ညီလေး ခင်မောင်အေး .. ငါမင်းကို သတ်ချင်နေတာကြာပြီ ...
ငါကျေနပ်တယ်...
"စာရေးသူ"
သင်္ကန်းကျွန်းမြို့နယ်၊ (ဇ/မြောက်)ရပ်ကွက်၊ ဇောတိက အိမ်ရာ-၂၊တိုက်(တီ-၁၁)၊အခန်း(ဘီ-၀၀၂) နေ ဦးခင်မောင်အေးမှာ နေအိမ်တံခါးများပိတ်ထားပြီး အဆက်အသွယ်မရလို့
ဧပြီလ (၅)ရက်နေ့မှာ အိမ် နီးချင်းတွေက သင်္ကန်းကျွန်းရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။ အဲဒီနေ့ (၁၁) နာရီအချိန်လောက်မှာ မြို့နယ် ရဲစခန်းက တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးတဲ့အခါမှာ နေအိမ်တံခါးတွေက ပိတ်ထားတဲ့ အတွက်ကြောင့် ရိုက်ဖျက်ပြီး နေအိမ်အိပ်ခန်းထဲကို ၀င်ရောက်ခဲ့ရပါတယ်။ နေအိမ်အိပ်ခန်းထဲမှာတော့ ဦးခင်မောင်အေး (၄၅)နှစ်က လည်ပင်းနဲ့ ကိုယ်အနှံ့မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံး နေတာကို တွေ့ရပါတယ်။ ဧည့်ခန်းစားပွဲပေါ်က မျက်နှာသုတ် Tower အသေးပေါ် မှာတော့ ညီလေး ခင်မောင်အေး ငါမင်းကို သတ်ချင်နေတာကြာပြီ ၊ ငါကျေနပ်တယ်၊ စာရေးသူ ဆိုပြီး ဆော့ပင် အနီနဲ့ ရေးသားထားတာကို တွေ့ရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ သင်္ကန်းကျွန်းရဲစခန်း မှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားပြီး သင်္ကန်းကျွန်းရဲစခန်းနဲ့ အင်းစိန်မှုခင်းတပ်ဖွဲ့တွေက ရဲတပ်ဖွဲ့ဝင်တွေက ဆက်လက်ပြီး စစ်ဆေး လျက်ရှိတယ်လို့ သိရပါတယ်။
No comments:
Post a Comment