ကိုကိုယ် သတ်သေချင်စိတ် ပိုများလာကြောင်း ပြည်ထောင်စု အစိုးရက ကောက်ခံ ထားသော စစ်တမ်းများက ဖော်ပြ နေသည်။

လူဦးရေ (၈.၃)သန်းသည် ယမန်နှစ် အတွင်း ကိုယ့်ကိုကိုယ် သတ်ပစ်ချင်စိတ် ပေါ်လာခဲ့ကြောင်း၊ (၂.၃)သန်းသည် သေကြောင်းကြံရန် အစီအစဉ်ပင် ရေးဆွဲခဲ့ပြီး (၁.၁)သန်း မှာမူ ကိုယ်ထိ လက်ရောက်ပင် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

(၂၀၀၈)ခုနှစ် အတွင်း ယင်းကဲ့သို့ သတ်သေလိုသူ အရေအတွက်သည် သိသိသာသာ တိုးမြင့်လာခြင်းမှာ အမေရိကန် လူမှုရေးစနစ်တွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေခြင်းကို ညွှန်ပြနေကြောင်း စိတ်ကျန်းမာရေး ဆိုင်ရာ ၀န်ဆောင်မှု အုပ်ချုပ်ရေး အဖွဲ့က အတည်ပြု ပြောဆိုခဲ့သည်။

ထို့အပြင် သတ်သေလိုသူ များသည် အသက်အရွယ် အလိုက် အရေအတွက်ပိုင်း ကွာခြားမှု မြင့်မားကြောင်း ယင်းအဖွဲ့က ဆိုသည်။ ယောက်ျား များမှာမူ မိန်းမများထက် သတ်သေလိုစိတ် မြင့်မားခဲ့ပြီး ကိုယ်ထိလက်ရောက် သတ်သေခဲ့သူ (၆၂.၃) ရာခိုင်နှုန်းသည် ဆေးဝါး ကုသမှုများ ပြုလုပ်ပြီးနောက် ချက်ချင်း အိမ်ပြန်ခွင့် ရခဲ့ကြောင်း စစ်တမ်းက ဖော်ပြနေသည် (၄၆) ရာခိုင်နှုန်းမှာမူ ဆေးရုံတွင် တညထက်မက နေခဲ့ရပြီး အမှန်တကယ် သတ်သေ ဖြစ်သွားသည့် ပမာဏမှာမူ သတ်သေရန် ကြိုးစားသည့် အတိုင်းအတာနှင့် နှိုင်းယှဉ်ပါက အတော်လေး နည်းပါးနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံ ကာကွယ်ရေး အတွက် နျူလက်နက်များ မလိုအပ်ဟု အီရန်သမ္မတ ပြောကြား


မိမိတို့ နိုင်ငံ ကာကွယ်ရေး ကဏ္ဍ အတွက် နျူကလီးယား လက်နက်များ မလိုအပ်ကြောင်း အီရန် သမ္မတ မိုဟာမက် အာမက် ဒီနီဂျက် က ပြောကြား လိုက်သည်။

၎င်းတို့ ဖော်ဆောင် နေသော နျူကလီးယား စီမံကိန်းသည် လက်နက် အတွက် မဟုတ်ဘဲ စွမ်းအင်ကဏ္ဍ အတွက်သာ ဖြစ်ကြောင်း၊ အီရန် အတွက် နျူကလီးယား လက်နက်လည်း မလိုအပ်ကြောင်း အာမက် ဒီနီဂျက်က အမေရိကန် သတင်းဌာန NBC နှင့် အင်တာဗျူးတွင် ပြောကြား သွားခဲ့သည်။

ထို့အပြင် အီရန်၏ နျူကလီးယား စီမံကိန်းကို မည်သို့မည်ပုံ ၀ိုင်းဝန်းဖိအား ပေးနေစေကာမူ လက်လျှော့ရန် ရည်ရွယ်ချက် လုံးဝ မရှိကြောင်းလည်း သမ္မတကြီးက အတည်ပြုခဲ့သည်။ NBC သတင်းဌာနနှင့် အင်တာဗျူးတွင် အာမက် ဒီနီဂျက်သည် ၎င်း၏ ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်ပြီးလည်း မည်သည့် ပြဿနာမှ မရှိပါဟု ပြောကြား သွားခဲ့သေးသည်။

သို့သော်လည်း လတ်တလောတွင် အီရန်၏မြို့တော် တဟီရန်ရှိ အထူးလုံခြုံရေး တပ်ဖွဲ့များသည် သမ္မတကြီး၏ အတိုက်အခံများက ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ် လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် အသင့်အနေအထား တပ်လှန့်မှုများ ပြုလုပ် ထားရသည်။

