Monday, April 09, 2012

ထိုင်းနိုင်ငံတွင်း မူးယစ်ဆေးများပျံ့နှံ့ ထိုင်းရဲချုပ်ကြီး X-ray ဂိတ်ဆောက်ကာ စစ်ဆေးသွားမည်ဖြစ်


Thai-ruth သတင်းစာ April 02

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က ထိုင်း ရဲချုပ်ကြီး နိုင်းဖရိုဖန်ဒါးမားဖုန်၊ ဒုရဲချုပ် နိုင်းချိုင်းဝပ်ချိုတိမား၊ နယ်မြေ(၅)က ရဲချုပ် နိုင်းဆုထေဒေချရတ်ဆာ နဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်နိုင်ငံအခြေစိုက် မူးယစ် ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့(DEA) ခေါင်းဆောင် မစ္စတာ ဂျိုရေဂန်တို့က အိမ်နီးချင်းနိုင်ငံတွေက မူးယစ်ဆေး တွေကို ထိုင်းနိုင်ငံအတွင်း
သယ်ဆောင်လာတာတွေကို စစ်ဆေးဖို့အတွက် X-rays ကားတပ်ဆင်ထားတဲ့ လမ်းပန်းခရိုင်၊ မဲ့ဖရစ်မြို့နယ် ဗဟိုယိုတင်လမ်းဘေး(လမ်းပန်း-တတ်) စစ်ဆေးရေးနေရာကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ လမ်းပန်းခရိုင်၊ မဲ့ဖရစ်မြို့နယ် နဲ့ ဖဲ့ခရိုင် ၊ ဒင်ချိုင်းမြို့နယ်၊ ဟွေရိုက်ရပ်ကွက် မှာ X-rays နဲ့ မူးယစ်ဆေးတွေစစ်ဆေးတဲ့ ဂိတ်ဆောက်ဖို့ ရဲချုပ်ကြီးက ဘဏ္ဍာငွေ ဘတ်( ၂၇)သန်း ချပေး ခဲ့ပြီး အခုလို အမြဲတမ်းစစ်ဆေးရေးဂိတ်ထားရှိဖို့ ဒုရဲချုပ် နိုင်းချိုင်းဝပ်ချိုတိမား နဲ့ ရဲချုပ် နိုင်းဆုထေဒေချ ရတ်ဆာ တို့ကိုလည်း တာဝန်ပေးထားခဲ့ပါတယ်။ ဆက်လက်ပြီး ရဲချုပ်ကြီး နိုင်းဖရိုဖန် က ပြောကြားရာ မှာတော့ မူးယစ်ဆေးဝါးတွေကို X-rays နဲ့ စစ်ဆေးရှာဖွေတဲ့အခါမှာ အမြဲတမ်းဂိတ်(၂)ခုကို မြောက်ပိုင်း တိုင်းမှာရှိတဲ့ လမ်းပန်းခရိုင်နဲ့ ဖဲ့ခရိုင်တွေမှာ ထားရှိရမှာဖြစ်ပြီးတော့ အဆင့်မြင့်နည်းပညာတွေကိုလည်း သုံးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်က မူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ (DEA) က အဆင့်မြင့်တဲ့ အီလက်ထရောနစ် စက်ကိရိယာ ပစ္စည်းတွေတပ်ဆင်ခြင်းနဲ့ အကြံဥာဏ်ပေးခြင်းတွေကို ကူညီဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ မတ်လအတွင်းမှာ လမ်းပန်း ခရိုင် စစ်ဆေးရေးဂိတ်မှာ စိတ်ကြွဆေးလုံး (၂,၀၀၀,၀၀၀)၊ လမ်းဖွန်းခရိုင်မှာ (၅,၀၀၀,၀၀၀)၊ ဆိုပရမ် ဂိတ်မှာ (၂၀,၀၀၀) နဲ့ မဲ့ကျန်ဂိတ်မှာ (၂၀၀,၀၀၀) လုံး တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဖမ်းဆီးရမိမှုတွေကို ကြည့်မယ်ဆိုယုံနဲ့ မူးယစ်ဆေးဝါး X-ray စစ်ဆေးဂိတ်ကိုတော့ အမှန်တကယ်ဆောက်ပြီး အဆင့်မြင့် နည်းပညာသစ်တွေနဲ့ အကြံဥာဏ်တွေပေါင်းစပ်ကာ စစ်ဆေးသွားမှာဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

No comments: