မကွေးတိုင်းဒေသကြီးမကွေး
ခရိုင်တောင်တွင်းကြီးမြို့နယ် ကျွဲကန်အုပ်စု၊ ရွှေညောင်ပင် ကျေးရွာတွင်
အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာဒီဇင်ဘာ (၁၂)ရက်နေ့ ည (၁၀း၃၀)အချိန်ခန့်တွင်
ရွှေညောင်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းမှ ၎င်း၏ရွာတွင်
အမျိုးသမီး တစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း ဆတ်သွားရဲစခန်းသို့ဖုန်းဖြင့် သတင်းပေးပို့ချက်အရ အခင်းဖြစ်အရပ်
သို့ ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာရွှေညောင်ပင်ကျေးရွာနေ မစုစုလှိုင် (၃၀)နှစ်သည် ၎င်း ၏နေအိမ်အနောက်ဘက်မီးဖိုချောင်အ၀င်ဝလေးပတ်လည် ဆင့်တန်းတွင် အရှည် (၆)ပေ(၁)လက်မ ခန့်လုံးပတ်(၁)မတ်လုံးခန့်ရှိပီနံကြိုးနွားတံပိုးကြိုးနှင့်လည်ပင်းအားစွပ်လျက်ခြေ ထောက်မှာမြေကြီးနှင့်ထိ ဒူးကွေး လျက်
မြောက်ဘက်သို့မျက်နှာမူကာ ဦးခေါင်းမှာ ၀ဲဘက်ပုခုံးပေါ် သို့
စောင်းလျက် အနေအထား၊ သွားရည် များစီးကျလျှာထွက်လျက် ၀ဲ/
ယာလက်ချောင်းများကွေးလျက်၊ သေဆုံးနေ သည်ကို စစ်ဆေးတွေ့ရှိရပြီး ပြင်ပဒဏ်ရာတွေ့ရှိရခြင်း မရှိသဖြင့် ဓမ္မတာအတိုင်းသေ ဆုံးခြင်း ဟုတ်/ မဟုတ်စစ်ဆေး
ဆောင်ရွက်နိုင်ရန်ဆတ်သွား ရဲစခန်းမှသေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၂
အမှုရေးဖွင့်၍ အမှုစစ်ရဲ အုပ်စခန်းမှူးထွန်းထွန်းအောင်မှ
ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိ သည်။

No comments:
Post a Comment