အာမက် ဒီနီဂျက် ကမူ ၎င်းသည် နိုင်ငံအား ကောင်းစွာ အုပ်ချုပ်နေပြီး ယူရေနီယမ် စုဆောင်း နေမှုကိုလည်း ဆိုင်းငံ့ထားမည် မဟုတ်သလို နောက်လအတွင်း ကျင်းပဖွယ်ရှိသည့် အီရန်နှင့် ကမ္ဘာ့ ထိပ်သီး (၆)နိုင်ငံ၊ အနုမြူ ဆွေးနွေးပွဲ အတွက်လည်း တစုံတရာ ဖိအားမရှိကြောင်း NBC သို့ ပြောဆို သွားခဲ့သည်။

http://www.peoplemediavoice.com/regional/iran-does-not-need-nuclear-arms.html မှ ဖော်ပြသည်

အမေရိကန်-ကျူးဘား တိုက်ရိုက် စာပို့စနစ် ပြန်လည် စတင်ရန်ညှိနှိုင်း


အမေရိကန် နှင့် ကျူးဘား နိုင်ငံတို့သည် တိုက်ရိုက် စာပို့စနစ်ကို ပြန်လည် စတင်ရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကွန်မြူနစ် နိုင်ငံတခုဖြစ်သော ကျူးဘားနှင့် အမေရိကန် တို့သည် ခါးသီးသော ဆက်ဆံရေးများ တည်ရှိနေပြီး စက်တင်ဘာလ (၁၇)ရက် နေ့က ပြုလုပ်သော ဆွေးနွေးမှုသည် နှစ်နိုင်ငံကြား ရှားရှားပါးပါး ညှိနှိုင်းမှုလည်း ဖြစ်လာခဲ့သည်။

ကျူးဘား အစိုးရက ယခုအခါ နှစ်နိုင်ငံမှ တာဝန် ရှိသူများသည် (၁၉၆၃) ခုနှစ်မှ စပြီး ဆိုင်းငံ့ထားသော စာပို့စနစ်ကို ခေတ်မီ နည်းပညာများဖြင့် တကျော့ပြန် အသက်သွင်းရန် ဆွေးနွေးနေကြောင်း အတည်ပြုခဲ့သည်။

ထို့ကြောင့် စာပို့စနစ်သည် လုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်ဆေးမှုများ မရှိတော့ဘဲ ငွေချေစနစ် သီးသန့်ဖြင့် လုပ်ကိုင် လာနိုင်ဖွယ် ရှိနေသည်။ ယခု ညှိနှိုင်းမှုများသည် ကျေနပ်စရာ ကောင်းကြောင်း မြောက်အမေရိက နိုင်ငံခြားရေးရာ ၀န်ကြီးဌာနမှ ဒါရိုက်တာ ဂျိုဆဖီနာ ဗင်ဒယ် ဖာရီယို က ဆိုသည်။

ပထမအကြိမ် ပြန်လည် တွေ့ဆုံမှုတွင်ပင် နှစ်ဦးနှစ်ဖက် အဆင်ပြေစွာ ညှိနှိုင်း နိုင်ခဲ့ကြောင်း၊ မကြာမီတွင် နှစ်နိုင်ငံကြား စာပို့စနစ် စတင် လည်ပတ် လာမည်ဟု ယုံကြည်ရကြောင်း ဖာရီယိုက ပြောကြားခဲ့သည်။

အမေရိကန်နှင့် ကျူးဘားတို့သည် အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ် လက်ထက်တွင် ဆက်ဆံရေး အတန်အသင့် တိုးတက် စပြုလာပြီး အမေရိကန်က ဖမ်းဆီးထားသည့် အကြမ်းဖက်သမား များအား ထားရှိနိုင်ရန် ကျူးဘား နိုင်ငံအတွင်း ဂွာတီနာမို အကျဉ်း စခန်းကြီးအား ကျူးဘား အစိုးရက ဖွင့်လှစ် ခွင့်ပြုခဲ့သည်။



http://www.peoplemediavoice.com/international-news/us-cuba-talk-about-restarting-direct-mail-service.html မှ ကူးယူဖော်ပြသည်။

ယေးလ် တက္ကသိုလ်ကျောင်းသူအား သတ်ဖြတ်ခဲ့သည့် တရားခံ ရုံးတင်စစ်ဆေး


အသတ်ခံရသည့် ယေးလ် တက္ကသိုလ် ကျောင်းသူအား သတ်ဖြတ် ခဲ့သည်ဟု ယူဆ ရသည့် သူမ၏ လုပ်ဖော် ကိုင်ဖက် အမျိုးသား အား ရဲတပ်ဖွဲ့က စက်တင်ဘာ (၁၇)ရက် နေ့တွင် စတင် ရုံးထုတ် စစ်ဆေး နေပြီ ဖြစ်သည်။

အသက် (၂၄)နှစ်ရှိ ရေမွန်ကလတ် အား New Heavenမြို့ အထူး ထိန်းသိမ်းရေး စခန်းတွင် ထားရှိပြီး အဲန်နာလီးအား သတ်ဖြတ်မှု အတွက် ရဲတပ်ဖွဲ့၏ သံသယ အရှိဆုံး ပုဂ္ဂိုလ်အဖြစ် ဖမ်းဆီး ခံထားရသည်။

၎င်းသည် အသက် (၂၄)နှစ်ရှိ အဲန်နာ ပျောက်ဆုံး သွားသည့်နေ့က အဲန်နာနှင့် အတူ ဓာတ်ခွဲခန်း တခုထဲတွင် အတူ အလုပ်လုပ်နေသည့် ဓာတ်ခွဲခန်း ပညာရှင်လည်း ဖြစ်သည်။ အဲန်နာ၏ ရုပ်အလောင်းကို စက်တင်ဘာ (၁၅)ရက် နေ့က ယေးလ် တက္ကသိုလ်ရှိ နံရံတခု အနောက်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကလတ် အတွက် ရဲတပ်ဖွဲ့က အာမခံကြေးကို ဒေါ်လာ(၃)သန်း အထိ သတ်မှတ်ထားပြီး DNA စစ်ဆေးမှုများ ပြုလုပ် ပြီးပါက အဲန်နာအား သတ်ဖြတ်ခဲ့သူမှာ ကလတ် ပင်ဖြစ်ကြောင်း သက်သေ ပြနိုင်မည်ဟု ယုံကြည်နေသည်။ ကလတ် သည် စစ်ဆေးမှုများ အတွင်း သွေးအေးအေး ပုံစံမျိုး ရှိနေပြီး စကားလည်း သိပ်မပြောကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ အဲန်နာသည် စက်တင်ဘာ (၁၃)ရက် နေ့တွင် လောင်းအိုင်းလန်းသို့ သွားရောက် လက်ထပ်ရန် စီစဉ်ထားသည့် သတို့သမီးလောင်း ဖြစ်သော်လည်း သူမ မျှော်လင့်တောင့်တ ခဲ့သော သတို့သမီး ၀တ်စုံကို ဆင်မြန်းခွင့် မရခဲ့ရှာ တော့ပေ။

ယေးလ် တက္ကသိုလ် ကျောင်းသူလေး အဲန်နာ သေဆုံးမှုသည် အမေရိကန် တနိုင်ငံလုံး၏ အာရုံ အစိုက်ခံရဆုံး မှုခင်းတခု ဖြစ်လာသလို သံသယရှိသူ ကလတ် မှာလည်း အခြားထောင်ကျများ၏ ရန်ပြုမည်ကို စိုးရိမ်သဖြင့် ရဲများက သီးသန့်ခွဲခြား ချုပ်နှောင် ထားရကြောင်း ကွတ်နက်တီကတ်မှ လာသော သတင်းများအရ သိရှိရသည်။

http://www.peoplemediavoice.com/international-news/raymond-clark-charged-with-annie-le-body-in-wall-murder.html မှ ကူးယူဖော်ပြသည်။

မြန်မာသတင်းများ(၂၁-၉-၂၀၀၉)

- တရုပ်ပြည်နှစ် ၆၀ ပြည့်ပွဲအပြီး ၀ အား စစ်အစိုးရထိုးစစ်ဆင်ဖွယ်ရှိ click
-
စစ်အစိုးရနှင့် အန်ဒီအေ-ကေ အတွင်းရေးမှူးဟောင်း လျှို့ဝှက်တွေ့ဆုံဆွေးနွေး click
-
ကေအန်ယူတပ်မဟာ (၆) က မြန်မာစစ်အစိုးရတပ်ကို ချုံခိုတိုက်ခိုက် click
- အသစ်ဖွဲ့စည်းလိုက်သည့် အလုပ်ကော်မတီမှ စည်းရုံးရေးဆင်း click
-
ဒေါ်အောင်ဆန်းစုကြည် သွေးပေါင်ချိန် ကျနေ click
- အထိန်းသိမ်းခံ နိုင်ငံသားကို အမေရိကန်သံရုံး တွေ့ဆုံ click
-
အကျဉ်းသားများကို ဟန်ပြ လွှတ်ပေးခြင်း ဖြစ်ကြောင်း ဝေဖန်နေကြ click
-
ဗန်းမော်ထောင်မှ နိုင်ငံရေးအကျဉ်းသား တဦး ပြန်လွတ်လာ click
- သတင်းစာများ မလိမ့်တပတ်လုပ်နေဟု သတင်းဆရာကြီးနှင့် ကျောင်းသားအဖွဲ့ ပြောဆို click
-
ပြည်တွင်းသတင်းဂျာနယ်များ မှုခင်းသတင်းဖော်ပြခွင့်မရ click
-
ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်သူများ သီချင်းအတွက် ခွင့်ပြုချက်ယူရမည် click
- ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များစုဆောင်း click
-
ထိုင်းနှင့်မြန်မာ ပူးတွဲမေတ္တာပို့လမ်းလျှောက်ပွဲ မဲဆောက်မြို့တွင် ပြုလုပ် click
-
နိုင်ငံမဲ့ဖြစ်နေသည့် လူငယ်လေး မောင်သောင်ဒီ နိုင်ငံတကာ စက္ကူလေယာဉ်ပြိုင်ပွဲတွင် တတိယဆုရရှိ click
-
အမတ် ပူးတွဲအစည်းအဝေးမှာ အခြေခံဥပဒေပြင်ဆင်မှု အဆိုပြုချက်ကို အထက်လွှတ်တော်အမတ်တွေက ပယ်ချ click
- အီတလီ စစ်ယာဉ်တန်းအား ကာဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရ click

Monday, September 21, 2009

တရုတ်နဲ့ အမေရိကန် နိုင်ငံရေးကစားကွက်ထဲက စစ်အစိုးရ

အမေရိကန်က မြန်မာနိုင်ငံဆိုင်ရာမူဝါဒပြောင်းလဲရေး ပြန်လည်သုံးသပ်နေချိန်၊ တရုတ်နိုင်ငံကလည်း မြန်မာ-တရုတ် နယ်စပ်မတည်မငြိမ်ပြန်ဖြစ်မှာ စိုးရိမ်နေတဲ့အချိန်၊ ပြည်တွင်းမှာနိုင်ငံရေးလှုပ်ရှားမှု အင်အားစုများက ရွှေဝါရောင် တော်လှန်ရေးနှစ်ပတ်လည်အတွက် အရှိန်မြှင့်လုပ်ဆောင်နေချိန်စတဲ့ ပြည်တွင်းနိုင်ငံရေးရေချိန်မြင့်မားနေချိန်မှာ စစ်အစိုးရ ကတော့ လှပတဲ့နိုင်ငံရေး ကစားကွက်တစ်ခု လုပ်ပြလိုက်ပါတယ်။

အဲဒီလုပ်ကွက်ကတော့ စစ်အစိုးရအာဏာသိမ်းနှစ်ပတ်လည် ၁၈ ရက်နေ့မှာ အကျဉ်းသား(၇၀၀၀)ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး နောက်တစ်ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အယူခံကို ပယ်မယ့်သဘော ဥပဒေကြောင်းအရ လုပ်ဆောင်ချက်တွေဖော်ပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သတင်းနဲ့အတူ ဆောင်းပါးရှင် အောင်ရှင်းက ကြားလေသွေးလည်းမဝေးတော့ပါ ခေါင်းစဉ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဘာဖြစ်လို့လုပ်ရတယ်ဆိုတာ ကိုးကန့်ဖြစ်စဉ်ကို ကိုးကားပြီးအစိုးရရဲ့ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။


ထူးခြားတာက အခြားတိုင်းရင်းသားအဖွဲ့တွေလည်း စစ်အစိုးရအလိုကျ အသွင်ပြောင်းတာကို လက်ခံနေပြီကို ဖော်ပြခဲ့တာကြောင့် နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ " ၀ " အဖွဲ့နဲ့ KIO အဖွဲ့တွေ သဘောထားကို သိချင်နေကြ ပါတယ်။

စစ်အစိုးရက သတင်းစာဆောင်းပါးမှာ ကိုးကန့်အဖွဲ့အကွဲအပြဲကို တရားဝင်ငြင်းဆိုထားပေမဲ့ လေ့လာသူများကတော့ စစ်အစိုးရထောက်ခံမှုမရဘဲ ဦးပိုင်စုံချိန်အဖွဲ့ အာဏာသိမ်းတာမလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

စစ်အစိုးရကတော့ ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးတွေ အများအပြားဖမ်းဆီးပြနေပြီး သူတို့ကိုးကန့် တိုင်းရင်းသားတွေကို ဖိနှိပ်သုတ်သင်ရတဲ့ အကြောင်းအရင်းကို ဖုံးကွယ်ဖို့ကြိုးစားနေပါတယ်။ မြန်မာကို တရုတ်နဲ့ အမေရိကန်လွန်ဆွဲတော့မလား စိတ်ဝင်စားဖို့ကောင်းပါတယ်။ အစိုးရသတင်း ထုတ်ပြန်ချက်တွေအရ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို မဖြစ်ဖြစ်အောင်လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ မှာဝင်လို့မရအောင် လုပ်မှာသေချာပါတယ်။

အမေရိကားမှ ပေးပို့လာတဲ့ အခုတလော နာမည်ကြီးနေတဲ့ သဇင်ရဲ့အတွဲပုံတွေပါ








သူငယ်ချင်းလုပ်ကျမှလား??